သတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

Wednesday, May 22, 2013

တရုတ် ရင်းနှီး မြှုပ်နှံ ထားသည့် သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် မည်သည့် သတ္တု အမျိုးအစား ထွက်သည်ကို သေချာ မသိရ

Bookmark and Share [ ]


ရန်ကုန်၊ မေ၂ဝ

တရုတ်နိုင်ငံက တိုက်ရိုက် ရင်းနှီး မြှုပ်နှံထားသည့် သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် မည်သည့် သတ္တုအမျိုး အစား ထွက်သည်ကို သေချာစွာ မသိရှိ ရကြောင်း ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

”လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလို့ပြောတယ်။ အဲဒီကြေးနီ ထွက်ရင် ရွှေပါရောပြီး ထွက်တယ်၊ ပြီး ရင် သံသတ္တုရော ရာလို့ ပြောတယ်၊ သံ သတ္တုရော ရာဆိုတာ ဘာလဲ၊ ဘာသတ္တု အမျိုးအစားတွေ ပါသလဲ၊ အစိုးရ
ဘက် ကလည်း မပြောဘူး။ကုမ္ပဏီကလည်း မထုတ်ပြန်ဘူး”ဟု ၄င်းက ပြောသည်။ ဒီမိုကရေစီ မိတ်ဆွေ ပါတီ
များနှင့် တရုတ်နိုင်ငံ ယူနန်အစိုးရ အကြံပေး အဖွဲ့၏ တာဝန်ခံ၊ ယူနန်တက္ကသိုလ် အရှေ့ တောင်အာရှ လေ့ လာ
ရေးစင်တာ ညွှန်ကြားရေးမှူး Mr. Zhao Shulan ဦးဆောင်သော အဖွဲ့ တို့ Myanmar Peace Center တွင် မေ ၁၉ ရက်က တွေ့ဆုံစဉ် ဓာတ် သတ္တု တူးဖော်ရေး ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံထားသည့် တရုတ် ကုမ္ပဏီများ၏ အ
ခြေအနေကို ၄င်းက ပြောခဲ့ခြင်း ဖြစ်သည်။

”အခုလည်း ချင်းပြည်နယ် မြွေ တောင်ဖားတောင်မှာ ဓာတ်သတ္တုတူး ဖော်ဖို့ လုပ်နေတယ်၊အဲဒီမှာလည်း သံ သတ္တုရော ရာပါလာပြန်တယ်၊ ပွင့် လင်း မြင်သာမှု ရှိဖို့ လိုတယ်၊ စိန်ထွက်တာ လား၊ ရွှေထွက် တာလား၊ နီ
ကယ်ထွက် တာလား၊ဘာဖြစ်လို့ ဒီလောက်အထိ ကျွန်တော်ပြောတာလည်း ဆိုရင် ဒီ ဘာသာရပ်တွေနဲ့ပတ်
သက်ပြီး အ နောက်ဂျာမနီမှာ ၂ နှစ် ကျောင်းတက် လာတာ”ဟု ၄င်းက ပြောသည်။အဆိုပါကိစ္စရပ်များနှင့်
ပတ်သက် ၍ ဖြစ်လာနိုင်သည့် ပြဿနာများကို ရှောင်လွဲနိုင်ရန်တရုတ်အစိုးရအကြံ ပေးအဖွဲ့ကို အောက်ခြေ
တွင်ဖြစ်ပျက်နေ သောအခြေအနေများအား

သေသေချာ ချာ ရှင်းပြခဲ့ကြောင်း၊ သက်ဆိုင်ရာ အစိုးရကို ဖြေရှင်းပေးရေးတင်ပြပေးရန် တောင်းဆိုခဲ့ကြောင်း ၄င်းက ပြော သည်။

”ယူနန်အစိုးရအကြံပေးတာဝန်ခံ Mr. Zhao Shulan က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့တရုတ် ကုမ္ပ
ဏီတွေ ထဲမှာ နိုင်ငံ တကာ စံနှုန်း အလေ့အကျင့်တွေ မလိုက်နာ တဲ့ ကုမ္ပဏီတွေလည်း ရှိမှာပါ။ မြန်မာနိုင်ငံ ရဲ့
ခေတ်စနစ် အပြောင်းအလဲမှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ နဲ့ မြန် မာ နိုင်ငံအတွက်ပါ စိန်ခေါ်မှုတွေ ရှိနေပါ တယ်၊ ဒီကိစ္စတွေကိုလည်း တရုတ် အစိုးရဆီ ပြန်ပြီး အစီရင်ခံစာ တင်သွင်း ပါမယ်” ဟု ပြောသည်။

အဆိုပါတွေ့ဆုံမှုတွင် တရုတ် ကိုယ်စားလှယ်အဖွဲ့က ၄င်းတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် မြန်မာနိုင်ငံ အတွက်
ကောင်းကျိုးရှိပုံကို ဦးတည် ဆွေးနွေး ခဲ့ပြီး၊ ဒီမိုကရေစီမိတ်ဆွေပါတီ များဘက်က ပွင့်လင်းမြင်သာမှု မရှိ သော ရင်းနှီး မြှုပ်နှံမှုကြောင့် ပြည်သူ များ ထိခိုက်ခံစားရမှုတို့ကို ဦးတည် ဆွေးနွေးခဲ့ကြကာ ရွှေရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း၊ မြစ် ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ချင်း ပြည်နယ် မြွေတောင်၊ ဖားတောင် သတ္တု တူးဖော်ရေး စီမံကိန်းတို့ကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

စိုင်းနောင် -
Popular Myanmar News Journal

ဘိန်းစိုက် တောင်သူ အိမ်ထောင်စုပေါင်း သုံးသိန်း နီးပါးရှိ

Bookmark and Share [ ]


၂၀၀၇ ခုနှစ်မှ စတင်ပြီး မြန်မာ နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည် မြင့်တက်လာပြီး လက်ရှိအချိန်တွင် ဘိန်း
စိုက်တောင်သူ အိမ်ထောင်စုပေါင်း သုံးသိန်း ခန့်ရှိကြောင်း သိရသည်။

မေလ ၉ ရက်နေ့ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ခြောက်နိုင်ငံဝန်ကြီးအ
ဆင့် အစည်း အဝေး၊ သတင်းစာ ရှင်းလင်းပွဲ တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော
ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက “ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ၁၉၉၉ ခုနှစ်မှာ ဟက်တာပေါင်း ၁၀၈,၀၀၀ စိုက်ပျိုး
ခဲ့ရာမှ ၂၀၀၆ခုနှစ် ၂၁,၀၀၀ ဟက်တာထိ ၈၀ ရာခိုင်နှုန်း လျော့ချနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ သို့သော်လည်း ၂၀၀၇ ခုနှစ်မှစတင်ပြီး ပြောင်းလဲလာတဲ့ ဘိန်းစိုက်ပျိုးရခြင်းရဲ့ အခြေခံအကြောင်းတရားများကြောင့် ဘိန်း စိုက်
ပျိုးမှုဟာ ပြန်လည်မြင့်တက် လာခဲ့ပါ တယ်”ဟု ပြောသည်။

ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များရှိကြောင်း၊ အရေးကြီးဆုံး
အချက်မှာ ဘိန်းစိုက်တောင်သူများ၏ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဘိန်းစိုက်တဲ့တောင်သူတွေ ဘာ ကြောင့် ဘိန်းစိုက်ရသလဲ၊ ဘာအချက်ကို သူတို့လိုအပ်သလဲ၊ ဘိန်းစိုက်တဲ့
 တောင်သူတွေ ဘိန်းမစိုက်ဘဲနဲ့ တခြားဝင်ငွေရတဲ့ လုပ်ငန်းတွေလုပ်နိုင်မှသာ ဘိန်းစိုက်ပျိုးမှု ဟာ လျော့နည်း ပပျောက် သွားမှာကိုတွေ့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံ မှာ ဘိန်းစိုက်တဲ့ တောင်သူ ဦးရေ ဟာ UNODC ရဲ့
စစ်တမ်းကောက်ချက်အရ အိမ်ထောင်စုပေါင်း သုံးသိန်းခန့်ရှိနေပါတယ်။ ဒီဘိန်းစိုက် တောင်သူတွေဟာ ဘိန်း
မစိုက်ပျိုးလို့ရှိရင် ၎င်းင်းတို့ရဲ့ စားဝတ်နေရေးဟာ အခက်အခဲ ပြဿနာဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ၎င်းတို့ရဲ့ စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းပေးမှ ဘိန်းစိုက်ပျိုးမှုဟာ လျော့နည်း ပပျောက်မယ်ဆိုတာ အထင်အ
ရှား တွေ့ရပါလိမ့်မယ်။ ဒါကြောင့်ဘိန်းစိုက် တောင်သူတွေရဲ့ စားဝတ်နေရေး၊ ဆင်းရဲ မွဲတေမှု လျှော့ချရေးကို ဦးစားပေးဆောင် ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။

ယင်းအပြင် အလªရှင်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့်လည်း ပေါင်းစပ်ပြီး ဘိန်း စိုက်တောင်သူများကို ဘိန်းစိုက် သကဲ့သို့ ၀င်ငွေကောင်းသော လုပ်ငန်းများ ရရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ ဘိန်းစိုက်
ပျိုး မှုလျော့ကျပြီး ဘိန်းထုတ် လုပ်မှုလည်း လျော့နည်းကျဆင်းသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဘိန်းစိုက်ပျိုးမှု ပပျောက်အောင်လုပ် တဲ့နေရာမှာ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်း တွေ ဆောင်ရွက်ပေးဖို့ အရေး
ကြီးပါတယ်။ မိမိတို့နိုင်ငံနဲ့ UNODC နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေရှိသလို တရုတ်နိုင်ငံ၊ ထိုင်းနိုင်
ငံတို့နဲ့လည်း ပူးပေါင်းပြီး ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတာကြောင့် ဘိန်းအစား ထိုးဖွံ့ဖြိုးရေး လုပ်ငန်းတွေ အစားထိုး လုပ် ကိုင်နိုင်လေလေ ဘိန်းစိုက်ပျိုးမှုပပျောက် သွားမှာဖြစ်ပါတယ်”ဟု ဒုတိယဗိုလ်ချုပ် ကြီးကိုကိုက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၉ ခုနှစ်မှ၂၀၁၄ ခုနှစ်ထိ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ပထမငါးနှစ်၊ ဒုတိယငါးနှစ်၊ တတိယငါးနှစ်စီမံကိန်းဟု အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုတတိယငါးနှစ်စီမံကိန်း
မှာ စီမံကိန်းကာလနှစ်နှစ်သာကျန်ရှိတော့သော်လည်း ဘိန်း စိုက်ပျိုးမှုများ ပြန်လည်လျှော့ချရေးနှင့် အသစ်ပေါ်
ထွက်လာသည့် စိတ်ကြဆေးပြားနှင့် အခြားစိတ် ပြောင်းဆေးဝါးသစ်များ အန္တရာယ်အား လျှော့ချရေးနှင့် မူးယစ်
ဆေးဝါးလျော့ နည်းပပျောက်ရေးလုပ်ငန်း များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် စီမံကိန်းကာလကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ နောက်ထပ် ငါးနှစ်တိုးချဲ့ဆောင် ရွက်သွားရန် အစီအစဉ် များရေးဆွဲ လျက်ရှိ
ကြောင်း သိရသည်။

နေဖြိုးဝင်း - The Farmer Media

မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်း ကော်မတီ ၁၃ ခု ဖွဲ့စည်းဆောင်ရွက်သွားမည်

Bookmark and Share [ ]


ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် လုပ်ငန်းကော်မတီ ၁၃ ခုဖွဲ့စည်း ဆောင်ရွက်သွား မည်ဖြစ် ကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

“မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က လုပ်ငန်းတွေကို ဆိုင်ရာဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ၀န်ကြီးဌာန
တွေနဲ့ ဆက်စပ်ပြီးတော့ အကောင် အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအတွက် လုပ်ငန်းကော်မတီ ရှစ်ဖွဲ့
မှာ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း ကော်မတီ၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဆိုင်
ရာ လုပ်ငန်းကော်မတီ၊ ဈေးကွက်ပိုင်း ဆိုင်ရာလုပ်ငန်း ကော်မတီ၊ ရေထွက် ပစ္စည်း စားသောက်ကုန် ဘေးအန္တ
ရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ငါးဖမ်း လုပ်ငန်းများ ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ငါးပုစွန် အစာ
ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ငါးပုစွန်ပြုပြင်ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဟူ၍ ဖွဲ့စည်း
သွားမည်ဖြစ်သည်။

“မွေးမြူရေးဆိုင်ရာလုပ်ငန်း ကော် မတီရဲ့အောက်မှာလိုအပ်ရင် မျိုးစိတ် တစ်ခုချင်းအလိုက် ဆပ်ကော်မတီတွေ ထပ်ဖွဲ့မှာဖြစ်တယ်။ ဖွံ့ဖြိုးရေးနဲ့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်တယ်။

အစားအစာကို နိုင်ငံတကာစံချိန်စံညွှန်းမီအောင် ရေထွက်ပစ္စည်းတွေကို ထုတ်လုပ်နိုင်အောင် ဖွဲ့တာဖြစ်ပါတယ်။ ကုန်းတွင်း ငါးဖမ်းလုပ်ငန်းရော၊ ပင်လယ်ငါးဖမ်း လုပ်ငန်းရော နှစ်ခုလုံးအတွက် ခြုံငုံပြီးတော့ ဖွဲ့တာဖြစ်ပါတယ်။ ငါးတွေ၊ ပုစွန်တွေမွေးရင် အစာလိုအပ်ပါတယ်။ ခေတ်မီသိပ္ပံနည်းကျထုတ်လုပ်တဲ့ အစာတွေကို မွေးရတာဖြစ်
တဲ့အတွက်ကြောင့် အဲဒီကော်မတီကို ဖွဲ့စည်းပြီးတော့ မွေးမြူရေးကဏ္ဍတိုးတက်ဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်။

မွေးမြူထုတ်လုပ် ဖမ်းဆီးလိုက်တဲ့ ငါးတွေကို အရည်အသွေး ကောင်းဖို့အတွက် processing plant တွေ၊ cold store တွေကို ကမ္ဘာ့အဆင့်မီအောင် တည်ဆောက်ဖို့ အပိုင်း လုပ်ငန်းကော်မတီရှစ်ခုဖွဲ့မှာပါ”ဟု ၎င်းက ပြော
သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဖွဲ့စည်းမည့် ငါးလုပ်ငန်းဆိုင်ရာ အကြံပေး အဖွဲ့နှင့် အဆိုပါကော်မတီရှစ်ခုကို
 ပေါင်းစည်းပြီး အရှိန်အဟုန်ရလာပါက ငါးလုပ်ငန်းကဏ္ဍ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု ယုံ
ကြည် ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အသားစားနွား၊ နို့စား နွား၊ သိုး၊ ဆိတ်မွေးမြူရေး ပုဂ္ဂလိကလုပ်ငန်း ကော်မတီ၊ ၀က်မွေးမြူရေး ပုဂ္ဂလိက လုပ်ငန်းကော်မတီ၊ ကြက်၊ ဘဲမွေး
မြူရေး ပုဂ္ဂလိက လုပ်ငန်းကော်မတီ၊ အစာထုတ်လုပ်ရေး ပုဂ္ဂလိကလုပ်ငန်းကော်မတီနှင့် ပျားမွေးမြူရေးပုဂ္ဂလိက
 လုပ်ငန်းကော်မတီ ငါးခုကို မကြာခင် အချိန်အတွင်း လက်တွေ့နယ်ပယ်တွင် လုပ်ကိုင်နေသူများနှင့် ပူးပေါင်းပြီး ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောသည်။

“မွေးမြူရေးကဏ္ဍမှာ တကယ် လုပ်နေတဲ့သူတွေနဲ့ ဘယ်လိုပံ့ပိုးပေးရင်၊ ကျေးလက် တောင်သူတွေအတွက် ဘယ်လိုအကျိုးရှိအောင်လုပ်မလဲ ဆိုတာကို အသေးစိတ်ရေးဆွဲပြီး နိုင်ငံတော်ကို တင်ပြမှာ ဖြစ်တယ်”” ဟု ၎င်းက ပြောသည်။

၎င်းတို့၏ ပုဂ္ဂလိက လုပ်ငန်း ကော်မတီများ အနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့များ၊ တိုင်း ဒေသကြီး အစိုးရ အဖွဲ့များတွင် ဖွဲ့စည်းထားသော လုပ်ငန်းကဏ္ဍများအလိုက် အဖွဲ့များနှင့် လက်တွေ့ညှိနှိုင်းဆွေးနွေးပွဲများကို အလေးထားဆောင်ရွက်ပြီး လက်တွေ့အောင်မြင်မှုရအောင် ဆောင်ရွက်ရန် မွေးမြူရေးထုတ်လုပ်မှု ကုန်ကြမ်း
မှ ကုန်ချောအထိ လုပ်ငန်းစဉ်များတွင် အားနည်းချက်၊ အားသာချက်များ လေ့လာပြီး နည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်ရန်၊ မွေးမြူရေးထုတ်ကုန်များကို လက်ကားဈေးကွက်မှ နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်နိုင်
သည်အထိ ညှိနှိုင်းစီမံ ဆောင်ရွက်သွားရန်၊ အသေးစား၊ အလတ်စားလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်
သွားနိုင်ရန်၊ ဒေသအလိုက် လျှပ်စစ်မီးရရှိရေး အားပေးမြှင့်တင် ဆောင်ရွက်ရန်၊ ငွေကြေးဝန်ဆောင်မှုများကို အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် မြှင့်တင်ဆောင်ရွက်သွားရန်နှင့် လမ်းပန်းဆက်သွယ်ရေး အ
ခြေခံအဆောက်အအုံ ၀န်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ အစိုးရ၊ ပုဂ္ဂလိက နိုင်ငံတကာ ရင်းနှီးမြှုပ်
နှံသူများနှင့် အစီအမံများ ရေးဆွဲမြှင့်တင်သွားရန် အချက်ခြောက်ချက်ထားပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုးသူ - The Farmer Media

အမေရိကန် - မြန်မာ ကုန်သွယ်ရေး သဘောတူ စာချုပ် ချုပ်ဆို

Bookmark and Share [ ]


သမ္မတ ဦးသိန်းစိန် ၀ါရှင်တန်မြို့ အမေရိကန်ကုန်သည်ကြီးများအသင်းရုံးမှာ
ကျင်းပသည့်စားပွဲဝိုင်းဆွေးနွေးပွဲ တက်ရောက်နေစဉ်(မေ ၂၀ ရက် )

သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ် အတွင်းမှာ မြန်မာနဲ့ အမေရိကန် ပြည်ထောင်စု တို့အကြား နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူညီချက် (TIFA)ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အမေရိကန် ကုန်သွယ်ရေးရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီသဘောတူညီချက်ကို အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဒီမီထရီရော့စ် မာရန်တစ်နဲ့ မြန်မာစီးပွား ကူး သန်းဒုဝန်ကြီး ဦးပွင့်စန်းတို့ ၀ါရှင်တန်မှာ မနေ့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။

သဘောတူညီချက်အရ နှစ်နိုင်ငံအစိုးရတွေအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ညှိနှိုင်းဆွေးနွေး မှု
တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ လမ်းကြောင်း တခု ဖန်တီးသွားမှာ ဖြစ်တယ်လို့ ဒီသတင်း ထုတ်
ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကို အားပေးဖို့နဲ့ ဆင်းရဲ
သားတွေအပါအ၀င် မြန်မာပြည်သူတွေ အကျိုးရှိစေမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေကို ပံ့ပိုးပေးဖို့ ပါဝင်ပါတယ်။

ဒါ့ပြင် နှစ်နိုင်ငံစလုံးရဲ့ ဥပဒေတွေနဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) က ရေးဆွဲထားတဲ့ အခြေခံ
အလုပ်သမား အခွင့်အရေးကို လေးစားလိုက်နာဖို့ အသိအမှတ်ပြုတယ်လို့ သဘောတူညီချက်မှာပါဝင်ပါတယ်။

ဒီသဘောတူညီချက်အရ အလုပ်သမားအခွင့်အရေးတွေကို ကာကွယ်ပေးရေးကိစ္စအောင်မြင်အောင် အမေရိကန်
အစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။

အမေရိကန်ကိုယ်စားလှယ် မာရန်တစ်က “တိုင်းပြည် ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာတဲ့ အနာဂတ်ဖြစ်ဖို့အတွက် အခြေခံ အဖြစ် လမ်းခင်းပေးတဲ့ ပြုပြင်ပြောင်းလဲရေး တွေကို အမေရိကန်က အားပေးကြောင်းနဲ့ စီးပွားရေးပြု
ပြင်ပြောင်းလဲမှုနဲ့ ကုန်သွယ်ရေးဟာ အပြန်အလှန် အထောက်အကူဖြစ်တယ်။ အားကောင်းတဲ့ အဖွဲ့အစည်း
တွေ၊ ပွင့်လင်းမြင်သာမှုနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် တရားဥပဒေစိုးမိုး
ရေးကို ခိုင်ခံ့အောင် ဖန်တီးမှုတွေကိုလည်း အားပေးတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်ရဲ့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့ပေးလိုက်ပြီး နောက်မှာ နှစ်နိုင်ငံ
ကုန်သွယ်ရေးဟာ တိုးတက်လာတဲ့အကြောင်း ၂၀၁၃ ခုနှစ် ပထမ ၃ လအတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်မှုတန်
ဖိုးဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၉၀ ရှိပါတယ်။

ဒီထဲမှာ အမေရိကန်က မြန်မာဆီကို ၈၉ သန်းဖိုး တင်ပို့ပြီး မြန်မာဆီက ဒေါ်လာ ၁ သန်းဖိုး တင်သွင်းတယ်လို့ အမေရိကန် ကုန်သွယ်ရေးရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

by ဒီဗွီဘီ

မြန်မာ အမျိုးသမီး အသင်း အိန္ဒိယကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိ

Bookmark and Share [ ]


ဓာတ်ပုံ - MFF

၂၀၁၄ ခုနှစ် အာရှဖလား ခြေစစ်ပွဲဝင် မြန်မာ အမျိုးသမီး ဘောလုံးအသင်းဟာ မေ ၂၁ ရက်ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ အိန္ဒိယ အမျိုးသမီး အသင်းနဲ့ ပွဲဦး ထွက်ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ရှိခဲ့ပါတယ်။

မြန်မာအသင်း အတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ကစားချိန် အတွင်းမှာပဲ နော်အားလို ၀ါးဖောနဲ့ ခင်မိုးဝေ တို့က သွင်းယူပေးခဲ့ကြတာလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အင်တာနက် ၀က်ဘ်ဆိုဒ်မှာ ဖော်ပြ ထားပါတယ်။

မြန်မာအသင်းနဲ့ တအုပ်စုတည်း အတူကျရောက်တဲ့ တရုတ် (တိုင်ပေ) နဲ့ ပါလက်စတိုင်းတို့ ပွဲမှာတော့ တရုတ် (တိုင်ပေ) အသင်းက ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ မေ ၂၃ ရက် ညနေပိုင်းမှာ အိမ်ရှင် ပါလက်စတိုင်းအသင်းနဲ့ ဒုတိယပွဲ
အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

စင်္ကာပူမှာနေတဲ့ မြန်မာ/ဂျာမန် မော်ဒယ်

Bookmark and Share [ ] [ ]


အသက် ၂၃ နှစ်အရွယ် မော်ဒယ် လင်းလင်းရဲ့ ပုံရိပ်တချို့ကို ကြော်ငြာတချို့မှာ တွေ့ဖူးကြပြီးဖြစ်မှာပါ။

သူ့မိခင်က မြန်မာပြည်က၊ ဖခင်က ဂျာမန်။

ရေကူးအဝတ်အစား ဘီကီနီနဲ့ပုံတချို့ကို သူ့ Facebook ပရိသတ် စာမျက်နှာမှာ တွေ့ရပါလိမ့်မယ်။

သို့သော်လည်း အဝတ်အစားမဲ့ပုံတွေကိုတော့ မရိုက်ဘူးလို့ ဆိုပါတယ်။

ကာလသားကြိုက် FHM စာစောင် (စင်္ကာပူဗားရှင်း) မှာ ပါဝင်ခဲ့တဲ့ သူ့ပုံကိုလည်း တွေ့နိုင်ပါတယ်။

သူ့အရပ်အမောင်းက ၅ ပေ ၇ ရှိတယ်၊ ပေါင်ချိန်က ၁၁ဝ။


from The Irrawaddy's Blog by zarny win

ဂျပန်ကုမ္ပဏီ မြို့ ၃မြို့ကို ဖိုက်ဘာ ဆက်ကြောင်း တစ်ခု ချိတ်ပေးမည်

Bookmark and Share [ ] [ ]


ဂျပန်ကုမ္ပဏီ ၃ခု ရန်ကုန်-မန္တလေး-နေပြည်တော်ကို 30 Gbps မြန်နှုန်းမြင့် ဆက်ကြောင်း ချိတ်ပေးမည်

ဂျပန်နိုင်ငံက ဆူမီတိုမို၊ NEC နဲ့ NTT ဆက်သွယ်ရေး ကုမ္ပဏီကြီး ၃ခုက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် မြို့ ၃မြို့ကို ဖိုက်ဘာဆက်ကြောင်းတစ်ခု ချိတ်ဆက်ရန် မြန်မာအစိုးရနဲ့ သဘောတူညီမှု ပြုလုပ်လိုက်ပါတယ်။

တစ်မြို့ကို 10 Gbps မြန်နှုန်းနဲ့ စုစုပေါင်း 30 Gbps အင်တာနက် ဖိုက်ဘာအော့ပတစ် ဆက်ကြောင်းကို ချိတ်
ဆက်မှာဖြစ်ပြီး LTE စနစ် ဝါယာလက်ဆက်သွယ်ရေး၊ ကြိုးလိုင်းနဲ့ အွန်လိုင်းအသုံးပြုဖို့ ရည်ရွယ်တာဖြစ်တယ်
လို့ ဂျပန်တိုင်းမ်သတင်းစာက ရေးသားလိုက်ပါတယ်။

ဂျပန်ကုမ္ပဏီ ၃ခုဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်နှုန်းမြင့်ဖြစ်လာမယ့် အင်တာနက်ဆက်ကြောင်းအတွက် အမေရိကန်ဒေါ်လာ ၁၆.၇သန်း ရင်းနှင်းမြှုပ်နှံသွားမှာဖြစ်ပြီး ဂျပန်အစိုးရက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက ရန်ပုံငွေ သုံးစွဲဖို့ ခွင့်ပြုခဲ့ပြီလို့ ဆိုပါတယ်။

မိုဘိုင်းလ်ဖုန်း သုံးစွဲမှု ၇% သိပ်သည်းဆနဲ့ ကြိုးဖုန်း ၁% သိပ်သည်းဆ၊ အင်တာနက်သုံးစွဲမှု ဝ% သိပ်သည်း
ဆသာ ရှိသေးတဲ့ မြန်မာနိုင်ငံအတွက် လာမယ့် ၂ဝ၁၅-၁၆မှာ မိုဘိုင်းလ်ဖုန်း ၃၉သန်း သုံးစွဲနိုင်ပြီး သိပ်သည်း
ဆမှာ ၅ဝ%ရှိဖို့ မူဝါဒချထားတယ်လို့ သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။

ကမာရွတ်မီဒီယာမှကူးယူမျှဝေသည်။

Wallpapers with beautiful corners of nature № 526

Bookmark and Share [ ]







Wonderful beauty of nature in a set of photographs of good quality
  • Quantity: 104 pcs.
  • Format: JPG
  • Resolution: 1680x1050 - 2880x1800
  • Size: 113 Mb
Borncash
Turbobit
Letitbit

from NoLamerS.net by bender777post

Solid Converter PDF 8.0.3548.95 Portable

Bookmark and Share [ ] [ ] [ ]



Solid PDF Converter allows you to recover your PDF documents, converting them to DOC format, offering the possibility to edit freely without any problem.

The novelty is that you do not need Acrobat or Reader to use this turn, and you can use it as a tool or as a plug-in for Microsoft processor.

You can convert PDF files to DOC from within Word or from the File Explorer and create new PDF documents with the same processor, customizing various configuration options.

System: 98/NT/2000/2003/Xp/Vista/7
Language: English
Size: 121.3 MB

Download links Uploaded | BitShare | FreakShare | CloudZer | Depositfiles

from TODO PORTABLES DOCTOR by Doctor