နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, January 23, 2014

ဒေါ်အောင်ဆန်း စုကြည်နဲ့ ဇာဂနာ ကြေးမုံ သတင်းစာမှာ ဆင်ဆာထိ


မြန်မာနိုင်ငံ စာပေလောကမှာ မကြာသေး ခင်ကပဲ စာပေ ကင်ပေတိုင် ဆင်ဆာ ဘုတ်အဖွဲ့
ကြီး မရှိတော့ဘူး ဆိုတော့ စာပေလောက သားတွေအတွက် အတော်ဝမ်းမြောက် စရာဖြစ်
ခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဇာဂနာတို့ ကြေးမုံ သတင်းစာမှာ ဆင်ဆာထိသွား
တော့ ဒါဟာ ဝမ်းမြောက်စရာ ဟုတ်ရဲ့လားလို့ မေးရ မလိုပါ။


ဓာတ်ပုံ- ပဲတင်သံ ဂျာနယ်ဖေ့စ်ဘုတ်

ဒီကနေ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ပဲတင်သံ ဂျာနယ်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက ဓာတ်ပုံ
တပုံနဲ့ ပို့စ်တခု က အသက်ဆက်ရှင်နေသေးတဲ့ စာပေကင်ပေတိုင် ဆင်ဆာထိသွားတာမို့
အတော်စိတ်ဝင်စားစရာဖြစ်သွား ခဲ့တာပါ။

"မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်ကို ယနေ့ထုတ် ကြေးမုံသတင်းစာပါ ပဲ့တင်သံဂျာ
နယ်၏ ကြော်ငြာကို ကြည့်ခြင်း အားဖြင့် အကဲဖြတ်နိုင်ပါမည်"လို့ ပဲ့တင်သံဂျာနယ်က ဂျာ
နယ်ကြော်ငြာ မူရင်းနဲ့ နိုင်ငံပိုင် ကြေးမုံ သတင်းစာပါ ဂျာနယ်ကြော်ငြာကို နှိုင်းယှဉ်ဖော်ပြ
လာခဲ့ပါတယ်။

သေချာ ကြည့်လိုက်တော့မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်သမျှ ဒီမိုကရေစီ မရနိုင်
ဆိုတဲ့ စားသားနဲ့ ဇာဂနာရဲ့ မှတ်ချက် စကားတွေကို ဆင်ဆာထိ သွားခဲ့တယ်ဆိုတာ အ
ထင်အရှားတွေ့နိုင်ပါလိမ့်မယ်။

ဒါဆိုရင် ပြုပြင်ပြောင်းလဲရေးတွေနဲ့ နိုင်ငံတကာအလယ်မှာ မြန်မာဟေ့ဆိုပြီး ပြန်ဦးမော့ဖို့
ကြိုးစားနေချိန် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကလို ဒေါ်အောင်ဆန်း စုကြည်တို့၊ ဇာဂနာ
တို့ စတဲ့ နိုင်ငံရေးအရ အမြင်ကွဲလွဲသူတွေရဲ့ အမည်နာမ စကားလုံးတွေကို ဆင်ဆာလုပ်
တဲ့ အရှိန်က အခုထိ ဆက်ရှိနေသေးတယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။

အလားတူ ဖြစ်ရပ်မျိုးတွေ ဘယ်လောက်တောင် ရှိနေသေးတယ်ဆိုတာ မပြောတတ်အောင်
ပါဘဲ။ လွတ်လပ်ပွင့်လင်းတဲ့ လူ့ဘောင်ကို သွားတဲ့နေရာမှာ အခုလို တားဆီးပိတ်ပင်မှုတွေ
က ဆက်ရှိနေသေးတာ ဟာ ရှေ့ဆက်သွားမယ့် ခရီးအတွက် ဆူးညှောင့် ခလုတ်လိုဖြစ်နေ
တာပါ။

အိမ့်သံစဉ် ~

The Irrawaddy's Blog by အိမ့်သံစဉ်

No comments:

smy909@gmail.com