နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, February 07, 2014

ဟံသာဝတီ နိုင်ငံတကာ လေဆိပ် စီမံကိန်း ဂျပန်နဲ့ စင်ကာပူ အုပ်စု လုပ်ပိုင်ခွင့်ရ


မြန်မာနိုင်ငံ ရန်ကုန်မြို့နယ် သိပ်မဝေးတဲ့ ပဲခူးမြို့နယ်ထဲက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေယာဉ် ကွင်း စီမံကိန်းမှာ ဂျပန်နဲ့ စင်ကာပူ အုပ်စုက လုပ်ပိုင်ခွင့် ရရှိသွားကြပါတယ်။


ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ယခင်ပုံစံငယ်

Yongnam Holdings Ltd က ပြောတာမှာတော့ မြန်မာနိုင်ငံက ဟံသာဝတီ လေဆိပ်စီမံကိန်း
အတွက် အဓိက စင်ကာပူ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Changi Airport Planners and Engine-
ers Pte. Ltd အပါအဝင် JGC Corp လည်း ပါဝင်လုပ် ပိုင်ခွင့် ရသွားကြတာလို့ The Japan
News သတင်း ကို ပြောထားကြပါ တယ်။

Changi Airport Planners and Engineers Pte. Ltd ကုမ္ပဏီကတော့ ဟံသာဝတီ လေဆိပ်
ကြီးအတွက် ဒီဇိုင်း၊ ဆောက်လုပ်ရေး၊ အော်ပရေးရှင်ပိုင်းနဲ့ လေဆိပ်ထိမ်းသိမ်းတဲ့ အပိုင်းတွေ
ကို တာဝန်ယူမှာဖြစ် တယ်လို့ ဆိုပါတယ်။

ဟံသာဝတီ လေဆိပ် စီမံကိန်းဟာ အမေရိကန် ဒေါ်လာ ၁ ဘီလျံ ကုန်ကျမယ်လို့ ခန့်မှန်းထား
ပါတယ်။ မနှစ်က စတင်ပြီး ဒီလေဆိပ်ကြီး အတွက် လေလံ အပြိုင် အဆိုင် ကြိုးစား ကြရာမှာ
တောင်ကိုရီးယား ကုမ္ပဏီကြီးတခုဖြစ်တဲ့ Incheon International Airport Corp ကို အခုလို
ကျော်လွှားအနိုင်ရသွားတာ လည်းဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

ဒီလေဆိပ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ တောင်ကိုရီးယား Incheon ကုမ္ပဏီ တို့ကြားမှာ
လူသိရှင်ကြား ပြောဆိုမှုတွေက အခုတော့ အဖြေထွက်သွားတာလည်းဖြစ်ပါတယ်။

ဟံသာဝတီ အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို တနှစ်မှာ ခရီးသည် ၁၂ သန်းထိ ဝန်ဆောင်မှု
ပေးနိုင်ဖို့ ရည်မှန်းထားတာလည်းဖြစ်ပါတယ်။

အိမ့်သံစဉ် ~

The Irrawaddy's Blog by အိမ့်သံစဉ်

No comments:

smy909@gmail.com