နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Tuesday, February 24, 2015

Android ဖုန်း အားလုံးမှာ ဗားရှင်းမြှင့်တင်နည်း




မင်္ဂလာပါ
Android ချစ် ပရိတ်သတ် ကြီးများ အတွက် အထူး ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပေး လိုက်ခြင်း
ဖြစ်ပါတယ် ခင်ဗျား ...

ခေါင်းစဉ်လေး မြင်တာနဲ့ ဘာဆို တာကို သဘောပေါက်မှာပါ သိပြီးသား ညီအကိုတွေ ကတော့
ကျော်သွား လိုက်ကြပါ လေ့လာခါစ ညီအကိုတွေနဲ့ စနစ်ဟောင်းကို တွန်းလှန်ပြီး စနစ်သစ် စ
တိုင် အသစ်လေးနဲ့ လန်းချင် သူများကတော့ လုံးဝ သိထားရမယ့် Android Device ဆိုင်ရာ နည်း
လမ်းကောင်းလေးဖြစ်ပါတယ်။

ဘာကြောင့် ဗားရှင်းမြှင့်ရ သလဲလို့ ဆိုတော့ အသစ် အသစ် ထွက်ရှိလာတဲ့ Android Operating
System တွေရဲ့ Features အသစ်တွေ၊ function တွေ၊ performance ပိုမို ကောင်းလာအောင် ဆိုပြီး
ဗားရှင်း အဟောင်း ကနေ အသစ်ကိုတင်ယူခြင်း ဖြစ်ပါတယ်။

ဗားရှင်း အဟောင်းရဲ့ လုပ်ဆောင်ချက် ကတော့ အထူးပြော နေစရာ မလို လောက် တော့ဖူးလို့
ထင်ပါတယ် အသုံးပြုနေရင်း ကနေ ထုပစ် ချင်စိတ်ပေါက်လောက်အောင် လေးလန် နေပြီး
ဘာဆို ဘာမှ ထူးခြားမှု ကောင်းမွန်ခြင်းထပ်တိုး လာတာမျိုး လည်း မရှိပဲ တစ်နေ့ထက် တစ်နေ့
ပိုဆိုး လာခြင်းကတော့ ဗားရှင်း အဟောင်းပေါ့ဗျာ

ကဲ အလန်းဆုံး ဆိုတဲ့ နောက်ဆုံးထွက် ဗားရှင်းတွေရဲ့ Features အသစ်တွေ၊ function တွေ၊ performance ကောင်းကောင်းနဲ့ အသုံးပြု ချင်တယ် ဆိုရင်တော့ Android ဖုန်း tablet အားလုံး
မှာ ဖုန်း၊ tablet မှ တိုက်ရိုက် ဗားရှင်း မြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများကို အောက်မှာ
လေ့လာကြည့် လိုက်ပါ။

Android Version 2.3 မှ 4.3 အထိ ဖုန်းတွေ အတွက် နောက်ဆုံး ဗားရှင်း မြှင့်တင်နည်း

၁။ ပထမဆုံး Wifi အင်တာနက်ကို ဖုန်းမှာ ချိတ်ဆက်ပါ။

၂။ ပြီးရင် ဖုန်းရဲ့ Setting ဆိုကိုနှိပ်ပါ။


၃။ ဖုန်း Setting ထဲမှာ Privacy setting ဆိုတာကို တစ်ချက်နှိပ်ပါ။


၎။ ပေါ်လာတဲ့ Privacy setting တွေရဲ့ အောက်မှ Back up my data ဆိုတာကို အမှန်ခြစ်ပေး
ထားလိုက်ပါ။


၅။ About Phone ဆိုတာကို ထပ်နှိပ်ပါ


၆။ Software ဆိုတာကို ထပ်နှိပ် လိုက်ပါ


၇။ Update ဆိုတာကိုနှိပ်ပါ


၈။ Update ဆိုတာကို နှိပ်လိုက်တဲ့ အခါ အောက်က ပုံအတိုင်း ပေါ်လာ ပါလိမ့်မယ် ကျနော်
အနီရောင်လေးနဲ့ ၀ိုင်းပြ ထားတဲ့ Scheduled software updates နေရာမှာ အမှန်ခြစ်ပေးပြီး
Install ဆိုတာကိုသာ နှိပ်ပေးလိုက်ပါ။


၉။ တကယ်လို့ အောက်က ပုံအတိုင်း ပြနေ ခဲ့ရင်တော့ သင့်ဖုန်း အတွက် လက်ရှိ ရှိနေတဲ့ ဗား
ရှင်းသည် နောက်ဆုံး ဗားရှင်း ဖြစ်နေတာပါ၊ အဲဒီလိုသာ ပြနေ ခဲ့ရင်တော့ ရှိတာလေးနဲ့ ရောင့်
ရဲနေလိုက်ပါ၊ သင့်ဖုန်း အတွက် ထုပ်လုပ်သူနဲ့ ၀န်ဆောင်မှု ပေးသူတို့ရဲ့ အပေါ်မှာသာ မူတည်
တာ ဖြစ်လို့ ဒီနေ့ တွပ်ပီ ကံမကောင်း ဘူးလို့ပဲ မှတ်လိုက်ပါ။


၁၀။ ဖုန်း Tablet ကနေ တိုက်ရိုက် လုပ်ယူတာ ဖြစ်လို့ Internet Connection အခြေ အနေ အရ
အနှေး အမြန် ကတော့ ရှိမှာပါ။

အားလုံး အဆင်ပြေ ရင်တော့ ဖုန်းက Reboot ကျပြီး ပြန်တက် လာတဲ့ အခါ မိမိ ဖုန်း အတွက်
သတ်မှတ်ပေး ထားတဲ့ Official ရဲ့ နောက်ဆုံး ဗားရှင်းကို သင် ပိုင်ဆိုင်နိုင် ပါပြီ။

(မှတ်ချက် = အထက်ပါ နည်းလမ်းသည် Samsung ဖုန်းကို အခြေ ခံပြီး ရှင်းပြ ထားခြင်းသာ ဖြစ်
ပါတယ် တစ်ခြားသော ဖုန်းတွေရဲ့ System တွေနဲ့ ကွဲပြား ခြားနေရင်လည်း ဒီနည်း အတိုင်း ထပ်
တူ ဆိုတာကို မှတ်ယူ စေချင်ပါတယ်)

4.3 အထက် ဖုန်းများမှ 4.4.2 အထက် ဗားရှင်းသို့ မြှင်တင်နည်း

၁။ နည်းလမ်း ကတော့ အပေါ်က အတိုင်း ဖြစ်သည့်တွက် ပုံတွေကို မပြပေး တော့ပါ၊ စာပဲ ရေး
လိုက်ပါတယ်။ ကျနော်မှာ Note 2 ဖုန်းကို ၀ယ်တုန်းက ဗားရှင်း 4.3 ကြီးပါ မကြို က်တော့တာ
နဲ့ Official ကလည်း 4.4.2 ဗားရှင်းကို ပေးနေတော့ အထက်ပါ နည်းလမ်း အတိုင်းပဲ မြှင့်တင်
ထားတာပါ။

၂။ ဗားရှင်းမြှင့်ဖို့ရန် အတွက် Settings > More > About Device > Software Updates >
Update ကိုနှိပ်ပေးလိုက်ပါ။ မိမိဖုန်း အတွက် Official က သက်ဆိုင်ရာ နောက်ဆုံးဗားရှင်းကို
ထုပ်ပေး ထားပြီးသား ဆိုရင်တော့ တွပ်ပီ ကံကောင်းမှာပေါ့ဗျာ...



Android 4.4.2 Features
  1. Android 4.4.2 OS
  2. White Status Bar Icons
  3. Camera Shortcut on Lock-Screen
  4. Wireless Printing
  5. Album Art on Lock-Screen during Music Playback
  6. NFC tap-to-pay support
  7. Options to set default messaging and launcher apps
  8. Transparent status barv
  9. Better stability

  10. Improved Ram usage

  11. Smoother Interface Overall

  12. Samsung KNOX 2.0

  13. Samsung Wallet

  14. Emoji for Keyboard

  15. Bug Fixes

နောက်ဆုံးထွက် ဗားရှင်းကို ကွန်ပျူတာမှ တင်နည်း ဒီတစ်ခါ ဖုန်းက Android Version တွေကို ကွန်ပျူတာမှ တင်ယူ နည်းလေးပါ။ အောက်မှာ လေ့လာကြည့်လိုက်ပါ။ ၁။ ပထမဆုံး Samsung Kies နောက်ဆုံး ဗားရှင်းကို ဒေါင်းလော့ ရယူလိုက်ပါ။ ပြီးရင် အင်စတော လုပ်နည်းကိုပါ အောက်က လင့်မှာ ၀င်လေ့လာလိုက်ပါ Samsung Phone & Tablet တွေအတွက် မရှိမဖြစ်တဲ့ Entertainment ဆော့ဝဲ ၂။ Samsung Kes ဆော့ဝဲကို ကွန်ပျူတာမှာ အင်စတော လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်လိုက်ပါ။ ၃။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ပြီးလို့ Connected ဖြစ်တဲ့ အခါ အောက်က ပုံအတိုင်း ပြနေ ပါ လိမ့်မယ်။ Basic Information ဆိုတာကို တစ်ချက်နှိပ် လိုက်ပါ။ မြင်နေရတဲ့ ပုံအတိုင်းပါပဲ သင့် ဖုန်းအတွက် New firmware is available ပြနေ ခဲ့ရင်တော့ သေချာ သွားပါပြီ။ သင့်အတွက် နောက်ဆုံး ဆိုတာကို Update လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ အထက်ပါ ပုံအတိုင်း မြင်နေ ရရင်တော့ ဗားရှင်းမြှင့်ရန် အတွက် ကျနော် အပြာလေးနဲ့ ၀ိုင်းပြ ထားတဲ့ Firmware Upgrade button ဆိုတာကို နှိပ်ပေးလိုက်ပါ။ ၄။ အောက်က ပုံအတိုင်း ပြနေ ခဲ့ရင်တော့ terms of the agreement ကို ပြောနေတာ ဖြစ်ပါတယ် မြှားနဲ့ ထိုးပြထားတဲ့ I have read all of the above Information ရဲ့နေရာမှ လေးထောင့် ကွက် လေးကို အမှန်ခြစ်ပေး လိုက်ပါ။ ပြီးရင် Start Upgrade ဆိုတာကို ထပ်နှိပ်ပေး လိုက်ပါ။ Start Upgrade ဆိုတာကို နှိပ်လိုက်ပြီး ဗားရှင်း စတင် မြှင့်နေ တုန်းမှာ ဖုန်းနဲ့ ကွန်ပျူတာ ချိတ် ဆက် ထားတဲ့ USB ကြိုးကို ဖြုတ်မိ တာမျိုး မလုပ်ပါနဲ့ အချိန် အနည်းငယ် ကြာအောင် စောင့် ပေးလိုက်ပါ အားလုံးပြီးတာနဲ့ ဖုန်းက သူ့အလိုလို Reboot ကျသွား ပါလိမ့်မယ်၊ ပြန်တက်လာ တဲ့ အခါမှာတော့သင့် ဖုန်းလေးမှာ Official ရဲ့ နောက်ဆုံး ဗားရှင်းလေးကို ပိုင်ဆိုင် နိုင်ပါပြီ။ Android ဖုန်း tablet အားလုံးမှာ Official ရဲ့ Update ဗားရှင်းကို Odin နှင့် မြှင့်တင်နည်း ဒီ တစ်ခါ ကျနော် ပြန်လည် မျှဝေ သွားချင် တာလေး ကတော့ Odin ဆော့ဝဲကို အသုံးပြု ပြီး Official ရဲ့ နောက်ဆုံး ဗားရှင်းကို ဖုန်းနဲ့ Tablet တွေမှာ အလွယ် တကူ Upgrade လုပ်နည်း ပဲ ဖြစ်ပါတယ်။ ၁။ ပထမဆုံး Samsung Phone Driver ကို အောက်က လင့်မှာ ဒေါင်းလော့ ရယူလိုက်ပါ၊ ပြီး ရင် ကွန်ပျူတာမှာ အင်စတော လုပ်လိုက်ပါ။ Samsung USB Drivers များကို ဖုန်းအမျိုးအစားလိုက် ရွေးချယ် ဒေါင်းလော့ ရယူနိုင်ပါပြီ။ ၂။ Odin ဆော့ဝဲကို အောက်ကလင့်မှာ ဒေါင်းလော့ ရယူလိုက်ပါ။
odin.website
၃။ Samsung Firmware များ ကိုတော့ မိမိဖုန်းရဲ့ မော်ဒယ် အလို Official ဆိုက်မှာ အကောင့် အသစ် တစ်ခုဖွင့်ပြီး စိတ်ကြိုက် ဒေါင်းလော့ ရယူနိုင်မှာ ဖြစ်ပါတယ်။ အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။ အကောင့် တစ်ခု ဖွင့်ပြီး Samsung Official ရဲ့ Firmware တွေကို လိုသလောက် ဒေါင်းယူ နိုင် ၄။ ဖုန်းကို ပါဝါ ပိတ်လိုက်ပါ။ အောက်က ပုံကိုကြည့်ပါ။
၅။ ဖုန်းကို Download Mode ၀င်ပေးရမှာ ဖြစ်ပါတယ်။ Volume Down Key, Home Button and Power key ကိုတွဲနှိပ်ထားပါ။ အနည်းဆုံး 5 to 8 မိနစ်လောက် တွဲနှိပ်ပေး လိုက်ပါ။ အောက်က ဘယ်အခြမ်း ပုံအတိုင်း Warning ဆိုပြီး ပြနေပါလိမ့်မယ်။ အသံချဲ့တဲ့ ခလုပ်ကို နှိပ်ပေးလိုက်ပါ၊ အဲဒါ ဆိုရင်တော့ ဖုန်းကို Download Mode ၀င်သွားပါမယ်။ ၆။ ဒေါင်းလော့ ရယူ ထားတဲ့ Odin ကို Zip ဖိုင်နဲ့ ဆိုရင်တော့ Extract files ဖြင့် ဖြည်လိုက်ပါ၊ ပြီးရင် ဖွင့်လိုက်ပါ။ ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက် လိုက်ပါ။ ဒီနေရာမှာ နည်းနည်း ပြောစရာ ရှိပါတယ်။ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ နေရာတွေ ကို သတိထား စေချင်ပါတယ်။ (က) ဖုန်းကို USB ကြိုးနဲ့ ချိတ်ဆက် လိုက်တဲ့ အခါ အပေါ်ဆုံးက ID: COM နေရာမှာ အပြာ ရောင်လေး ပြနေရပါမယ်။ (ခ) ဒုတိယ အနီရောင်လေး အတန်းမှာ ကျနော် အမှန်ခြစ် ပေးထားတာ တွေ့ ပါလိမ့်မယ်၊ တ ကယ်တော့ Odin ကို ဖွင့်လိုက် တာနဲ့ အဲဒီ နှစ်နေရာမှာအမှန်ခြစ်က Auto ခြစ်ထား ပြီးသား ဖြစ်နေတာပါ။ တကယ်လို့ အမှန်ခြစ်လေးရှိမနေ ခဲ့ရင်တော့ အမှန်ခြစ်ပေး ထားပေးပါ။ (ဂ) တတိယမြောက် အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ Pit စသည်ဖြင့် သူ့အောက်မှာ လေးခု ပါဝင်ပါ တယ်။ (ဃ) ဖုန်းရဲ့ အမျိုး အစား အလိုက် ဒီနေရာမှာ အနည်းငယ် ကွဲပြားခြားနား ကြပါတယ်၊ မိမိဒေါင်း လော့ ရယူလာတဲ့ Firmware ထဲမှာ တကယ်လို့ သင့်ဖုန်း အမျိုးအစားအရ လေးခုလုံး လိုအပ် တယ် ဆိုရင်တော့ Official ရဲ့ Firmware မှာတင် တစ်ခါတည်း တန်း ပါလာပြီးသား ဖြစ်ပါတယ်။ (င) တစ်ခုချင်း စီကို ထည့်ဖို့ရန် အတွက် Pit ဆိုရင် Pit ဆိုတဲ့ စာသားကို တစ်ချက်နှိပ် လိုက် ပြီးရင် စောနားက ဒေါင်းလော့ ရယူထားတဲ့ Firmware ဖိုင်ထဲက Pit နာမည်နဲ့ ပါတဲ့ File ကို ရွေးပေးရမှာ ဖြစ်သလို တစ်ခြား Bootloader, PAD, Phone, CSC စသည်ဖြင့် တစ်ခုချင်း စီ ကို ရွေးထည့်ပေး ရမှာဖြစ်ပါတယ်။ (စ) ID: COM နေရာမှာ အပြာလေး ပြတာနဲ့ Message ဆိုတဲ့ နေရာမှာ စာတန်း အနည်းငယ် ပေါ်လာ ပါလိမ့်မယ်။ အောက်က ပုံကို အသေအချာ ကြည့်ပါ၊ အားလုံး အသင့်ဖြစ်ပြီ ဆိုရင် တော့ Start ဆိုတာကို နှိပ်ပေး လိုက်ပါ။ (ဆ) Start ဆိုတာကို နှိပ်လိုက် ပြီးတာနဲ့ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို လုံးဝ မဖြုတ်မိ ပါစေနဲ့ ဘာမှ ထပ်လုပ် စရာ မလိုတော့ပါ ဒီအတိုင်း စောင့်ကြည့် နေလိုက်ရုံပါ။ ၇။ အချိန်နည်းငယ် ကြာမှ ပြီးပါမည်။ ID: COM စာတန်းရဲ့ အထက် bottom နေရာမှာ အစိမ်း ရောင် အတန်းလေး စတင်ပြေး နေပါလိမ့်မယ်။ အဲဒီ အရောင်လေး စတင်ပြီ ဆိုတာနဲ့ မိမိ ဖုန်းမှာ လည်း Firmware ကိုစတင် install လုပ်နေ ပါပြီ။ အချိန် အနည်းငယ်စောင့် နေလိုက်ပါ။ အစိမ်းရောင် တန်းလေး ပြီးသွားတဲ့ အထိ သွားမှာ ဖြစ်ပါတယ်။ ၈။ အစိမ်းရောင် အတန်းလေး ပြည့်ပြီး တာနဲ့ အောက်က ပုံအတိုင်း Odin မှာ Pass ဆိုပြီး ပြနေ ပါလိမ့်မယ်။ Message နေရာ မှာလည်း Success ဆိုပြီး စာသားတွေ ပြနေ ပါလိမ့်မယ်။ ဖုန်းမှာ လည်း Firmware ကို install လုပ်ပြီး လို့ Reboot ကျသွား ပါလိမ့်မယ်။ ဖုန်း ပါဝါ ပွင့်ပြီး တက် လာတဲ့ အခါမှ Odin မှ Exit ဆို တာကို နှိပ်လိုက်ပြီး ဖုန်းနဲ့ ကွန်ပျူတာချိ တ်ဆက် ထားတဲ့ USB ကြိုးကို အားရ ပါးရသာ ဖြုတ်လိုက် ပါတော့ဗျာ... အထက်ပါ Odin ကို အသုံးပြု ပြီး Firmware တင်နည်းသည် စိတ်ချ ရပါသည်။ လေ့လာ ခါစ ညီအကို တွေကို ကျနော် အထူး မှာချင် တာကတော့ ဒီလိုမျို စတင် ကလစ်တာကို စတင် တော့မယ် ဆိုရင် ကြောက်ကြောက်နဲ့ မလုပ် စေချင်ပါ၊ တကယ်တော့ အခက်ကြီး မဟုတ်ပါ၊ လုပ်ပေါင်း များလာရင် အဆင်ပြေ လာပါ လိမ့်မယ်။ ဒီနည်းနဲ့ တင်ယူမယ် ဆိုရင်တော့ မိမိဖုန်း ကို Official က ချပေးတဲ့ နောက်ဆုံး ဆိုတဲ့ Firmware တွေကို စိတ်ကြိုက် install လုပ်ယူနိုင် မှာ ဖြစ်ပါကြောင်း ခင်ဗျား... အဆင်ပြေပါစေ From : www.zunite.org - By : ဇူးနစ်(နည်းပညာ)
  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments:

smy909@gmail.com