နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Saturday, March 28, 2015

သိမ်းဆည်းမြေ ပြန်ရရေး ရခိုင်မှာ တစ်ကိုယ်တော် ဆန္ဒပြသူ ထောင်သုံးလ ချခံရ




သံတွဲ၊ မတ်လ ၂၇

ငပလီ ပင်လယ် ကမ်းခြေမှ သိမ်းဆည်းခံ ထားရသော လယ်မြေများ ပြန်လည် ရရှိရေး အတွက် တစ်ကိုယ်တော် ဆန္ဒပြ တောင်းဆိုသူ ကိုစိုးဝေအား သံတွဲ မြို့နယ် တရားရုံးက မတ်လ ၂၆ ရက်နေ့က ထောင် (၃) လ ချမှတ် လိုက်သည်။

ကိုစိုးဝေအား သံတွဲမြို့နယ် တရားရုံးမှ ပုဒ်မ ၁၈ဖြင့် ထောင် (၃) လ ချမှတ် လိုက်ခြင်း ဖြစ်ကြောင်း သူ၏ လုပ်ဖော် ကိုင်ဘက် တစ်ဦးမှ ပြောသည်။

ကိုစိုးဝေသည် ယခုနှစ် ဇန်နဝါရီ ၂၈ ရက်နေက Give Back Our Land စာသားပါ တီရှပ် အင်္ကျီကို ၀တ်ဆင်ပြီး ယင်းစာသားပါ ဗိနှိုင်း ဆိုင်းဘုတ် တစ်ခုကို ကိုင်ဆောင်ပြီး ငပလီမြို့ ဇီးဖြူကုန်း ရပ်ကွက်ရှိ Hilton ဟိုတယ်ရှေ့မှ စတင်ကာ တစ်ကိုယ်တော် လမ်းလျှောက် ချီတက်ပြီး ဆန္ဒ ဖော်ထုတ် ခဲ့သည်။

ငပလီ လမ်းမကြီး တလျှောက် ဆန္ဒ ဖော်ထုတ် လမ်းလျှောက် လာစဉ် ငပလီ လမ်းဆုံ ဗိုလ်တဲရှေ့အရောက်တွင် ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ဆန္ဒ ဖော်ထုတ် မှုဖြင့် ဖမ်းဆီး ခံခဲ့ရကာ ပုဒ်မ ၁၈ဖြင့် တရား စွဲဆို ခံခဲ့ရ သည်ဟု သိရသည်။

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီ ကမ်းခြေ တစ်လျှောက် တွင် ဒေသ အခြေစိုက် စစ်တပ် တပ်ရင်းများ တိုးချဲ့ရန် အကြောင်း ပြချက်ဖြင့် မြေယာ အများ အပြားကို ဒေသခံ များထံမှ သိမ်းဆည်း ခဲ့သည်။ သိမ်းဆည်းပြီး နောက်ပိုင်းတွင် ယင်းမြေ များပေါ်တွင် စစ်တပ်နှင့် ရင်းနှီးသူများကို ဟိုတယ်များ တည်ဆောက်ခွင့် ပြုပေး ခဲ့သည်ဟု ဆိုသည်။

ယင်းမြေ များကို မူလ ပိုင်ရှင်များထံ ပြန်ပေးရန် ကိုစိုးဝေမှ တစ်ကိုယ်တော် ဆန္ဒပြ တောင်းဆို ခဲ့သည်။

ကိုစိုးဝေသည် ယခင်ကလည်း တစ်ကိုယ်တော် ဆန္ဒပြ ပွဲများကို ပြုလုပ် ခဲ့သဖြင့် ထောင် (၉) လထိ ချမှတ် ခံခဲ့ဖူးကြောင်း သိရသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလ အတွင်းကလည်း ဗိုလ်ချုပ် အောင်ဆန်း နှစ် တစ်ရာပြည့်ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် သံတွဲမြို့မှ နတ်မောက်မြို့ထိ တစ်ကိုယ်တော် လမ်းလျှောက် ဂုဏ်ပြု ခဲ့သဖြင့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းမှ ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

နေဇော် (နိရဉ္စရာ)
http://www.narinjara.com/burmese/?p=13974

No comments:

smy909@gmail.com