နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Saturday, March 28, 2015

iPhone/iPad ရဲ့ Notification Bar မှာ မိမိ စိတ်ကြိုက် App icon တွေကို တင်ထား နိုင်တဲ့ Launcher app




iOS 8 အတွက် ထွက်ရှိ ထားတဲ့ app တွေ ထဲမှာ Launcher ဆိုတဲ့ app လေး ကလည်း တော်တော် လေးကို အသုံးဝင်တဲ့ app လေးတစ်ခု ၊ ဖန်တီး မှုကောင်းတဲ့ app လေး တစ်ခုလို့ ညွှန်းဆို ချင်ပါတယ်။

ဘာလို့လည်း ဆိုတော့ ဒီ app လေးဟာ iOS 8 ရဲ့ / iOS 8 တင်ထားတဲ့ iPhone / iPad ရဲ့ Notification Center Bar မှာ ဖုန်းထဲမှာ သွင်းထားတဲ့ app တွေ ထဲက မိမိ စိတ်ကြိုက် app တွေ ၊ မိမိ အမြဲ သုံးနေတဲ့ app ကို Notification bar မှာ တင်ထားလို့ ရပါတယ်။

Launcher app လေး ထွက်ကာစ ကတော့ Apple က ၄င်းရဲ့ iTunes Store ကနေ ဒီ app လေးကို ဖယ်ရှား ပစ်ခဲ့ ဖူးပါတယ်။ အခုတော့ iTunes Store ပေါ်မှာ ပြန်လည် ရောက်ရှိ လာပြီ ဖြစ်ပြီး Launcher လို့ ရှာဖွေပြီး အလွယ်တကူ Install ပြုလုပ် နိင်နေ ပါပြီ။



iPhone ရဲ့ Notification Bar မှာ မိမိ စိတ်ကြိုက် App icon တွေကို တင်ထား နိုင်တဲ့ Launcher app ကို အောက်က link မှာ ရယူနိုင် ပါတယ်။

Launcher with Notification Center Widget for iPhone/Pad

သက်နိုင်စိုး (Myanmar Mobile App)

http://www.facebook.com/thetnaing.mmas


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments:

smy909@gmail.com