နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Tuesday, March 03, 2015

Windows 8 နဲ့ Windows Server 2012 မှာ Net Framework 3.5 နဲ့ 4.0 Install မရခြင်း ပြသနာကို ဖြေရှင်းနည်း




မင်္ဂလာပါ
ဒီပိုစ့်လေးကို ကျနော် တင်ပေးချင် ခဲ့တာ ကြာပါပြီ မတင်ပေး အားတာနဲ့ တောင်းဆိုမှု တွေလည်း ပိုများ လာပါတယ်။

ဟုတ်ပါတယ် သင်ဟာ ကွန်ပျူတာ ဆိုင်ရာကို စတင်လေ့လာ ခါစ ဆိုရင်တော့ အရင် ဦးဆုံး မသိ မဖြစ်တဲ့ အပိုင်း တစ်ခု ရှိကောင်း ရှိနေမှာပါ အဲဒါ ကတော့ အခက်ကြီး မဟုတ် ထင်ရပေမယ့် လေ့လာ ခါစဆိုတော့ အမြဲ တစေလို အခက် ဖြစ်နေ ကြရတဲ့ ပြသနာလေး တစ်ခုပါ။

အဲဒါကတော့ Windows အသစ် တင်ပြီးတာနဲ့ Net Framework ပြသနာလေးပါ တကယ့် အရေးပါတဲ့ ကွန်ပျူတာ ဆိုင်ရာ ဆော့ဝဲကြီး တစ်ခုပါ ရိုးရိုးလေး တစ်ခု ပြောရ ရင်တော့ ကွန်ပျူတာမှာ မြန်မာ - အင်္ဂလိပ် အဘိဓာန်
(Shweyoe Dictionary v3.0) လေး တစ်ခု အသုံးပြု ချင်တယ် ဆိုရင် အဓိက စကားပြော လာတာက ဒီ Net Framework ဆော့ဝဲ ပါ။ ကွန်ပျူ တာမှာ သူနဲ့ ပတ်သက်တဲ့ သင့်တော်ရာ ဗားရှင်းကို အင်စတော လုပ်ထား ပြီးသား ရှိ မနေ ခဲ့ရင်တော့ အဲဒီ အဘိဓာန်ကို အင်စတော လုပ်လို့ လုံးဝ အဆင် မပြေပါ။

အခု ကျနော် နားလည် သလောက် ရှင်းပြပေး သွားချင် တာကတော့ Window 8 တင် ထားပြီးသား ကွန်ပျူတာ တိုင်းမှာ Net frame 3.5 နှင့် 4.0 ကို install လုပ်၍ မရဘူး ဖြစ်နေ ခြင်းကို Net framework ကို အလွယ်တကူ ဘယ်လို အင်စတော သွင်းယူ ရသလဲ ဆိုတာကို အသေးစိပ် ရှင်းပြ သွားမှာပါ...။

တကယ်တော့ Windows Version အလိုက် Net Framework တွေဟာ တစ်ပါတည်း Build in ပါလာ ပြီးသား ဖြစ်ပါတယ်။ သူ့ Operating နဲ့ ကိုက်ညီတဲ့ Net Framework တွေကို Microsoft က တစ်ပါတည်း ထည့်ပေး လိုက်ပေမယ့် အသုံးပြု ရတဲ့ Software တစ်ချို့ကတော့ Net Framework ကို ဗားရှင်း အမြင့်မှ လက်ခံ တတ်ပါတယ်။

အခု ကျနော်တို့ အများစု အသုံးပြု နေကြတဲ့ Windows 8 နဲ့ Windows Server 2012 တို့မှာ Net Framework 3.5 ရော 4.0 ပါ အဆင်သင့် ပါလာပြီး သားပါ။ ကျွန်တော်တို့ သုံးနေတဲ့ Windows က Pirate Windows ဖြစ်တဲ့ အတွက် Setting တစ်ချို့ မှားနေ တာလေးပါ။

Windows 8 နဲ့ Windows Server 2012 တို့မှာ Setting မှားနေ တာကို မပြင်မိ သတိ မထား ရင်တော့ Net Frame Framework ထပ်ထည့် ခဲ့ရင် အောက်က ပုံမှာလို Error တက်နေမှာ ဖြစ်ပါတယ်။


အဲဒီ Error ကို Setting ထဲမှာ ပြင်ကြည့် ရအောင် ( Winodws 8 အတွက် )
  1. - ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ X Key ကို တွဲနှိပ်လိုက်ပါ..
  2. - ပြီးရင် Programs and Feature ကိုရွေးလိုက်ပါ..
  3. - နောက်ထပ် Turn Windows Features on or off ဆိုတာကို ကလစ် တစ်ချက် နှိပ်လိုက်ပါ။
(သို့တည်းမဟုတ်)
  1. - ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ R ကိုတွဲနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ..
  2. - Run Box ထဲမှာ OptionalFeatures.exe လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
  3. - ဒါဆိုရင် Turn Windows Features on or off ဆိုတဲ့ဘောက်တစ်ခု ကျလာမှာဖြစ်ပါတယ်။
  4. - အဲဒီဘောက်ထဲမှာ .Net Framework ဆိုတဲ့ Folder တွေကိုလိုက်ရှာပါ။
  5. - ရှိတဲ့ .Net Framework ဆိုတဲ့ Folder တွေရဲ့ ဘေးမှာ အမှန်ခြစ်တွေ ပေးလိုက်ပါ။
(တကယ်လို့များ မိမိ ကွန်ပျူတာမှာ Net Framework တွေ အသင့် မရှိခဲ့ရင် Install လုပ်ဖို့ အောက်က လင့်တွေမှာ ရယူလိုက်ပါ... အဲဒီ Net Framework တွေ မရှိရင်တော့ ပထမ အစမှာ ဖေါ်ပြ ခဲ့တဲ့ Error တက်မှာ မဟုတ်ပါဘူး...)


4. Net Framework Folder တွေရဲ့ ဘေးမှာ အမှန်ခြစ် ပြီးရင်တော့ OK ကိုနှိပ် လိုက်ပြီး ကွန်ပျူတာ ကို Restart ချပေး လိုက်ပါ။ ဒါဆိုရင် မိမိ ကွန်ပျူတာ ထဲက Net Framework တွေ ကောင်းကောင်း အလုပ် လုပ်ပါပြီ...။ တကယ်လို့ အချို့ သော ဆော့ဝဲတွေကြောင့် ဗားရှင်းနိမ့်လို့ အမြင်ကို ထည့်သုံး ချင်တယ် ဆိုရင်လည်း စိတ်ကြိုက် အင်စတော လုပ်ယူလို့ ရနေ ပါပြီ။

(ဒီနေရာမှာ အထူး သတိထား ရမှာ ကတော့ Net Framework ချင်း တူတာတော့ ထည့်လို့ မရပါ)

Windows Server 2012 အတွက်
  1. - ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ X Key ကို တွဲနှိပ်လိုက်ပါ..
  2. - ပြီးရင် Programs and Feature ကိုရွေးလိုက်ပါ..
  3. - နောက်ထပ် Turn Windows Features on or off ဆိုတာကို ကလစ် တစ်ချက် နှိပ်လိုက်ပါ။
(သို့တည်း မဟုတ်)
  1. - ကီးဘုတ်ပေါ် ကနေ Windows Key နဲ့ R ကို တွဲနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ..
  2. - Run Box ထဲမှာ ServerManager လို့ ရိုက်ထည့် ပြီး Enter ခေါက်လိုက်ပါ။
  3. - ဒါဆိုရင် Add Roles and Features Wizard ဆိုတဲ့ ဘောက်တစ်ခု ကျလာမှာ ဖြစ်ပါတယ်။




မိမိ ကွန်ပျူတာ ရဲ့ Operating နဲ့ ကိုက်ညီမယ့် Net Framework များကို အောက်က လင့်များမှာ ဒေါင်းလော့ ရယူ လိုက်ပါ။

Net Framework 4.0
OR
Net Framework 4.5

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments:

smy909@gmail.com