နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Saturday, March 28, 2015

Xiaomi ထုတ် Mi / Redmi ဖုန်းတွေမှာ Google Play နဲ့ Google Service App တွေ အလွယ်ဆုံး သွင်းနည်း




Xiaomi ကထုတ်တဲ့ Redmi/MI ဖုန်း တွေမှာ Internation ROM မဟုတ်ရင် China ROM တို့ Developer ROM တို့လိုမျိုး တင်ထားရင် Google Play ကဲ့သို့ သော Google Service App တွေ မပါ တတ်ပါဘူး။ ယင်းသို့သော ဖုန်းတွေမှာ Google Play နဲ့ Google Service App တွေ အလွယ်ဆုံး သွင်းနည်းကို တင်ပြပေး ချင်ပါတယ်။ Xiaomi မှနောက်ဆုံး ထွက်ရှိ ထားတဲ့ Xiaomi Mi Note (2015) ဖုန်း အထိ ဒီနည်းနဲ့ ကောင်းစွာ အလုပ် လုပ်တာ ကိုတွေ့ရ ပါတယ်။

အရင်ဆုံး Google Installer app ကို Download ရယူပါ။

Download Google Installer

ယင်း app ကိုဖုန်းမှာ install လုပ်လိုက်ပါ။ ပြီးလျှင် ယင်း Google Installer app ကိုဖွင့်လိုက်ပါ။ Google Play ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ Install ကိုနှိပ်ပါ။


Google Play Requires Google Service FrameWork to Work ဆိုတဲ့ Message လေး ပေါ်လာ ပါမယ်။ Ok ကိုနှိပ်ပါ။


နောက်ထပ် စာမျက်နှာ တစ်ခုကို ရောက်ရှိ သွားပြီး Google Service Framework app သုံးခုနဲ့ Google Play app တစ်ခုကို List အနေနဲ့ တွေ့ မြင်ရပါမယ်။ ယင်း List ရဲ့အောက်က ဖုန်း ပုံစံလေးနဲ့ မြှားလေးပါတဲ့ icon လေးကို နှိပ်ပါ။ Install Google Services Framework, Google Acc Manager and 4 apps now ဆိုတဲ့ Message လေး ပေါ်လာ ပါမယ်။ Continue ကိုနှိပ်ပါ။



Google Service Framework နဲ့ သက်ဆိုင်တဲ့ app များကို ဖုန်းမှာ သွင်းပါ လိမ့်မယ်။ ပြီးပြီ ဆိုရင်တော့ Google Play app ကို ဖုန်းမှာ စတင် သုံးလို့ရပါပြီ။

အကယ်လို့ အပေါ်က အဆင့်များကို လုပ်ပြီး တာတောင် Google Play app က ဖုန်းမှာ ပေါ်မလာ သေးဘူး ဆိုရင်တော့ Google Installer app ထဲကို နောက် တစ်ကြိမ် ပြန်ဝင်ပြီး Google Play ဆိုတဲ့ app လေးကို Install လုပ် လိုက် ရုံပါပဲ။ Google Service Framework များကို သွင်းပြီးဖြစ် တာကြောင့် အသင့် စသုံးလို့ ရပါပြီ။

အခြား Google Service app တွေ ဖြစ်တဲ့ Gmail တို့ Maps တို့ကဲ့သို့ သော app တွေကိုလည်း Google Installer app ထဲကနေ တစ်ဆင့် သွင်းနိုင် ပါတယ်။

အားလုံးပဲ အဆင်ပြေ ကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App)

http://www.facebook.com/thetnaing.mmas


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

3 comments:

  1. ကျွန်​​တော့ဖုန်းRedmi Note3 ပါ။ ပ​လေးစတိုးအရင်​ကရပြီး​တော့ လက်​ရှိ account2ခုဝင်​မိသွားချိန်​ Error
    တတ်​​နေပါသည်​။ ဘယ်​လို​ဖြေရှင်းရမည်​မသိဘူးဗျာ။ကူညီရှင်းပြ​ပေးပါ။

    ReplyDelete
  2. ဖုန်းကို ခဏ ပိတ်ပြီး တော့မှ ပြန်ဖွင့်ပြီး လုပ်ကြည့်ပါ။ သို့မဟုတ် google account တွေအားလုံး sign out လုပ်ကြည့်ပါ။ မရရင် အရေးကြီးတာတွေBackup အရင်ယူပြီး factory reset လုပ်ပြီးတော့ play store ပြန်ထည့်ပါ။

    ReplyDelete
  3. There are gatherings of infections that consequently permit the examination and survey of the records or indexes naturally and caution you of any conceivable wounds and request the required activity that is fancied by you. For the assurance of your framework it is critical to filter the documents before opening them.https://how-to-remove.org/malware/browser-hijacker-removal/chromosearch-com-removal/

    ReplyDelete

smy909@gmail.com