နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Monday, August 31, 2015

ဖုန်းတွေမှာ အင်တာနက် ၀ိုင်ဖိုင် ဘာကြောင့် အော်တို ပွင့်နေတာ ဖြေရှင်းနည်း




ကျွန်တော်တို့ သူငယ်ချင်းတို့ ကြားနေရ မြင်နေရတာ ရှိမှာပါ ...

အဲဒါက ဘာလည်း ဆိုတော့ အင်တာနက် ပိတ်ထားလည်း အော်တို ပွင့်တယ် ၀ိုင်ဖိုင် ပိတ်ထားလည်း အော်တို ပွင့်တယ်။ ဒီထက် ဆိုးတာ ဆိုရင် အင်တာနက် သုံးလိုက် တာနဲ့ ဆောစ်ဝဲ တွေကို အော်တို Download လုပ် notifications မှာလည်း ဖျက်မရ Format ချလည်း ဖြစ်မြဲတိုင်း ဖြစ်ပြန် ဘာလုပ်လို့ လုပ်ရမှန်း မသိ ဆိုင်သွား ပြရင်လည်း ပိုက်ဆံ ကုန်အုံးမယ်။

တကယ်တော့ အဲဒါလေးဖြေရှင်းဖို့က လွယ်လွယ်လေးပါ အဲဒါက ဘာကြောင့် ဖြစ်သလည်း ဆိုတော့ ကျွန်တော် တွေ့ဘူး သလောက် ထင်မြင်ချက် လေးပါ facebook သုံးရင် တွေ့ကြမှာပါ။

DU Speed Booster (Cleaner) Holo luncher အခြား အချို့သော Free ဆောစ့်ဝဲလ်တွေ ကြာင့်ဖြစ်တာပါ။

နောက်ပြီးတော့ sexy apk တွေကြောင့်လည်း ပါတယ် ထားလိုက် ပါတော့ ဘာကြောင့် ဖြစ်ဖြစ် ဖြစ်လာရင် ကြုံလာရင် ဘယ်လို လုပ်မလည်း ဆိုတာ ပြောပြ ပါမယ်ခင်ဗျာ

အဲဒီလို ကြုံလာရင် မိမိဖုန်းက root လုပ်ထားပြီးသား ဖြစ်ရပါမယ် မလုပ် ရသေးရင် လုပ်လိုက်ဗျာ

လုပ်လို့ မရဘူး ဆိုရင်တော့ Firmware တင်တဲ့ နည်း တစ်နည်းဘဲ ရှိတယ်

Root ထားပြီးသား ဖုန်းဆိုရင် securit တစ်ခုခု ဒေါင်းပြီး ဖုန်းထဲကို Install လုပ်လိုက်ပါ

နမှုနာအနေနဲ့ 360 Security သွင်းလိုက်မယ် ဘယ် Security ဆောစ်ဝဲလ် သွင်းသွင်း, သွင်းပြီးရင် Root Accect ရအောင် လုပ်ပါ ပြီးရင် ဖုန်းထဲမှာ ဗိုင်းရပ် စစ်ပါ စစ်တဲ့ အချိန်မှာ အင်တာနက် ဖွင့်ထားပါ အဲဒါမှ စစ်တဲ့ အခါ တွေ့ရမှာမို့လို့ပါ။



360 Security နဲ့ နမှုနာ စစ်ထားတဲ့ ပုံလေးပါ Root မရှိလည်း စစ်ရင် တွေ့ရတယ် ဖြုတ်လို့ မရဘူး

တွေ့ရင် သူဖြုတ် ခိုင်းတာတွေ အကုန်ဖြုတ် လိုက်ပါ ဖြုတ်ပြီးရင် ဖုန်းကို Restart လုပ်ပြီး ပြန်စစ်ပါ

သုံးခေါက်လောက် စစ်လိုက်လို့ မတွေ့တော့ ရင် မိမိဖုန်းက လုံးဝ ကောင်းသွားပါပြီ။

အဆင်ပြေကျပါစေ မပြေရင်လည်း ကွန်မန့်ပေးသွားပါဗျာ ပြောပြပါ့မယ်

Original link - http://www.nayminnmaung.com/2015/08/blog-post_27.html

1 comment:

  1. ကျေးဇူးတင်ပါတယ် ခင်ဗျာ

    ReplyDelete

smy909@gmail.com