နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Saturday, September 19, 2015

Apple ရဲ့ ပထမဆုံး Android App ကို Google Play ပေါ်မှာရယူနိုင်ပြီ




စက်တင်ဘာလ ၁၆ ရက်နေ့မှာ iOS 9 ကိုထုတ်ပေး လိုက်ခြင်းနှင့် အတူ Apple ရဲ့ ပထမဆုံး Android Application ဖြစ်သည့် “Move to iOS” app ကိုလည်း Google Play ပေါ်မှာ Android ဖုန်း အသုံးပြု သူများ ရယူနိုင် စေရန် တင်ပေး လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“Move to iOS” app သည် Android ဖုန်း အသုံးပြု သူများအနေဖြင့် ၄င်းတို့ရဲ့ contacts, messages, mail settings, photo libraries, browser bookmark စသည်တို့ကို iPhone ဆီသို့ ရွေ့ပြောင်းပေးမည် ဖြစ်ပြီး မိမိရဲ့ Android ဖုန်းပေါ်မှာ အမြဲ အသုံးပြုနေသည့် App များအား Apple App Store ပေါ်တွင် ရယူနိုင်ရန် ပြုလုပ်ပေး ထားမည်ဖြစ်သည်။



“Move to iOS” app ကို အသုံးပြုရန် Move to iOS app သွင်းထားသည့် Data ရွေ့ပြောင်းမည့် Android ဖုန်းနှင့် Data လွှဲပြောင်း ရယူမည့် iPhone တို့အား တူညီသော Wifi Network တစ်ခု တည်းတွင် ချိတ်ဆက် ထားရမည် ဖြစ်သည်။

Android ဖုန်း အသုံးပြု သူများအား iPhone ဆီသို့ မိမိတို့ အမြဲအသုံးပြု နေသော Data များအား လွယ်ကူစွာရွှေ့ပြောင်းပေးမည့် Apple ၏ ဆွဲဆောင်မှု တစ်ရပ် လည်းဖြစ်သည်။

“Move to iOS” app ကို Android ဖုန်းမှာ စမ်းသပ် အသုံးပြု လိုပါက အောက်က link တွင် ရယူနိုင်မည် ဖြစ်သည်။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

သက်နိုင်စိုး

Original link - http://www.myanmarmobileapp.com/author/mdymyanm/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments:

smy909@gmail.com