နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Sunday, September 20, 2015

Xperia Z နဲ့ ZL တို့ကို version 5.1.1 မှာ Root လုပ်ကြမယ်။




Sony Xperia Z နဲ့ ZL တို့ကို version 5.1.1 မှာ Root လုပ်ချင်တယ် ဆိုရင်တော့ အရင်ဆုံး ဖုန်းကို Bootloader unlock လုပ်ရ ပါမယ်။ Bootloader unlock လုပ်ရန်
အောက်က လင့်လေးကို ၀င်ရောက်ပြီး Bootloader unlock code တောင်းလိုက်ပါ။

Bootloader unlock လုပ်ရမှာ ဖြစ်တဲ့ အတွက် ဖုန်းတဲက data တွေ အကုန် ပျက်ပါမယ်။ အရေးကြီးတဲ့ data တွေကို back-up လုပ် ထားပေးပါ။

Bootloader unlock code ရပြီဆိုရင်တော့ လိုအပ် တာလေးတွေကို အောက်မှာအရင် Download ရယူ လိုက်ပါ။
  1. Sony Driver မရှိပါက Sony Driver download ရယူရန်
  2. Adb Folder Download ရယူရန်
  3. TWRP recovery Download ရယူရန် - For Xperia Z1 & For Xperia ZL
  4. SuperSU-update.zip Download ရယူရန်
လိုအပ်တာလေးတွေ Download ရယူပြီးရင်တော့ လုပ်ငန်းလေး စလို့ရပါပြီ။
  • အရင်ဆုံး Download ယူ ထားတဲ့ Adb Folder ထဲကို TWRP recovery boot.img ကို ထည့်လိုက်ပါ။
  • Folder ထဲက အလွတ် တနေ ရာရာကို click တစ်ချက်နှိပ်ပြီး Shift + Right Click ကို နှိပ်လိုက်ပါ။
  • box တစ်ခု ပေါ်လာပါမယ်။
  • Open command window here ကို နှိပ်လိုက်ပါ။
  • Command box ပေါ်လာ ရင်တော့ ဖုန်းကို connect လုပ်ပေး ရပါမယ်။
  • ဖုန်းကို power အရင် ပိတ်လိုက်ပါ။
  • volume up ကို ဖိထားပြီး computer နဲ့ ချိတ်ဆက် ပေးလိုက်ပါ။
  • ဖုန်းမှာ အပြာရောင် မီးလေးလင်း လာပါမယ်။
ဒါဆိုရင် command box ကနေဖုန်းကို သိ / မသိ စစ်ဆေးနိုင်ရန် အောက်က စာတန်းလေးကို copy ရယူပြီး command box လေးထဲ paste လုပ်ပြီး enter ခေါက် ပေးလိုက်ပါ။

fastboot devices

ဖုန်းကို command box က သိပြီဆိုရင် ဆက်လက်ပြီး အလုပ် လုပ်ကြပါမယ်။ bootloader unlock လုပ်ရန် အောက်က စာတန်းလေးကို copy ရယူပြီး command box မှာ paste အရင် လုပ်လိုက်ပါ။

fastboot.exe -i 0x0fce oem unlock 0xKEY

အဲဒီ စာတန်းလေး နောက်ကနေပြီး Bootloader unlock code လေးကို ရိုက်ထည့်ပြီး enter ခေါက်ပေး လိုက်ပါ။
နဲနဲလေးစောင့်ပေးလိုက်ပါ။ Finish တို့ဘာတို့ ပြပြီ ဆိုရင်တော့ Bootloader unlock လုပ်ခြင်း ပြီးစီးပါပြီ။
နောက်တစ်ဆင့် မှာတော့ Folder ထဲထည့်ထားတဲ့ TWRP recovery boot.img ကို flash ပေးရမှာ ဖြစ်ပါတယ်။
အောက်က စာတန်းလေး အတိုင်း command box မှာ ရိုက်ထည့်ပြီး enter ခေါက်ပေးလိုက်ပါ။

fastboot flash boot boot.img

  • TWRP recovery ကိုပါ flash ခြင်း ပြီးဆုံးပြီ ဆိုရင်တော့ command box မှာ fastboot reboot လို့ရိုက်ထည့်ပြီး enter ခေါက် လိုက်ပါ။
  • ဖုန်းမှာ reboot ကျပြီး power ပြန်တက် လာပါလိမ့်မယ်။ ( နဲနဲကြာ ပါမယ် ခဏ စောင့်ပေး လိုက်ပါ။ )
  • power ပြန်တက် လာပြီး home screen ကို ပြန်ရောက်ပြီ ဆိုရင်တော့ USBdebugging တို့ Unknow Source တို့ကို on ပေးလိုက်ပါ။
  • Download ရယူ ထားတဲ့ SuperSU-update.zip လေးကို Sdcard ထဲသို့ ထည့်လိုက်ပါ။
  • ဖုန်းကို power ပြန်ပိတ်ပေး လိုက်ပါ။
  • နောက်တစ်ဆင့် အနေနဲ့ SuperSU-update.zip ကို install လုပ်ပေး ရပါမယ်။
  • ဖုန်းကို Recovery mode သွင်းရ ပါမယ်။ Power key ကို ဖိထား လိုက်ပါ။
  • Vibrate တစ်ချက် တုန်လာရင် volume up key ကို ဖိထား လိုက်ပါ။
  • Recovery mode ကို ရောက်သွား ပါလိမ့်မယ်။
  • Install from sd card ဆိုတဲ့ စာတန်းလေးကို ရွေးပေးလိုက်ပါ။
  • နောက်တစ်ဆင့်မှာ sd card ထဲ ထည့်ထားတဲ့ SuperSU-update.zip ကို ရွေးပေးလိုက်ပါ။
  • ဖုန်းကနေ Install လုပ်ပေးနေပါလိမ့်မယ်။
  • Installing success တို့ ဘာတို့ ပြပြီ ဆိုရင်တော့ back key နဲ့ ပြန်ထွက်ပြီး အပေါ်ဆုံးက Reboot system now ဆိုတာလေးကို ရွေးပေးလိုက်ပါ။
  • ဒါဆိုရင်တော့ ဖုန်းမှာ Root လုပ်ခြင်း ပြီးဆုံးပါပြီ။
အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။











































































Original link -



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

No comments:

smy909@gmail.com