နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Tuesday, May 31, 2016

အပျော်စီး သင်္ဘောဖြင့် တောင်တရုတ်ပင်လယ် အတွင်းရှိ ကျွန်းများသို့ သွားရောက်ရန် တရုတ်စီစဉ်




ပေကျင်း ၊ ၃၁-၅-၂၀၁၆

တရုတ်နိုင်ငံသည် ပင်လယ်ပြင် အပျော်စီး သင်္ဘောဖြင့် ဟိုင်နန်ကျွန်းရှိ ဆန်ယာမြို့မှ တောင်တရုတ် ပင်လယ် အတွင်း ရှိ ပါစကယ်ကျွန်း ကဲ့သို့ ထူးခြား ဆန်းပြား သည့် ကျွန်းများသို့ သွားရောက် လည်ပတ်ရန် စီစဉ်လျက် ရှိကြောင်း မေ ၃ဝ ရက် ထုတ်ပြန် ချက်များ အရ သိရသည်။

ဟိုင်နန်သင်္ဘော ကုမ္ပဏီမှ အဆိုပါ အပျော်စီး သင်္ဘောသည် ဆန်ယာမြို့မှ တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများသို့ သွားရောက်မည် ဖြစ်ပြီး စတင် ထွက်ခွာမည့် ရက် အတိအကျ ကို စဉ်းစားလျက် ရှိကြောင်း ယင်းသင်္ဘော ကုမ္ပဏီပိုင်ရှင် တစ်ဦးဖြစ်သည့် ချိုင်ချာယီ ၏ ပြောကြားချက် ကို ကိုးကား၍ China Daily သတင်းဌာန က ထုတ်ပြန် ထားသည်။

အဆိုပါ သင်္ဘောကို မတ်လက စတင် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ခရီးသည် ၃ဝဝ ဦးကို တင်ဆောင်၍ လစဉ်ခရီးစဉ် လေးခုမှ ငါးခုအထိ သွားရောက် နိုင်ကြောင်း၊ ယခုအခါ ၄င်းသင်္ဘော သည် တောင်တရုတ် ပင်လယ် အတွင်းရှိ ထူးခြား ဆန်းပြားသော ရှုခင်းများ ကို ကြည့်ရှုနိုင်ရန် အတွက် တရုတ် နိုင်ငံသား များအား ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း ချိုင်ချာယီ က ဆက်လက် ပြောကြားသည်။

၎င်းသင်္ဘော အနေဖြင့် ပါစကယ်ကျွန်း သို့ ရောက်ရှိရန် ၁၃ နာရီ ကြာမြင့်မည် ဖြစ်ပြီး ယင်းသင်္ဘော တည်ဆောက်ရေး စီမံကိန်းတွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံ ကုန်ကျခဲ့ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_210.html

No comments:

smy909@gmail.com