
စစ်ကိုင်းတိုင်း ဒေသကြီး တမူး ခရိုင်နဲ့ ၁၉ မိုင်ခန့် အကွာဝေးတွင် ရှိတဲ့ မင်းသာရွာ နန်းသလက် တံတားကို မေလ ၂၅ ရက်နေ့ မနက်ပိုင်းက လက်နက်ငယ် တချို့နဲ့ ပစ်ခတ် ဖျက်ဆီးခံ ခဲ့ရပါတယ်။ နန်းသလက် တံတား ပစ်ခတ် ဖျက်ဆီးခံရတဲ့ အတွက် တံတားအောက်ခြေ အနည်းငယ် ပျက်စီး ခဲ့ပါတယ်။

တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဦးတင့်ဝေက “ဘယ်အဖွဲ့က ပစ်တယ် လို့တော့ အတည်ပြု မရဖြစ်နေတယ်။ ကိုက် ၂၀၀ အကွာလောက် ကနေ ပစ်သွားတာပါ”လို့ ပြောပါတယ်။

ဒေသခံ တဦးကလည်း ဒီနေ့ မနက် ၆ နာရီက ဖြစ်ပွား ခဲ့တာဖြစ်ကြောင်း၊ တံတား အနားမှာ ကျည်ခွံတွေ ကျန်ခဲ့ကာ တံတား သံဘောင်တွေ နည်းနည်း ထိသွားကြောင်း ပြောပါတယ်။

အဆိုပါ နန်းသလက်တံတားဟာ ၂၀၁၂ နှစ်ကလည်း အမည်မသိအဖွဲ့က မိုင်းခွဲ ဖျက်ဆီးတာကို ခံခဲ့ရဖူးတယ်လို့ သိရပါတယ်။
(သတင်း – မင်းရဲစစ်နိုင်၊ ဓာတ်ပုံ – တမူးမြို့သတင်း)
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/151641

No comments:
smy909@gmail.com