နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Monday, May 30, 2016

ပညာရေး ဝန်ကြီးနဲ့ နကသ ကျောင်းသားများ တွေ့ဆုံ




အဆင့်မြင့် ပညာရေး ဥပဒေ ထဲမှာ ကျောင်းသား သမဂ္ဂတွေ ပါဝင် ရေးဆွဲခွင့်နဲ့ တက္ကသိုလ် တစ်ခုချင်း စီရဲ့ ပဋိဥာဉ်တွေ ရေးဆွဲတဲ့ အခါ ကျောင်းသား သမဂ္ဂတွေ ပါဝင်ခွင့် ရှိမယ် ဆိုတဲ့ ၂ ချက်ကို ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနဲ့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ချုပ် နကသ အဖွဲ့ဝင် ကျောင်းသားတွေ သဘော တူညီခဲ့ကြ ပါတယ်။

ရန်ကုန်မြို့ အဆင့်မြင့် ပညာ ဦးစီးဌာနမှာ တွေ့ဆုံ ခဲ့ရာမှာ သဘော တူညီမှု ရရှိခဲ့တာလို့ နကသ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဇေယျာလွင်က ပြောပါတယ်။

"အဆင့်မြင့် ပညာ ဥပဒေ ထဲမှာ ကျောင်းသား သမဂ္ဂတွေ ပါဝင်ရေး ရဖို့နဲ့ တက္ကသိုလ် တစ်ခုချင်း စီမှာ ပဋိဥာဉ်တွေ ထဲမှာ ကျနော်တို့ ကျောင်းသား သမဂ္ဂတွေ ပါဝင် ရေးဆွဲခွင့် ရဖို့ ကျနော်တို့ ဝန်ကြီးဆီက ကျနော်တို့ အာမခံချက် ရပါတယ်၊ အစိုးရဘက်က ဆိုလို့ရှိရင် အဆင့်မြင့် ပညာ ဥပဒေနဲ့ ပတ်သက် ပြီးတော့ ကျနော်တို့ CESI မှာ ပါဝင်ရေးဆွဲခွင့် ရပါ လိမ့်မယ်၊ ကျနော်တို့ ပါဝင်ဆွေးနွေးခွင့် ရပါလိမ့်မယ်၊ လွှတ်တော်မှာ ဆိုလို့ရှိရင် လွှတ်တော်ရဲ့ ပညာရေး မြှင့်တင်မှု ကော်မတီ အရ ကျနော်တို့ ဖိတ်ခေါ်ပြီး ပါဝင် ဆွေးနွေး မယ်လို့ ကျနော်တို့ ပြောခဲ့ ပါတယ်၊

ဒီနေ့ လွှတ်တော် အမတ် ကိုဇေယျာသော် ပါဝင် ဆွေးနွေး ခဲ့ပါတယ် အဲ့ဒါနဲ့ ပတ်သက် ပြီးတော့ ပြီးတော့ တက္ကသိုလ် တစ်ခုချင်းမှာ ပဋိဥာဉ်နဲ့ ပတ်သက် ပြီးတော့ ရေးဆွဲတဲ့ အခါကျ လို့ရှိရင်လည်း ကျနော်တို့ ကျောင်းသားတွေ ပါဝင်ရေးဆွဲခွင့် ရမယ်လို့ ဝန်ကြီးက ကျနော်တို့ကို အာမခံချက် ပေးတယ်"

လွှတ်တော်ရဲ့ ပညာရေး မြှင့်တင်ရေး ကော်မတီမှာ နကသ အဖွဲ့ဝင်တွေ ဝင်ရောက် ဆွေးနွေးခွင့်နဲ့ ပညာရေး ဝန်ကြီး ဌာနရဲ့ ရက် ၁ဝဝ စီမံကိန်းမှာ ပါဝင်ဖို့ ကိုလည်း ဝန်ကြီးက ဖိတ်ခေါ် ထားတယ် လို့လည်း ပြောပါတယ်။

တက္ကသိုလ်တွေမှာ ကျောင်းသား သမဂ္ဂတွေ တရားဝင် ဖွဲ့စည်းခွင့် ရရေးကိစ္စ ကိုတော့ သဘော တူညီမှု မရသေး ဘူးလို့ ပြောပါတယ်။

တွေ့ဆုံပွဲကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ပညာရေး ဦးစီးဌာန တာဝန်ရှိ သူတွေ နဲ့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ချုပ် (န.က.သ) တို့ တက်ရောက် ခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုအောင်သိင်္ခက စုစည်း တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။



RFA-Myanmar

Originally published at - http://www.rfa.org/burmese/news/education-pm-meeting-student-nakatha-05292016110857.html

No comments:

smy909@gmail.com