နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Tuesday, May 31, 2016

IS အသုံးပြုသည့် ဥမင်လိုဏ်ခေါင်း တစ်ခုကို ဖာလူဂျာမြို့ အနီး၌ တွေ့ရှိ




ဘဂ္ဂဒက် ၊ ၃၁-၅-၂၀၁၆

အီရတ်နိုင်ငံ ဖာလူဂျာမြို့ အနီး၌ ISIS စစ်သွေးကြွ အဖွဲ့က အသုံးပြု ခဲ့သော ဥမင် လိုဏ်ခေါင်း တစ်ခုကို ရှီးယိုက် ပြည်သူ့စစ် အဖွဲ့က ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ယင်းအဖွဲ့က မေ ၃ဝ ရက်တွင် RIA သတင်း ဌာနသို့ ပြောကြားသည်။

ဖာလူဂျာမြို့ အပြင်ဘက်တွင် တည်ရှိသည့် အဆိုပါ ဥမင်လိုဏ်ခေါင်း ကို ISIS စစ်သွေးကြွ အဖွဲ့က ၄င်းတို့၏ ခြေကုပ်စခန်း များနှင့် လျှို့ဝှက်ဆက်သွယ် သွားလာရန် အတွက် ဖြတ်လမ်းအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ၄င်းအဖွဲ့က ဆက်လက် ပြောကြားသည်။

အီရတ်အစိုးရ တပ်ဖွဲ့နှင့် ရှီးယိုက် ပြည်သူ့စစ် အဖွဲ့သည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ISIS စစ်သွေးကြွ အဖွဲ့က ၂ဝ၁၄ ခုနှစ်မှစ၍ ထိန်းချုပ် ထားသည့် ဘဂ္ဂဒက်မြို့ အနောက်ဘက် မိုင် ၄ဝ အကွာရှိ မြို့တစ်မြို့ကို ပြန်လည် သိမ်းပိုက်ရန် အတွက် နိုင်ငံတကာ ညွန့်ပေါင်း အဖွဲ့၏ အကူအညီဖြင့် ပူးပေါင်း ထိုးစစ်ဆင်မှု များကို လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

ယင်း စစ်ဆင်ရေး အတွင်း ဖာလူဂျာမြို့ ရှိ ဝင်ပေါက်များ အားလုံးနီးပါးကို ၄င်းညွန့်ပေါင်း အဖွဲ့က ထိန်းချုပ် နိုင်ခဲ့ကြောင်း မေ ၂၉ ရက် ထုတ်ပြန်ချက် အရ သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/isis_31.html

No comments:

smy909@gmail.com