နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Monday, June 27, 2016

ဗြိတိန်နိုင်ငံ ဝန်ကြီးဌာနတွင် အကြီးအကဲ တစ်ဝက်ကျော်က နုတ်ထွက်




လန်ဒန် ၊ ၂၇-၆-၂၀၁၆

ဗြိတိန်နိုင်ငံ စုံစမ်း ထောက်လှမ်းရေး ဌာန ဝန်ကြီးများ အဖွဲ့တွင် ဝန်ကြီးများ ဖြစ်ကြသော ဟိုင်ဒီ အဲလက်ဇန်းဒါး၊ အီရန်မာရေး၊ လီလီရန်ဂရင်းဝုဒ်၊ လူစီ ပိုးဝဲလ် နှင့် ဂလိုရီဒီပီရို တို့သည် ယမန်နေ့တွင် ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာ ခဲ့ကြသည်။

ကျန်းမာရေး အတွက် စုံစမ်း စစ်ဆေးရေး ဌာနမှ အတွင်းရေးမှူး ဟိုင်ဒီ အဲလက်ဇန်းဒါး က အလုပ်သမား ပါတီတွင် ခေါင်းဆောင်မှု နေရာ အပြောင်းအလဲ ကို တောင်းဆို လိုက်ပြီး ၎င်း၏ ရာထူးမှ နုတ်ထွက် ခဲ့ကြောင်း၊ ယင်း ကြေညာချက် ထုတ်ပြန်ပြီး မကြာမီတွင် အမျိုးသမီး များနှင့် တန်းတူ ညီမျှမှု အဖွဲ့မှ စုံစမ်း စစ်ဆေးရေးမှူး ဝန်ကြီး ဂလိုရီယာဒီပီရို ကလည်း နုတ်ထွက်ခဲ့ပြီး စကော့တလန်မှ တစ်ဦးတည်း သော လွှတ်တော် အမတ် ဖြစ်သည့် စုံစမ်း စစ်ဆေးရေး ဌာနမှ အတွင်းရေးမှူး အီရန်မာရေး ကလည်း ဝန်ကြီးအဖွဲ့မှ အစုလိုက် အပြုံလိုက် နုတ်ထွက်မှု တွင် ပူးပေါင်း ပါဝင်ခဲ့သည်။

ယင်းတို့အပြင် ယမန်နေ့တွင် သယ်ယူ ပို့ဆောင်ရေး ဌာနမှ စုံစမ်း ထောက်လှမ်းရေး လုပ်ငန်း များ၏ အတွင်းရေးမှူး လီလီယန် ဂရင်းဝုဒ် နှင့် ပညာရေး ဌာနအတွက် စုံစမ်း စစ်ဆေးရေး အဖွဲ့မှ အတွင်းရေးမှူး လူစီပိုဝဲလ် တို့လည်း နုတ်ထွက်မှု များကို လုပ်ဆောင် ခဲ့သည်။

လွှတ်တော်အမတ် အန်ဒီဘန်ဟမ် က ၎င်းအနေနှင့် အလုပ်သမား ပါတီ၏ ခေါင်းဆောင်နေရာ အပြောင်းအလဲ တွင် နှုတ်ထွက်မှု များကို လုပ်ဆောင် လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး အလုပ်သမား ပါတီမှ လွှတ်တော် အမတ်များ ဖြစ်ကြသော မာဂရက်ေ ဟာ့ဂ်ျနှင့် အန်းကော့ဖရေး တို့က ကွန်ဆာဗေးတစ် ပါတီမှာ လုံးဝ ကွဲပြား သွားခဲ့ပြီ ဖြစ်သဖြင့် မိမိတို့ အနေနှင့် အခွင့်အလမ်းများ ပေါ်ပေါက် လာနိုင်ကြောင်း၊ သို့သော်လည်း ရှေးယခင် ကအတိုင်း အလုပ်သမား ပါတီကိုသာ မဲပေးခဲ့သူ များက ပါတီတန်ဖိုး အနေနှင့် ထပ်မံပြောစရာ မလိုတော့ကြောင်း၊ ဂျဲရမီ ၏ ဦးဆောင်မှု အောက်တွင် မိမိတို့သည် နိုင်ငံရေးအရ ပိတ်ဆို့ဖုံးကွယ်မှု များကို စောင့်ကြည့် ရမည်ဖြစ်ပြီး အထွေထွေ ရွေးကောက်ပွဲ တွင် UKIP က မိမိတို့၏ အစဉ်အလာ အရ အချက်အချာ ကျသော နေရာများကို ပစ်မှတ်ထား လုပ်ဆောင် နေသည်ကို စောင့်ကြည့် နိုင်မည် ဖြစ်ကြောင်း ကျန် လွှတ်တော် အမတ်များကို သတိပေး ပြောကြားခဲ့သည်။

အဆိုပါ သတိပေး မှုသည် အလုပ်သမား ပါတီမှ လွှတ်တော်အမတ် အီဗန်လူးဝစ် က ဂရိတ်တား မန်ချက်စတာ ၏ မြို့တော်ဝန် အဖြစ် ခန့်အပ်ခံရရန် မျှော်လင့်ထားပြီး ပါတီ ခေါင်းဆောင် ဂျဲရမီကော်ဘင် ကို နုတ်ထွက်ရန် တိုက်တွန်း ပြောဆိုပြီး နောက်ပိုင်းတွင် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ စုံစမ်း စစ်ဆေးရေး လုပ်ငန်းများမှ နှုတ်ထွက်သည့် အကြောင်းကို ရေးသား အကြောင်းကြား ရသည်မှာ မိမိအနေနှင့် စိတ်မကောင်း ကြောင်း၊ ယခင်အပတ် တွင် ထွက်ရှိခဲ့သော မဲရလဒ်များ အရ မိမိတို့နိုင်ငံ တွင် မျှော်လင့် မထားသော စိန်ခေါ်မှုများ နှင့် တွေ့ရတော့ မည်မှာ သေချာကြောင်း အဲလက်ဇန်းဒါး က သတိပေး ပြောကြား ခဲ့သည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/06/blog-post_379.html

No comments:

smy909@gmail.com