နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Monday, July 25, 2016

နိုင်ငံခြားရေးဝန်ကြီး ဒေါ်စု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးနှင့် သီးသန့် ဆွေးနွေး




လာအို နိုင်ငံတွင် ပြုလုပ်လျက် ရှိသည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများအစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေးအား တက်ရောက်လျက် ရှိသည့် ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ (ဇူလိုင်လ ၂၅ ) ရက် နံနက်တွင် သြစတြေးလျ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး Hon.Julie Bishop နှင့် သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ အကြား ပညာရေး ကဏ္ဍတွင်လည်းကောင်း၊ အမျိုးသမီးများ ဘ၀ ဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက် မှုများတွင် လည်းကောင်း ပူးပေါင်း
ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း၊ ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ခြင်း ဖလှယ်ရာ တွင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေး ၊ တရား ဥပဒေ စိုးမိုးရေး တို့ကို ဆွေးနွေး ခဲ့ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-Ministry of Foreign Affairs Myanmar

From : 7daydaily

Originally published at - http://www.7daydaily.com/story/71094

No comments:

smy909@gmail.com