နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, July 07, 2016

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မလေးခရီးစဉ် ရက်မသိသေး




နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ မလေးရှား နိုင်ငံကို သွားရောက်ဖို့ စီစဉ် ထားပေမယ့် အချိန်ကာလကို ပြောလို့ မရသေးကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇေယျ က ပြောပါတယ်။

အာဆီယံနိုင်ငံတွေ စာရင်းကို တင်ပြ ထားဆဲဖြစ်ပြီး ဘယ်တော့ သွားမလဲ ဆိုတာ ဆုံးဖြတ်ချက် မပေးသေး ဘူးလို့ ဦးကျော်ဇေယျ က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ မလေးရှားနိုင်ငံ ခရီးစဉ်ကို ဇူလိုင် ဒါမှမဟုတ် သြဂုတ်လ အတွင်းမှာ သွားရောက်ဖို့ ရှိကြောင်း NLD ပါတီဗဟို အလုပ်အမှုဆောင် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန် က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ အလုပ်သမားတွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံခွင့် ရဖို့ မျှော်လင့်နေ ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်က ထိုင်းနိုင်ငံကို ၃ ရက်ကြာသွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှာ ရောက် ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နဲ့ တွေ့ဆုံခဲ့သလို ထိုင်းအစိုးရနဲ့လည်း မြန်မာအလုပ်သမား အရေး ဆွေးနွေးခဲ့ပါတယ်။

RFA-Myanmar

Originally published at - http://www.rfa.org/burmese/news/dassk-visit-malaysia-07062016052819.html

No comments:

smy909@gmail.com