နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Monday, July 25, 2016

တရုတ်ရှိ သဘာဝ ဥယျာဉ်တစ်ခုတွင် ကျားဆွဲခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး




တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့တော်ရှိ သဘာဝ ဥယျာဉ် တစ်ခုတွင် ကျားများက ဝိုင်းဝန်း တိုက်ခိုက် သဖြင့် အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

CCTV သတင်းဌာနက ဖြစ်ရပ်ကို ရိုက်ကူး ထားသည့် လုံခြုံရေး ကင်မရာ မှတ်တမ်း များကို ထုတ်ပြန် ခဲ့ရာ အမျိုးသမီးနှစ်ဦးကို ကျားများက တိုက်ခိုက်နေ ခဲ့သည်ကို တွေ့မြင် ရသည်။

ဖြစ်ရပ်အတွင်း ဒုတိယ အမျိုးသမီးမှာ ပြင်းပြင်း ထန်ထန် ဒဏ်ရာရခဲ့သည်။

အဆိုပါ ဥယျာဉ်ထဲတွင် ကားများဖြင့် လှည့်ပတ်မောင်းနှင် ကြည့်ရှုနိုင်သော်လည်း ဖြစ်စဉ်တွင် အမျိုးသမီး တစ်ဦးက ကားအပြင်သို့ ထွက်ရပ် ခဲ့ရာ ကျား တစ်ကောင်က
နောက်မှ အလစ် ဝင်ဆွဲသွားခြင်း ဖြစ်သည်။

ကျန်အမျိုးသမီးက ကားထဲမှထွက်ကာ သူမကို ကူညီရန် ကြိုးစားစဉ် အခြား ကျားတစ်ကောင်က ဝင်ကိုက်သဖြင့် သေဆုံးသွားခဲ့သည်။

ကောလာဟလ အချို့က ဇူလိုင် ၂၄ ရက် ဖြစ်စဉ်တွင် ကားထဲ၌ အမျိုးသမီးနှစ်ဦး စကားများ ရန်ဖြစ်ရာမှ တစ်ဦးက ကားအပြင် ထွက်သွားခဲ့ခြင်းဟု ဖော်ပြခဲ့ကြသည်။

ကားထဲတွင် အမျိုးသားတစ်ဦး ရှိနေပြီး ၎င်းကလည်း ဝင်ရောက် အကူအညီပေးရန် ကြိုးစားခဲ့သေးပြီး အထိအခိုက် မရှိခဲ့ဟု သိရသည်။

ဘေဂျင်းရှိ ဘာဒါလင်း သဘာဝ ဥယျာဉ်ထဲတွင် ကျားများရှိနေသည့် ဧရိယာ၌ ကားဖြင့် လှည့်ပတ်ကြည့်ရှုခွင့် ပေးထားသော်လည်း လူအများအနေဖြင့် ကားထဲမှ လုံးဝမဆင်းရန် တင်းတင်းကျပ်ကျပ် ညွှန်ကြားထားသည်။

ဗီဒီယို မှတ်တမ်းများအရ ဥယျာဉ်လုံခြုံရေး ဝန်ထမ်းများသည် ဂျစ်ကားတစ်စီးဖြင့် ထိုနေရာသို့ စက္ကန့်ပိုင်းအတွင်း ရောက်ရှိလာသည်ကို တွေ့ရသော်လည်း အမျိုးသမီး တစ်ဦး၏ အသက်ကို မမီခဲ့ချေ။

ယင်ကင်းခရိုင် အုပ်ချုပ်ရေးဌာနက ဒဏ်ရာရခဲ့သည့် အမျိုးသမီးကို ဆေးရုံတွင် ကုသမှု ပေးနေကြောင်း ဖော်ပြခဲ့သော်လည်း အခြားအသေးစိတ် အချက်အလက်များကို မထုတ်ပြန်ခဲ့ချေ။ သဘာဝ ဥယျာဉ်မှ တာဝန် ရှိသူများ ကလည်း ဖြစ်ရပ်အပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

လတ်တလောတွင် သဘာဝ ဥယျာဉ်ကို ပိတ်ထားလိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့်ဟုသာ အကြောင်းပြချက် ပေးထားသည်။


Ref: CCTV

From : 7daydaily

Originally published at - http://www.7daydaily.com/story/71092

No comments:

smy909@gmail.com