နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Monday, August 01, 2016

ရန်ကုန်တိုင်း၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံး ဖြစ်နေ


သွေးလွန်တုပ်ကွေး အသိပညာပေး လက်ကမ်း စာစောင်


ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တောင်ဒဂုံ၊ ဒဂုံ ဆိပ်ကမ်း၊ လှိုင် သာယာနှင့် သာကေတ မြို့နယ် များတွင် သွေးလွန် တုပ်ကွေး လူနာ ပိုမို တွေ့ရှိ နေရပြီး တစ်နိုင်ငံ လုံး၌ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ၃၃၃၇ ဦး ရှိနေကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန (သွေးလွန် တုပ်ကွေးနှင့် ဆင်ခြေထောက် ရောဂါ စီမံချက်) မှ သိရသည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင် ၁၅ ရက်အထိ ရရှိထားသည့် စာရင်းများအရ တစ်နိုင်ငံ လုံး၌ သွေးလွန် တုပ်ကွေး ဖြစ်ပွားမှုမှာ နေပြည်တော်တွင် ၉၀၊ ကယားတွင်
ခြောက်ဦး၊ ကချင်တွင် ၆၉ ဦး၊ ကရင်တွင် ၂၃၃ ဦး၊ မွန်တွင် ၁၈၇ ဦး၊ ရခိုင်တွင် ၁၁၉ ဦး၊ ရှမ်းတွင် ၂၀၇ ဦး၊ စစ်ကိုင်းတွင်၂၄၄ ဦး၊ တနင်္သာရီတွင် ၃၉၁ ဦး၊ ပဲခူးတွင် ၁၁၄ ဦး၊ မကွေးတွင် ၉၂ ဦး၊ မန္တလေးတွင် ၅၄၂ ဦး၊ ရန်ကုန်တွင် ၇၁၀၊ ဧရာဝတီတွင် ၃၃၃ ဦးနှင့် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုမှာ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များတွင် သေဆုံးသူ စုစုပေါင်း ၁၅ ဦးအထိ ရှိကြောင်း သိရသည်။

လက်ရှိ ချင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူလူနာ မတွေ့ရှိရသေးကြောင်းနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီး များတွင်မူ သွေးလွန် တုပ်ကွေး အဖြစ်များသည့် ရာသီ မတိုင်မှီ ကပင် ရောဂါဖြစ်ပွား မှုမှာ လူဦးရေ ရာကျော် အထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် ဒေသအချို့၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု များပြားနေခြင်းကြောင့် ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အခြေခံပညာ ကျောင်းများတွင် စနစ်တကျ လုပ်ဆောင်ရန် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ဇွန် ၁ ရက်က ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန် ခဲ့သည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ကျောင်းနေအရွယ် ကလေးများတွင် ပိုမိုဖြစ်ပွားလေ့ ရှိပြီး ယခုအချိန်သည် သွေးလွန်တုပ်ကွေးရောဂါ စတင်အဖြစ်များသည့် ကာလသို့
ရောက်ရှိလာပြီ ဖြစ်ကြောင်းနှင့် အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဖြစ်ပွားမှု များပြားလျက် ရှိသောကြောင့် သွေးလွန် တုပ်ကွေး ရောဂါ ကာကွယ်
နှိမ်နှင်းရေး လုပ်ငန်း များကို အခြေခံ ပညာ ကျောင်းများတွင် စနစ်တကျ လုပ်ဆောင်ရန် ညွှန်ကြား ခဲ့ကြောင်း သိရသည်။

လက်ရှိ ရရှိထားသော စာရင်းများအရ တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ပျံ့နှံ့နေပြီး ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ် နှစ်ပေါင်း လေးဆယ်ကျော် ကာလ အတွင်း ရောဂါဖြစ်ပွားသူ ဦးရေ လေးဆကျော်အထိ မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

Writer: အိသဉ္ဇာကျော်

From : Eleven Media Group

Originally published at - http://news-eleven.com/local/23105

No comments:

smy909@gmail.com