နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Saturday, November 26, 2016

မလေး နိုင်ငံခြားရေး ဌာနက ရခိုင်ရေး ဘဝင်မကျလို့ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်မည်


မောင်တော က မူဆလင် ကျေးရွာသားများ (အောက်တိုဘာ ၂၇၊ ၂၀၁၆)


ရခိုင်ပြည်နယ် ထဲက မူဆလင် တွေကို နှိမ်နင်း နေတာနဲ့ ပါတ်သတ်လို့ စိုးရိမ်ကြောင်း ပြောကြားဖို့ မြန်မာ သံအမတ်ကို ဆင့်ခေါ် သွားမယ်လို့ မလေးရှား နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဒီကနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ် ထဲက အခြေအနေတွေ အပေါ် မကြေနပ် တာကြောင့် အရှေ့တောင် အာရှနိုင်ငံတွေ မှာ မြန်မာ အစိုးရ အပေါ် ဆန္ဒပြနေ ကြတာပါ။

ရခိုင်ပြည်နယ် ထဲက မတည် မငြိမ်မှု အခြေအနေ တွေကြောင့် မူဆလင် အများ အပြားဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး ခိုလှုံခဲ့ကြ သလို အမျိုးသား
သွေးစည်း ညီညွတ်ရေး အတွက် အလေးထား လုပ်ဆောင် သွားမယ်လို့ ကတိပေး ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ အတွက်လည်း ဒါဟာ စိန်ခေါ်မှု တရပ်ဖြစ် နေပါတယ်။

နောက်ထပ် မတည် မငြိမ်မှုတွေ တိုးဖြစ်ပွါး မလာအောင် အားလုံး အနေနဲ့ ထိန်းထိန်း သိမ်းသိမ်း လုပ်ကြ ဖို့လည်း မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက တောင်းဆို ထားပါတယ်။

ဒီမတိုင်ခင် ရက်ပိုင်းတုန်း ကတော့ မလေးရှား ၀န်ကြီး တယောက်က မူဆလင်တွေ အပေါ် ဖိနှိပ်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ ဆူဇူကီး ဖလား ဘောလုံးပွဲတွေ ကနေ မလေးရှား အသင်း နှုတ်ထွက်ကောင်း ထွက်မယ်လို့ ပြောခဲ့ပေမယ့် မလေးရှား အသင်းအနေနဲ့ ဆက်ပြီး ပါဝင် ကစားသွားမှာ ဖြစ်တယ်လို့ မလေးရှား အစိုးရက ဒီကနေ့ ပြောဆို လိုက်ပါတယ်။



From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by : (မေခ)

Originally published at - http://burmese.voanews.com

No comments:

smy909@gmail.com