နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, December 22, 2016

ကန် ထိန်းချုပ်ထားသည့် အိုကီနာဝါ နယ်မြေကို ဂျပန်သို့ ပြန်လည်ပေးအပ်ရန် အသင့်ရှိဟု ပြော




တိုကျို ၊ ၂၂-၁၂-၂၀၁၆

အမေရိကန်က ဒုတိယ ကမ္ဘာစစ် ဖြစ်ပွား ချိန်တွင် စတင် ထိန်းချုပ် ထားသော ဂျပန်နိုင်ငံ အိုကီနာဝါ စီရင်စုရှိ နယ်မြေကို ဂျပန်သို့ ပြန်လည် ပေးအပ်ရန် အသင့် ရှိကြောင်း ယင်းနိုင်ငံ၌ တပ်ဖြန့် ထားသည့် အမေရိကန် တပ်ဖွဲ့ဝင် များက ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာ လိုက်သည်။

အိုကီနာဝါ စီရင်စုသည် ဆယ်စုနှစ်ကြာ အမေရိကန် စစ်ဘက် တည်ရှိသည့် နယ်မြေတစ်ခု ဖြစ်သော်လည်း ၄င်း စီရင်စုတွင် အမေရိကန် စစ်အခြေစိုက် စခန်းချဲ့ထွင်မှုနှင့် ပတ်သက်၍ လွန်ခဲ့သော နှစ်အတွင်း တင်းမာမှုများ မြင့်တက်မှုကြောင့် ယင်းနယ်မြေကို ပြန်လည် ပေးအပ်ရန် အမေရိကန်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အမေရိကန် စစ်ဘက်အနေဖြင့် ယခုနှစ် အကုန်တွင် ယင်းစီရင်စုရှိ နယ်မြေဧက ၁ဝဝဝဝ နီးပါးခန့်ကို ဂျပန်သို့ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန်ကာတာ က ယခုလ အစောပိုင်းတွင် ကြေညာသည်။

ထို့ပြင် အဆိုပါနယ်မြေ ပြန်လည် ပေးအပ်မည့် အခမ်းအနား ကိုလည်း ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း ကျိုဒို သတင်းဌာန၏ ထုတ်ပြန်ချက် အရသိရသည်။

အလားတူ အိုကီနာဝါရှိ အမေရိကန်၏ စစ်ရေးလေ့ကျင့် သည့် ဒေသအား လျှော့ချရန် ကတိပြုပြီး ဂျပန်အစိုးရ နှင့် ၄င်းတို့တပ်ဖွဲ့ဝင် များအကြား အပြန်အလှန် အကျိုးပြုမှု ကိုလည်း ပျက်ပြားစေမည် မဟုတ်ကြောင်း အမေရိကန် တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး လော့ရန့်စ်နီ ကိုလ်ဆန် ၏ ပြောဆိုမှုကို ကိုးကား၍ ကျိုဒို သတင်းဌာနက ထုတ်ပြန် ထားသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/12/blog-post_83.html

No comments:

smy909@gmail.com