
ကလေးမလေးရဲ့ အမည်က မအေးမီချို..
အသက်က ၄ နှစ်အရွယ်ပါ ..
- တည်နေရာကတော့ မြစ်ဖျားကျေးရွာ၊ ငဖဲမြို့နယ်၊ မကွေးတိုင်း ဒေသကြီး ဖြစ်ပါသည်။
- အဖ ဦးဟန်ထွေး + အမိ ဒေါ်နီနီသန်း တို့မှ ၂၀၁၁ ခုနှစ်တွင် မွေးဖွား ခဲ့ပြီး မွေးဖွားစဉ် ကတည်းက အဆိုပါ မှဲ့နက်ကြီးက ပါလာသည်ဟု သိရပါသည်။ မွေးဖွားစဉ်က အမှတ်ကြီး တစ်ခုအဖြစ် ပါလာသည်ဟု ထင်မှတ် ထားခဲ့ ပေမယ့် တစ်နေ့ တစ်ခြား ပိုပြီး ကြီးမားလာသည် ကို တွေ့မြင်ခဲ့ရ ပါသည်။
- မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပြသခဲ့သော်လည်း ရန်ကုန်ဆေးရုံကြီးသို့သာ သွားရောက် ကုသရန် ညွှန်ကြားခဲ့ပါသည်။ ထိုသို့ညွှန်ကြားပေးခဲ့သော်လည်း ဆင်းရဲချို့တဲ့သော မိသားစုဖြစ် သဖြင့် ငွေကြေး အခက်အခဲ ဖြစ်နေပါသည်။
- အဖေဖြစ်သူမှာ လယ်စာရင်းငှားနှင့် ရရာအလုပ်များကို လုပ်ကိုင်ပြီး မိသားစု ကို ရှာဖွေ ကျွေးမွေးနေ ပါသည်။
- လက်ရှိ ကလေးငယ်ရဲ့ အခြေအနေမှာ ကျောပြင်တစ်ခုလုံးကို အမည်းရောင် မှဲနက်ကြီးက နေရာယူ ထားသဖြင့် ယားယံ လွန်းသောကြောင့် အမြဲငိုကြွေးနေ ရကြောင်းနှင့် မိခင်ဖြစ်သူမှာ အယားပြေအောင် အမြဲတမ်း ကုတ်ပေး နေရကြောင်းလည်း သိရှိရပါသည်။
- အထက်ပါ အကြောင်းအရာများအား သမီးလေး မအေးမီချို ကို မွေးဖွားပေး ခဲ့သော ကျေးလက် ကျန်းမာရေး သူနာပြုဆရာမ ဒေါ်အေးတု မှ ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ နေရာသည် တယ်လီဖုန်းလိုင်း မမိခြင်း တို့ကြောင့် ဆက်သွယ်ရန် အလွန် ခက်ခဲသော နေရာဖြစ်ပါသည်။
- ထို့ကြောင့် သမီးငယ်လေး မအေးမီချို အား ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံကြီး တွင် ပြသ ကုသနိုင်ရေး ဆောင်ရွက်ပေး သွားရန် စီစဉ်ထားရှိသဖြင့် ကလေးငယ်မိသားစုကို နိုဝင်ဘာလ ပထမပတ်အတွင်း ရန်ကုန်မြို့သို့ ခေါ်ဆောင် ထားရှိပါသည်။
- သို့ဖြစ်ပါ၍ သမီးငယ်လေး မအေးမီချို ဆေးကုသရေး အတွက် လှူဒါန်းလိုသူများ အနေဖြင့် အောက်ဖော်ပြပါ အကျိုးတော်ဆောင်များ၏ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါသည်။
- ကိုကြီး 09 519 5420 ( ရန်ကုန် )
- ကိုမျိုးကြီး 09 201 1888 ( မန္တလေး )
- ကိုဖိုးစီ 09 420 746 023 ( နေပြည်တော် )
လေးစားမှုများစွာဖြင့်
ဖိုးစီ(ရွှေညောင်မြေ)
From : အရှင် ရေဝတ
Originally published at - https://www.facebook.com/profile.php?id=100008482424134

ကလေးလေး ခွဲစိပ်ကုသပြီးပြီလား
ReplyDeleteဘယ်လိုအခြေအနေရှိလဲသိပါရစေ
ပို့စ်ထဲမှာပေးထားတဲ့ ဖုန်းနံပါတ်တွေနဲ့ ဆက်သွယ်မေးမြန်းကြည့်ပါခင်ဗျာ။
Delete