နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, December 14, 2016

မလေးရှားတွင် ဘုရင် ဆူလ်တန်မူဟာမက် နန်းတက်




ကွာလာလမ်ပူ ၊ ၁၄-၁၂-၂၀၁၆

မလေးရှား နိုင်ငံ၌ ဒီဇင်ဘာ ၁၃ ရက်တွင် ယန်းဒိုင်ပါတွမ်အဂေါင်း မင်းဆက်၏ ၁၅ ဆက်မြောက် ဘုရင်အဖြစ် ဆူလ်တန် မူဟာမက် နန်းတက်ကြောင်း သိရသည်။

အသက် ၄၇ နှစ်ရှိ ဆူလ်တန် မူဟာမက် ကို ကီဒါနန်းတော်၏ ဆူလ်တန်ဘုရင် အဗ္ဗဒူလ် ဟာလင်မ် ထံမှ ထီးနန်းအား လွှဲပြောင်းယူရန် အောက်တိုဘာ လတွင် ကျင်းပသည့် (၂၄၃) ကြိမ်မြောက် အုပ်ချုပ်သူများ ညီလာခံက ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ဘုရင် ဆူလ်တန် မူဟာမက် သည် ကွာလာလမ်ပူမြို့ရှိ အစ္စတာနာနီဂါရာ နန်းတော်၌ ယန်းဒိုင်ပါတွမ်အဂေါင်း မင်းဆက်၏ ၁၅ ဆက်မြောက် ဘုရင်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ယင်းကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ပီရက်ခ် နာဇရင်ရှာ ကိုလည်း ၄င်း၏ လက်ထောက်အဖြစ် ကြေညာကြောင်း သိရသည်။

ကျမ်းသစ္စာ ကျိန်ဆိုရန်အတွက် ကူဘန်ကီရိန်း ရှိ အစ္စတာနာနီဂီရီ နန်းတော်မှ ဆူလ်တန်ဘုရင် ၏ အခမ်းအနားဖြင့် ထွက်ခွာမှုကို ကီလန်တန်ပြည်နယ် ၌ ဒေသ စံတော်ချိန် နံနက် ၇ နာရီ မိနစ် ၅ဝ ခန့်တွင် စတင်ပြီး ဘုရင်၏ နန်းတော်မှ လေဆိပ်သို့ သွားရာ လမ်းကြောင်း တစ်လျှောက်တွင် ပြည်သူ ထောင်ပေါင်းများစွာ ကလည်း စီတန်းကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် ကွာလာလမ်ပူ မြို့သို့ ရောက်ရှိလာသော ဘုရင် ဆူလ်တန်မူ ဟာမက် အား မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် က လွှတ်တော် ရင်ပြင်တွင် ကြိုဆို နှုတ်ဆက်ကြောင်း သတင်းဌာန တစ်ခု၏ ထုတ်ပြန်ချက် အရ သိရသည်။


From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/12/blog-post_29.html

No comments:

smy909@gmail.com