နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, December 14, 2016

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အသစ်အဖြစ် အန်တိုနီယို ကူးတားရက်စ် ကျမ်းသစ္စာ ကျိန်ဆို




နယူးယောက် ၊ ၁၄-၁၂-၂၀၁၆

ပေါ်တူဂီ ဝန်ကြီး ချုပ်ဟောင်း အန်တိုနီယို ဂူတားရက်စ် သည် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် အသစ် အဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကျမ်းသစ္စာ ကျိန် ဆိုကြောင်း သိရသည်။

ဂူတားရက်စ် သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် တာဝန် ထမ်းဆောင်ချိန်မှ စ၍ စစ်မက်ဖြစ်ပွားမှု၊ ရာသီဥတု ပြောင်းလဲမှု၊ ဝင်ငွေမမျှတမှု၊ ကမ္ဘာလုံးဆိုင်ရာ စံချိန်တင် ရွှေ့ပြောင်း နေထိုင်မှု အစရှိသော စိန်ခေါ်မှု များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ကမ္ဘာ့ ခေါင်းဆောင်များ စိုးရိမ် ပူပန်လျက် ရှိသော ကိစ္စရပ်များကို ဦးစားပေး လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ဂူတားရက်စ် က ဒီဇင်ဘာ ၁၂ ရက်တွင် မိန့်ခွန်းပြောရာ၌ ထည့်သွင်း ပြောသည်။ ထို့ပြင် ကုလသမဂ္ဂ အဖွဲ့အစည်းအား အရည်အချင်း ပြည့်ဝပြီး သွက်လက် ကျွမ်းကျင်သော အဖွဲ့အစည်း ဖြစ်စေရန် ကြိုးပမ်းမည် ဖြစ်ပြီး စီမံခန့်ခွဲရေး လုပ်ငန်းများကို ပြန်လည်ပြုပြင် သွားမည်ဟု ကတိပြုသည်။

ထို့နောက် ဂူတားရက်စ် က ရုရှားအစိုးရကို ရည်ညွှန်း၍ ကုလသမဂ္ဂ အနေဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက် ချေမှုန်းရေးကို ဦးစားပေး ပြုလုပ်မည်ဟု အခိုင်အမာ ပြောဆိုမှုသည် အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေးတွင် ရုရှားကို ဦးဆောင်စေလိုကြောင်း ရေလာမြောင်းပေး စကား ပြောခြင်းဖြစ်သည် ဟု သံတမန် အများစုက သုံးသပ်သည်။

ဂူတားရက်စ် သည် ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း ဖြစ်သည့်အပြင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး အဖြစ်လည်း တာဝန် ထမ်းဆောင်ဖူးသူ ဖြစ်သည်။

၎င်းသည် ကျမ်းသစ္စာ ကျိန်ဆိုပွဲ၌ မိန့်ခွန်းပြောစဉ် တစ်လျှောက်လုံးတွင် ပဋိပက္ခများ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ရေး အရေးပါပုံကို ဦးစားပေး ဆွေးနွေးသည်။ ထို့ပြင် ယင်းကိစ္စကို ဦးစားပေးအဖြစ် ဆောင်ရွက်ရန် အလေးထား စဉ်းစားလျက် ရှိကြောင်း သံတမန်များက မကြာသေးမီ ရက်ပိုင်းအတွင်း ပြောသည်ဟု သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/12/blog-post_39.html

No comments:

smy909@gmail.com