နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, December 14, 2016

အိန္ဒိယက စတုတ္ထမြောက် ကာကွယ်ရေး အသုံးစရိတ်အများဆုံး သုံးစွဲသည့်နိုင်ငံအဖြစ် ရပ်တည်




နယူးဒေလီ ၊ ၁၄-၁၂-၂၀၁၆

အိန္ဒိယ နိုင်ငံသည် ကာကွယ်ရေး အသုံးစရိတ် အများဆုံး သုံးစွဲသည့် ကမ္ဘာ့ ထိပ်တန်း ငါးနိုင်ငံ အတွင်းသို့ ရောက်ရှိ လာကြောင်း Newsnow သတင်းဌာန၏ ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံသည် ကာကွယ်ရေး အသုံးစရိတ် အများဆုံး သုံးစွဲသော စတုတ္ထမြောက် နိုင်ငံအဖြစ် ရပ်တည်လျက် ရှိကြောင်းနှင့် ဆော်ဒီအာရေဗျ နှင့် ရုရှားနိုင်ငံတို့က ၄င်း၏ နောက်တွင် ရပ်တည်လျက် ရှိကြောင်း IHS Market သုတေသန ကော်ပိုရေးရှင်းက ထုတ်ပြန်သည့် အစီရင်ခံစာ အရ သိရသည်။

အာရှဒေသ၏ တတိယမြောက် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံ အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ် အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၆ ဘီလီယံ သုံးစွဲရာမှ ၂ဝ၁၆ ခုနှစ်တွင် ၅ဝ ဒသမ ၆ ဘီလီယံအထိ တိုးမြှင့်သုံးစွဲ လာကြောင်း သိရသည်။

အမေရိကန်၊ တရုတ်နှင့် ဗြိတိန်နိုင်ငံ တို့သည် ထိပ်တန်းသုံးနိုင်ငံ ၌ ဆက်လက် ရပ်တည်လျက် ရှိကြောင်း နှင့် အိန္ဒိယနိုင်ငံ အနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် ဗြိတိန်နိုင်ငံကို ကျော်ဖြတ်၍ ကာကွယ်ရေး အသုံးစရိတ် အများဆုံး သုံးစွဲသည့် တတိယမြောက်နိုင်ငံ ဖြစ်လာမည် ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေး အသုံးစရိတ် စုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၇ ထရီလီယံ အထိ တိုးမြင့် လာကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/12/blog-post_29.html

No comments:

smy909@gmail.com