နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, January 12, 2017

ကျောက်ကြီးမှာ စိတ်ကြွဆေးပြား ၅၆၀၀၀ ကျော်နဲ့ ဆေးခြောက် ၆၅ ကျပ်သား ဖမ်းမိ




ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီး မြို့နယ်၊ မုန်းဒေသမှာ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ် ပိုင်းက စိတ်ကြွ ဆေးပြား ၅၆၀၀၀ ကျော်၊ ဆေးခြောက် ၆၅ ကျပ်သားနဲ့ လေသေနတ် ၁ လက်တို့ ဖမ်းဆီး ရမိခဲ့ ပါတယ်။

မူးယစ် ဆေးဝါးတွေနဲ့ လေသေနတ်ကို မုန်းဒေသက ဆင်ဆိတ်ပ် ကျေးရွာမှာ နေထိုင်တဲ့ လင်မယား နှစ်ယောက်ရဲ့ နေအိမ် နောက်ဖေး စပါးကျီ အတွင်းမှာ တွေ့ရှိ ခဲ့တာပါ။

မုန်းနယ်မြေ ရဲစခန်းမှူး ရအုပ် သန်းထိုက်ထွေးက အခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး “အပြားရေ ၅၆၆၅၀ မိတယ်၊ ဆေးခြောက် ကတော့ တစ်ဂရမ်၊ လက်နက် ကတော့ လေသေနတ် တစ်လက်ပေါ့။ ငွေက နှစ်သိန်း၊ ကျောက်ကြီးမြို့နယ်ဝရမ်း အမှတ်က ၂ ပေါ့၊ လက်ရှိကတော့ ကျွန်တော်တို့ ကတော့ ဖမ်းဆီးပြီးတော့ ကျောက်ကြီးမှာ ရမန် သွားယူ မယ်လေ။
ပုဒ်မကတော့ ၁၅/၁၉(က)/၂၀(က)၂၂ (ခ)ပေါ့။ ပုဒ်မလေးခု နဲ့တော့ အရေးယူ ထားတယ်။ တရားခံက နှစ်ယောက်ပေါ့။ တစ်ယောက် ကတော့ ကွင်းဆက် တရားခံကတော့ မမိသေးဘူး”လို့ ပြောကြား ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ကြီးမြို့နယ်၊ မုန်းနယ်မြေ ရဲစခန်းအပိုင်၊ တောပု ကျေးရွာ အုပ်စု ဆင်ဆိပ် ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းချ နေတယ်လို့ သတင်း ရရှိ တာကြောင့် ဆင်ဆိပ်ရွာနေ ကိုဇော်ဝင်းထွန်း၊ မစန်းရီတို့ရဲ့ နေအိမ်ကို ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးရဲ့ ဖမ်းဆီးခွင့် ဝရမ်းနဲ့ သွားရောက် စစ်ဆေးရာမှာ စပါးကျီ အတွင်းရှိ စပါး အိတ်များ အတွင်း အဖြူရောင် ဆာလာအိတ်ဖြင့် ထည့်ထားသော (SINGLE STAGE) စာတမ်းပါ အပြာရောင် ကတ်ထူပုံး အတွင်းမှ ဆေးခြောက် အရွက်ခြောက် ၆၅ ကျပ်သား၊ ၁ ကီလို ဂရမ်ခန့်၊ ကာလ တန်ဖိုးကျပ် ၄၀၀၀၀၀၊ အ၀ါရောင် ဆာလာအိတ် အတွင်း ထည့် ထားသည့် ဖင်ဖောက် ထားသော ဆီ ၁၀ ပိသာဆန့် အ၀ါရောင် ကော်ပုံး အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့် အစိမ်းရောင် ၂၀ ပြားပါ ပါကင်ထုတ် ၃ ထုပ်၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ ပြားနဲ့ အစိမ်းရောင် ၂၀ ပြားပါ ပါကင်ထုတ် ၅ ထုပ်ပါ ဘလောက်တုံး ၅ တုံး၊ တို့မှ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၅၆၀၀၀ ပြားနဲ့ အစိမ်းရောင် ၅၆၀ ပြား၊ စုစုပေါင်း ၅၆၅၆၀ ပြား၊ အလေးချိန် ၅၀၉၀.၄ ဂရမ်၊ ကာလ တန်ဖိုး တစ်ပြားလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် (၁၆၉၆၈၀၀၀၀) တို့ကို တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒုရဲအုပ် မျိုးမင်းသန့်က တရားလိုလုပ်ပြီး တိုင်တန်းခဲ့တာကြောင့် မုန်းနယ်မြေရဲစခန်းမှာ မစန်းရီကို မှူး/စိတ် ဥပဒေပုဒ်မ -၁၅/၁၉(က)/၂၀(က)၂၂(ခ)တို့အရ အမှုဖွင့်အရေးယူထားပြီး တိမ်းရှောင်နေသူ ဇော်ဝင်းထွန်းကို ဖမ်းမိဖို့လည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/local-news/25450/

No comments:

smy909@gmail.com