နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, January 12, 2017

ငြိမ်းချမ်းသည့်အာဏာလွှဲပြောင်းရေးဖြစ်အောင် လုပ်ရန် သမ္မတ အိုဘားမား ဆော်သြ




အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ချီကာဂို မြို့မှာပြုလုပ်တဲ့ နှုတ်ဆက်ပွဲ အတွင်း ငြိမ်းချမ်းတဲ့ အာဏာ လွှဲပြောင်းရေး ဖြစ်အောင် လုပ်ဖို့ ထောက်ခံ သူတွေကို ဆော်သြ လိုက်ပါတယ်။

“ခင်ဗျားတို့ ကိုယ်တိုင်က အပြောင်း အလဲပဲ” လို့လည်း သူက ထောက်ခံ သူတွေကို ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ်ထရမ့်က သမ္မတ ဖြစ်လာတော့မှာပါ။

“ကျနော်တို့ရဲ့ တိုးတက် မှုတွေ မညီမမျှ ဖြစ်ခဲ့တယ်၊ ဒီမိုကရေစီ အလုပ်ဟာ အမြဲခက်ခဲ ခဲ့ပြီး တခါတရံမှာ သွေးချောင်း စီးခဲ့ပြီးပြီ” လို့ အိုဘားမားက ပြောပါတယ်။

အဲဒီနောက် သူ့ရဲ့ သမ္မတ သက်တမ်း ၈ နှစ်အတွင်း စွမ်းဆောင်နိုင် မှုတွေကို သူက ဆက်ပြောပါတယ်။

“အမေရိကန်စီးပွားရေး အကြီးအကျယ် ကျဆင်းမှုကို ပြောင်းပြန် လှန်နိုင်ခဲ့တယ်။ ကားထုတ်လုပ်ရေးကို ပြန်အားဖြည့် ခဲ့တယ်။ သမိုင်းမှာ အများဆုံး အလုပ် အကိုင် ဖန်တီးနိုင် ခဲ့တယ်။ ကျူးဘားပြည်သူတွေ အတွက် အခန်းကဏ္ဍသစ် ဖွင့်နိုင် ခဲ့တယ်။ အီရန်ရဲ့ နျူကလီးယား လက်နက် အစီအစဉ်ကို ပိတ်သိမ်းနိုင် ခဲ့ပြီး အမေရိကန်ပြည်သူ သန်း ၂၀ အတွက် ကျန်းမာရေး အာမခံ ပေးနိုင်ခဲ့တယ်” လို့ အိုဘားမားက ပြောပါတယ်။

သူ့နေရာကို ဆက်ခံမယ့် သမ္မတသစ် ဒေါ်နယ်ထရမ့် ကတော့ အိုဘားမားရဲ့ မူဝါဒ လုပ်ငန်းစဉ်တွေကို ကျန်းမာရေး စနစ်ကနေ ရာသီဥတုပြောင်းလဲမှု အထိ အရေးကိစ္စ အတော် များများကို ပြန်ပြောင်း ပစ်မယ်လို့ ခြိမ်းခြောက် ခဲ့ပါတယ်။

“တိုင်းပြည် အနာဂတ်ဟာ ကျနော်တို့ရဲ့အနာဂတ် ဖြစ်သင့်တယ်။ ဒါပေမယ့် ဒီမိုကရေစီက အလုပ်ဖြစ်မှသာ အလားအလာကို မျှော်မှန်းလို့ ရမယ်” လို့ အိုဘားမားက ပြောပါတယ်။

ဒီမိန့်ခွန်းပြောပွဲကို သမ္မတကတော် မီရှဲလ် အိုဘားမား၊ ဒု-သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဇနီးတို့အပြင် လက်ရှိနဲ့ အရင်က အိမ်ဖြူတော် ဝန်ထမ်းဟောင်းတွေ၊ မဲဆွယ်ရေး လုပ်သားတွေ တက်ရောက် ခဲ့ကြပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183665

No comments:

smy909@gmail.com