နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, January 12, 2017

တရုတ်လေယာဉ်တင်သင်္ဘောကို ထိုင်ဝမ် ရေလက်ကြား သို့ ဖြတ်သန်း မောင်းနှင်ခဲ့ဟု တိုင်ပေ ပြော




တိုင်ပေ ၊ ၁၂-၁-၂၀၁၇

တရုတ် ပြည်မကြီးနှင့် တရုတ်(တိုင်ပေ) တို့အကြား တင်းမာမှုများ မြင့်တက်နေစဉ် တရုတ်နိုင်ငံက ဇန်နဝါရီ ၁၁ ရက်တွင် ၄င်းတို့၏ တစ်စင်းတည်းသော လေယာဉ်တင် သင်္ဘောကို ထိုင်ဝမ် ရေလက်ကြား သို့ ဖြတ်သန်း မောင်းနှင်ခဲ့ကြောင်း တရုတ် (တိုင်ပေ) ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

သို့သော် တရုတ် လေယာဉ်တင် သင်္ဘောသည် တရုတ်(တိုင်ပေ) ၏ ရေပိုင်နက် အတွင်းသို့ ဝင်ရောက်လာခြင်း မရှိသော်လည်း ၄င်း၏လှုပ်ရှား သွားလာမှုကို အနီးကပ် စောင့်ကြည့်ရန် တိုက်လေယာဉ် များနှင့် အခြား စစ်လေယာဉ် များကို စေလွှတ် ခဲ့ရကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

ထို့ပြင် ပြည်သူများ အထိတ်တလန့် မဖြစ်ကြရန် တရုတ်(တိုင်ပေ) အစိုးရက တောင်းဆို ထားကြောင်း စစ်ဘက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော် တရုတ်(တိုင်ပေ) စစ်ဘက်၏ တုံ့ပြန် လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ အသေးစိတ်ကိုမူ ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိပေ။

နောက်ပိုင်းတွင် တရုတ် လေယာဉ်တင် သင်္ဘောသည် ၄င်း၏ လေ့ကျင့်မှုပြုလုပ်ရာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းသို့ ပြန်လည် ဦးတည် ထွက်ခွာ သွားကြောင်း ဖော်ပြချက် အရ သိရသည်။

ရေကြောင်း သွားလာမှု များပြားပြီး အကျယ်အဝန်း အားဖြင့် ကီလိုမီတာ ၁၆ဝ (မိုင် ၁ဝဝ ) သာရှိသည့် ထိုင်ဝမ် ရေလက်ကြားသည် တရုတ်(တိုင်ပေ) နှင့် တရုတ် ပြည်မကြီး၏ အရှေ့တောင်ပိုင်း တို့ကို ပိုင်းခြားထားပြီး တရုတ်(တိုင်ပေ) ကို တရုတ် ပြည်မကြီး၏ နယ်မြေပိုင်နက် အဖြစ် တရုတ်အစိုးရက ယူဆထားကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/01/blog-post_12.html

No comments:

smy909@gmail.com