နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, January 11, 2017

တာချီလိတ်တွင် ရွှေခိုးတူးသည့် တရုတ်နိုင်ငံသား ၈ ဦး ဖမ်းမိ




တာချီလိတ်မြို့နယ်အတွင်း ဝင်ရာက်ပြီး ရွှေခိုးတူး နေကြတဲ့ တရုတ်နိုင်ငံသား ၈ ဦးကို ဖမ်းထားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန် ထားပါတယ်။



ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက တာချီလိတ်မြို့နယ်၊ ဟွေ့လှမ်းကျေးရွာ အနီးမှာ တရားမဝင် ရွှေတူးဖော်နေတဲ့ သတင်းရလို့ တပ်မတော် စစ်ကြောင်းက ရှင်းလင်း ရှာဖွေ ရာမှာ ရွှေခိုးတူးနေ ကြတဲ့ တရုတ် ၈ ဦးနဲ့ မြန်မာ ၂၀ ဦးတို့ကို ရွှေတူးတဲ့ ပစ္စည်းကိရိယာတွေနဲ့ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။



ရွှေခိုးတူးနေသူတွေနဲ့အတူ ဘက်ဟိုး ၃ စီး၊ ဒိုဇာ ၁ စီး၊ မြေသယ်ယာဉ် ၃ စီး၊ မော်တော်ယာဉ် ၁ စီး၊ ရေစုပ်စက် ၃ လုံး၊ မီးစက် ၁ လုံး၊ လူနေတဲ ၃ လုံးတို့ကို သိမ်းဆည်းရမိပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183483

No comments:

smy909@gmail.com