နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, January 12, 2017

ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီနှင့် ကေအန်ယူတပ်အကြား ပစ်ခတ်မှုဖြစ်




တနင်္သာရီတိုင်း ရေဖြူမြို့နယ် အတွင်း မွန်ပြည်သစ် ပါတီတပ်နဲ့ ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ တပ်တို့ အကြား ဒီကနေ့မနက် အစောပိုင်းက တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

ရေဖြူမြို့နယ် အတွင်းက မွန်ပြည်သစ် ပါတီတပ် ထိန်းချုပ်နယ်မြေ အတွင် ကေအန်ယူ တပ်မဟာ ၄ က တပ်က လာရောက် ပစ်ခတ်ခဲ့ တာလို့ ရေးမြို့နယ် မွန်ပြည်သစ် ပါတီ ဆက်ဆံရေး ရုံးတာဝန်ခံ နိုင်ရော့ချမ်းက ပြောပါတယ်။

“မနက် ၆ နာရီလောက်က သဲချောင်း တောထဲမှာဖြစ်တာ။ အဲဒီနေရာ ကျနော်တို့စခန်းကို သူတို့ လာပစ်တာ။”

အဆိုပါ တိုက်ပွဲဖြစ်တဲ့နေရာဟာ မွန်ပြည်သစ်ပါတီ အမှတ် ၂ တပ်ရင်း အခြေချတဲ့နေရာဖြစ်သလို ကေအန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၀ ခွဲ (၃) လှုပ်ရှားတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်သေဆုံးမှုမရှိပေမယ့် အဆိုပါဒေသမှာ နယ်မြေကိစ္စနဲ့ အငြင်းပွား နေတာ ဖြစ်ပြီး ဒီတကြိမ်ပစ်ခတ်မှုနဲ့ပါဆိုရင် ၄ ကြိမ်မြောက်ဖြစ်တယ်လို့လည်း နိုင်ရော့ချမ်းက ပြောပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP)နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ ၁၉၈၈ခုနှစ်မှာ နယ်မြေအငြင်းပွားမှုပြဿနာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပြီး အဲဒီတုန်းက အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF)ရဲစေ့စပ်ညှိနှိုင်းမှုအရ စစ်ရေးပြဿနာ ပြေလည်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဟာမြန်မာအစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေမှာ ပါဝင် သဘောတူလက်မှတ် ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီကတော့ သဘောတူစာချုပ် လက်မှတ် ထိုးထားခြင်းမရှိသေးပါဘူး။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183589

No comments:

smy909@gmail.com