နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, January 12, 2017

သတင်းထောက် ကိုစိုးမိုးထွန်း၏ ၁ လပြည့် ဆွမ်းကပ်အလှူပြုလုပ်




မုံရွာ အခြေစိုက် အလဲဗင်း မီဒီယာ သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံ သတ်ဖြတ် ခံရတဲ့ ၁ လပြည့် အထိမ်း အမှတ် လလည် ဆွမ်းကပ်ပွဲကို သူ့ရဲနေအိမ်မှာ ဒီနေ့ပြုလုပ် ရာမှာ လုပ်ဖော် ကိုင်ဖက်တွေ ခင်မင်သူတွေ ဆွေမျိုး သားချင်းတွေ လာရောက် ခဲ့ကြပါတယ်။



သတင်းထောက်ကိုစိုးမိုးထွန်း အသတ်ခံရတာ ၁ လပြည့်ပြီဖြစ်ပေမယ့် ယနေ့အချိန်ထိတော့ တရားခံလည်း ဖမ်းမိနိုင်ခြင်း မရှိသေးသလို အသတ်ခံရတဲ့ အကြောင်းရင်းကိုလည်း မဖော်ထုတ်နိုင်သေးပါဘူး။



ကိုစိုးမိုးထွန်း အသတ်ခံရတာနဲ့ပတ်သတ်ပြီး အမှုမှန်ပေါ်ဖို့ ဘုရားမှာ ဆုတောင်းခဲ့သူ အချို့ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ သတိပေးဖို့ ခေါ်ယူတာတွေလည်း ရှိခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လူ ၃ ယောက်ကို ရဲတပ်ဖွဲ့က ရမန်ယူ စစ်ဆေးနေပါတယ်။

From : ဒီဗွီဘီ by အောင်ကိုကိုလတ်

Originally published at - http://burmese.dvb.no/archives/183674

No comments:

smy909@gmail.com