နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, January 12, 2017

ဘိုလီးဗီးယားတွင် တန်ချိန် ၁၄ တန်နှင့် ညီမျှသည့် ဆေးခြောက်လယ်ကွင်း ၃ ကွင်း မီးရှို့ ဖျက်ဆီး




ဘိုလီးဗီးယား အထူး တပ်ဖွဲ့ ဝင်တွေဟာ ဇန်နဝါရီ ၁၀ ရက်နေ့က နိုင်ငံ အလယ်ပိုင်း ကိုချာဘမ်ဘာ စီရင်စု မစ်ကဲ့ဇ် စည်ပင်ဒေသ အတွင်းမှာ တန်ချိန် ၁၄ တန်နဲ့ ညီမျှတဲ့ ဆေးခြောက် လယ်ကွင်း ၃ ကွင်းကို မီးရှို့ ဖျက်ဆီး ခဲ့ပါတယ်။

ဒီမူးယစ်ဆေးတွေကို ဒေသတလွှား နေရာတွေကနေ သယ်လာ ခဲ့တာပါ။

အဲဒီနောက် ၂ ဟက်တာ ကျယ်တဲ့ မြေပြင်ပေါ်မှာ စုပုံ ခဲ့တယ်လို့ ဘိုလီးဗီးယား မူးယစ်ကုန်ကူးမှု တားဆီးရေး အထူးတပ်ဖွဲ့ (FELCN) က ဆိုပါတယ်။

ဒါဟာ ဒေသတွင်း ဒီလောက် ပမာဏ ဆေးခြောက် လယ်ကွင်းကို တွေ့တာ ပထမဆုံး အကြိမ်ပဲ၊ ဆေးခြောက် ပင်ဟာ စိုက်ဖို့ ၄ လကနေ ၆ လပဲ ကြာတယ်၊ မိုးကြောင့် အပင်တွေ ပိုပေါက် လာနိုင်တယ်လို့ FELCN ညွှန်ချုပ် စန်တီယာဂို ဒယ်ဂါဒယ်လိုက ပြောပါတယ်။

၁၃ နှစ်ကြာ ကြိုးစားအပြီး ၂၀၁၅ ခုနှစ်ဟာ FELCN ရဲ့ နိုင်ငံတွင်း မူးယစ်ဆေးပမာဏ လျှော့ချနိုင်မှု ပထမနှစ် ဖြစ်လာခဲ့တာပါ။

သမ္မတ အီဗိုမိုရေးစ်က မူးယစ်ထိန်းချုပ်ရေး လူသားဆန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ချဉ်းကပ်မှုပုံစံဖြစ်ဖို့ သူ့ရဲ့ သက်တမ်းတလျှောက် ဆယ်စုနှစ်ချီ ဆော်သြခဲ့ပါတယ်။

ကိုကင်းထုတ်တဲ့ ကုန်ကြမ်း ကိုကာရွက်ကိုလည်း ဆေးပညာဆိုင်ရာ ကောင်းကျိုးပေးလို့ ရှေးခေတ် ယဉ်ကျေးမှုတည်းက ခုထိ ရပ်တည်နေဆဲ ဖြစ်ပါတယ်။

တောင်အမေရိကတိုက် ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ ဘိုလီးဗီးယားဟာ ဒေသတွင်း မူးယစ်ကုန်ကူးမှု ဖြတ်သန်းရာ ကြားခံစခန်းအဖြစ် မကြာခဏ အသုံးချခံရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183658

No comments:

smy909@gmail.com