နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, January 12, 2017

ဆဲလ်ဖုန်းအတွင်း IS ၏ အမှတ်သားများ သိမ်းဆည်းမှု အင်ဒို ၈ ဦးကို မလေးရှား ပြည်နှင်ဒဏ် ပေး




ဂျကာတာ ၊ ၁၂-၁-၂၀၁၇

အင်ဒိုနီးရှား နိုင်ငံသား ရှစ်ဦး သည် ဆဲလ်ဖုန်း အတွင်း IS အဖွဲ့၏ အမှတ် အသားများ သိမ်းဆည်း ထားမှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၁ ရက်တွင် မလေးရှား နိုင်ငံမှ ပြည်နှင်ဒဏ် ပေး ခံလိုက် ရကြောင်း အင်ဒို နီးရှား အစိုးရ တာဝန် ရှိသူ တစ်ဦးက အတည်ပြု ထားသည်။

ပြည်နှင်ဒဏ် ပေးခံရသူ ရှစ်ဦးသည် အင်ဒိုနီးရှားနိုင်ငံ အနောက် ဆူမားတြား ပြည်နယ် ရှိ ကျောင်းတစ်ကျောင်း မှ ကျောင်းသားများ ဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှု ရလဒ်များကို ကိုးကား၍ ပြည်ပရေးရာ ဝန်ကြီးဌာန၏ အင်ဒိုနီးရှား နိုင်ငံသားများ ကာကွယ်ရေး အဖွဲ့ မှ ညွှန်ကြားရေးမှူး မူဟာမက်အီဘယ်လ် က ပြောသည်။

အဆိုပါ ကျောင်းသား များသည် ကျောင်းတွင် ပညာသင်ကြားစဉ် ပရိုဂရမ် တစ်ခုကို လေ့လာရန် ထိုင်းနိုင်ငံ တောင်ပိုင်း ပတ်တနီ ပြည်နယ်နှင့် မလေးရှားနိုင်ငံ သို့ လာရောက်ခြင်း ဖြစ်ကြောင်း အီဘယ်လ် က ဆက်လက် ပြောသည်။

ယင်းကျောင်းသား ရှစ်ဦးအနက် တစ်ဦး၏ ဆဲလ်ဖုန်းတစ်လုံး အတွင်း ISIS အဖွဲ့၏ အမှတ်အသား များကို စင်ကာပူ လူဝင်မှုကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူ များက ရှာဖွေတွေ့ရှိ ပြီးနောက် ဇန်နဝါရီ ၉ ရက်တွင် ၄င်းတို့သည် မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ် သို့ ဝင်ရောက်ရန် တားမြစ်ခံရခြင်း ဖြစ်သည်။

မလေးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့က ၄င်းရှစ်ဦးကို ဇန်နဝါရီ ၁ဝ ရက်တွင် စစ်ဆေးခဲ့ရာ ယင်းတို့သည် အဆိုပါ အမှတ်အသား များကို မတော်တဆ သိမ်းဆည်းမိခြင်း ဖြစ်ကြောင်း မလေးရှား အာဏာပိုင် များက ပြောသည်။

ယင်းနောက် တာဝန်ရှိသူ များသည် စစ်ဆေးမှု ပြီးသည်နှင့် တစ်ပြိုင်နက် ၄င်းတို့ကို ပြည်နှင်ဒဏ် ပေးလိုက်ပြီး အင်ဒိုနီးရှားသို့ ပြန်လည်ပို့ဆောင် ကြောင်းနှင့် ယခုအခါ ၄င်းတို့ကို Riau ပြည်နယ် ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/01/isis_12.html

No comments:

smy909@gmail.com