နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, January 12, 2017

မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်က ပင်လယ် အခြေစိုက် X-Band ရေဒါ ဖြန့်ကျက်မည်




မော်စကို ၊ ၁၂-၁-၂၀၁၇

မကြာသေးမှီက ပြုလုပ်သော မြောက် ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုက ၄င်းတို့၏ ပင်လယ် အခြေစိုက် X-Band အမျိုး အစား ရေဒါတစ်ခုကို ကိုရီးယား ကျွန်းဆွယ် ပေါ်တွင် ဖြန့်ကြက်ရန် ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် မီဒီယာ တစ်ခုက ထုတ်ပြန်သည်။

အမေရိကန် စစ်ဘက်သည် အဆိုပါ ရေဒါကို ကိုရီးယား ကျွန်းဆွယ်မှ မိုင် ၁ဝဝဝ ခန့်အကွာ ကမ်းလွန်တွင် ဖြန့်ကြက်သွားမည် ဖြစ်ပြီး မြောက်ကိုရီးယားမှ ပြုလုပ်မည့် ဒုံးကျည် လွှတ်တင်မှုများ ကို စောင့်ကြည့် ထောက်လှမ်းမည် ဖြစ်ကြောင်း အမေရိကန်စစ်ဘက်မှ အရာရှိတစ်ဦးက ဇန်နဝါရီ ၁ဝ ရက်တွင် FOX News သတင်းဌာနသို့ ပြောသည်။

အမေရိကန်စစ်ဘက် သည် အဆိုပါဒေသ တွင်း၌ အခြား X-Band ရေဒါစနစ်တစ်ခု ကိုလည်း လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် ဖြန့်ကြက် ချထားကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

မြောက်ကိုရီးယား အနေဖြင့် နောက်ထပ် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း ထုတ်လုပ်နိုင်ရန် အတွက် ကြိုတင် ပြင်ဆင်မှုများကို အပြီးသတ် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ယင်းနိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအွန် က နိုင်ငံသို့ပြောသည့် နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုလိုက်ခြင်းကြောင့် ဒေသတွင်းနိုင်ငံ များအား စိုးရိမ်မကင်း ဖြစ်ပေါ် စေကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/01/x-band.html

No comments:

smy909@gmail.com