နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, February 15, 2017

တိုင်းပြည်ကို ဘယ်လို ဆက်လိမ်ကြမလဲ?




(၁၃) ရက်နေ့ မှာ လုပ်ကြံ သတ်ဖြတ် ခံသူ သေနတ် သမား ကြည်လင်းနဲ့ ဆက်စပ် တရားခံ အောင်ဝင်းဇော် တို့ကို လူသတ်မှု လက်နက် ကိုင်ဆောင်မှု ၂ ခုနဲ့ မင်္ဂလာဒုံ ရဲစခန်းမှာ အမှုဖွင့် ထားပါတယ်။

သူတို့၂ဉီးကို မင်္ဂလာဒုံတရားရုံးမှာ ထပ်ချုပ်ဖို့ ရမန်ယူထားပါတယ်။

အများပြည်သူ မသိလိုက်ရဘူး (နံနက် ၁၀ နာရီခွဲမှာ) ရုံးထုတ်လာတယ်အောင်ဝင်းဇော်ရော ၊ ကြည်လင်းရော ပြုံးပြုံးရွှင်ရွှင်ပါပဲ။ တရားလို အဖြစ် လိုက်ပါရမည် ကိုနေ၀င်း မိသားစုရော ဦးကိုနီမိသားစုရော မသိရှိခဲ့ကြပါဘူး။

ကျနော်ပြောတဲ့ ဖြစ်တဲ့နေ နံနက် (၈) နာရီမှာ ပြည်ထဲရေး ဒုဝန်ကြီး ရန်ကုန်ကို နေပြည်တော်သို့ဆင်းလာတယ်။ လုံခြုံရေး အထူးစီမံချက် ဆိုပြီး ရောက်လာပါတယ်။ လုံစည်း အထူးတပ်ဖွဲ့ တွေတောင် မသိခဲ့ကြပါဘူး။ မင်္ဂလာဒုံလေဆိပ်မှ ရဲတပ်ဖွဲ့ဝင် အချို့ကို အတွင်းပြင် အရေးပေါ် ဂျူတီ အပြောင်းလဲလုပ်မယ်ဆိုပြီး နံနက် (၁၁ နာရီ ၄၀ ) မှာ စတင်ပါတယ်။

လုံခြုံရေး လုပ်နေကြ ရဲ့အရာရှိတွေ လုံခြုံရေး နေရာ ပြောင်းပါတယ်။ ပြည်ထဲရေး ဒုဝန်ကြီး ကိုယ်တိုင် ကြီးကြပ်ညွန်ကြားပါတယ်။ သားဖြစ်သူက လေဆိပ် လုံခြုံရေးကို တာဝန်ယူပါတယ် လေဆိပ် တခုလုံးကို တာဝန်ယူပါတယ်။ ဆက်သွယ်ပြောကြားတာတွေစက်ထဲမှာ သုံးတဲ့ အသုံးနုန်းတွေ အားလုံးကွဲပြားပါတယ်။

ကြည်လင်းပြောတဲ့ မြင့်ဆွေဆိုတာ နယ်စပ်မှာ မရှိဘူး (အောင်ဝင်းဇော်ဆိုတာ .. ကိုအောင်စိုး) ထောင်ထွက်ပြောမှ သိသွားကြတာဖြစ်တယ်။ သို့သော် မြင့်ဆွေ တကယ် ရှိပါတယ်။ ကုမ္မဏီနှစ်ခု ထောင်ထားပါတယ်။ ဆိပ်ကမ်းကနေ စိတ်ကြွဆေးနဲ့ ဘိန်းတွေ နိုင်ငံတကာကို ပို့ပါတယ်။ ဟော်တယ်နှစ်ခု နိုက်ကလပ်နဲ့ စာသောက်ဆိုင် (၆) ခု လုပ်ပါတယ်။



သူ့အောက်မှာ စစ်ထောက်လှမ်းရေး ပြုတ်တွေ လုပ်ကြပါတယ် စစ်တပ်ဘက်က အရာရှိတွေ ပြုတ်လာလျင် မြင့်ဆွေဆီကို ရောက်ကြပါတယ်။ တာမွေမှာ ကျနော် ကိုယ်တိုင် ဓါတ်ပုံရိုက်ယူတင်ပြခဲ့သော အိမ်မှ ဖမ်းသွားတဲ့ ဇေယျဖြိုးကို အမှုထဲက ထုတ်လိုက်ပါတယ်။ ဇေယျာဖြိုးရဲ့ ပါပါဖြစ်သူက လက်ရှိ ရန်ကုန်တိုင်းလွှတ်တော်ကြီး၇ဲ့ အကောင်ကြီး ဖြစ်နေပါတယ်။

အောင်ဝင်းဇော် တို့ ဇေယျာဖြိုးတို့ဆိုတာ ပါဝင်သူတွေ တကယ်ဖြစ်ပါတယ်..ဇေယျာဖြိုးက တယ်လီဖုန်းကဒ်နဲ့ ဖုန်းရောင်းဆိုင်း (၄) ဆိုင် ဖွင့်ထားပါတယ်။ တပ်မတော် ထောက်ပြုတ်လည်း ဖြစ်ပါတယ်။ ပုလဲ အမှတ်(၈) ရဲတပ်ရင်း တပ်ရင်းမှုး (နုတ်ထွက်) မှ မြင့်ဆွေတို့ ကုမ္မဏီ တစ်ခု အတူတွဲထောင်ထားပါတယ်…ပုလဲ တပ်ရင်းမှူး(နုတ်ထွက်) ထံမှာ ကိုစိုးနောင် ( ၂) လ အောင်ဝင်းဇော်နဲ့ အတူ အလုပ်လုပ်ဘူးပါတယ်။ ကိုစိုးနောင် (လေးလောင်းပြိုင်) မိသားစု ပါ။ ကိုစိုးနောင်က မဟုတ်တာလုပ်မှန်းသိသွားလို့ ထွက်ခဲ့ပါတယ်။ ပြီးတော့ နုတ်ပိပြီး လိုက်သတ်တာ ပါပဲ။

မြင့်ဆွေ အစစ်က ကောင်းခါး ပြည်သူ့စစ်ခေါင်းဆောင်ပါ။ဖြစ်စဉ်တွေအားလုံး ဖမ်းဆီးထားသူတွေ အတော်များများကို ပြန်လွှတ်ပေးနေပါပြီ မာဖီးယားတွေကို သားသတ်လိုင်စင် ပြန်ပေးတဲ့ သဘောမျိုးဖြစ်နေပါတယ်။ မူးယစ်ဆေးဝါးတွေ မင်္ဂလာဒုံက တပ်မတော် ခြံတစ်ခုထဲကို ပို့ပါတယ်။ င်္ဒီလောက်ဆို တိုင်းပြည်ကို ပြည်ထဲရေး ဘာဆက်လိမ်မလဲ။

သမ္မတရုံး မှ ဦးဇော်ဌေး ဘာဆက်လိမ်မလဲ….? စောင့်ကြည်မယ် ဒီလောက်ဆို ကျနော် တောင်ပုံရာပုံ သိထားတယ်ဆိုတာ လူလိမ်တွေ လူယုတ်မာတွေ မာဖီးယားတွေ သိသင့်သလို ပြည်သူတွေကိုလည်း သိအောင် ကျနော် လုပ်ပေးပါ့မယ်။

အမှန်တရားသည်သာ သစ္စာ ဂိုလ်ရှယ်လေး မှ ကူးယူဖော်ပြသည်။

From : Sunthit.com by Sunthit.com

Originally published at - http://www.sunthit.com/news


No comments:

smy909@gmail.com