နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, February 15, 2017

ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရတဲ့ ကိစ္စ သတင်းစာ ရှင်းလင်းမည်




တရား လွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား လုံခြုံ​ရေး အကြံ​ပေး ဦး​သောင်းထွန်းက သတင်း မီဒီယာ တွေကို ရှင်းလင်း ပြောကြား မယ်လို့ ပြန်ကြားရေး ၀န်ကြီး ဌာနမှ သိရ ပါတယ်။

သည်ကနေ့မနက် ၁၀ နာရီအချိန်မှာ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာန (NRPC )မှာ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းနဲ့မြန်မာနိုင်ငံအခြေစိုက် သံရုံး၊ အဖွဲ့ရုံးတွေမှ အကြီးအကဲတွေ/ကိုယ်စားလှယ်တွေ မိတ်ဆက်တွေ့ဆုံနေပါတယ်။

အဲသည်​​တွေ့ဆုံပွဲအပြီးမှာ ရှင်းလင်း​ပြောကြားသွားမှာဖြစ်​တယ်​လို့ သိရပါတယ်​။

အခုနှစ်​ ဇန်န၀ါရီလ ၂၉ ရက်နေ့ က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေး ဦးကိုနီဟာ ပြည်ထောင်စု ၀န်ကြီးဒေါက်တာ ဦးဖေမြင့် ဦးဆောင်တဲ့ မြန်မာ ကိုယ်စား လှယ်အဖွဲ့နဲ့  အတူသွား ရောက်ခဲ့တဲ့ အင်ဒိုနီးရှား ခရီးစဉ် အပြန် ရန်ကုန် လေဆိပ်မှာ သေနတ်နဲ့  အနီးကပ်ပစ် သတ်ခံခဲ့ ရတာ ဖြစ်ပါတယ်။

လုပ်ကြံသူဦး ကြည်လင်းကို ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက၀ိုင်းဝန်း ဖမ်းဆီးခဲ့ကြရတဲ့အပြင် အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦးနေ၀င်း ဟာလည်း သေနတ် သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဇန်န၀ါရီလ ၃၀ ရက်နေ့ က ဦးကိုနီ လုပ် ကြံခံရမှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်ဆိုတဲ့ တရားခံလို့ ယူဆရသူ ဦး အောင်ဝင်းဇော်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့  နိုင်ငံတော် သမ္မတရုံးက ဖေဖော်ဝါရီိလ ၃ ရက်နေ့ မှာ သတင်းထုတ်ပြန်ကြေညာထားပါတယ်။

နိုင်ငံတော်သမ္မတရုံးက ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ ဆက်စပ်တရားခံတွေကို ဖမ်း ဆီးရမိရေး ဆက်လက်စုံစမ်းဖော် ထုတ်ရရှိမှု အခြေအနေတွေကို မူ တည်ပြီး ပြည် သူကို အသိပေး တင်ပြသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့  ဘာ သာရေးနဲ့  လူမျိုးရေး သွေးထိုး လှုံ့ဆော်တာတွေ အထူး သတိပြုဖို့ ၊ အခုဖြစ်စဉ်နဲ့ ပတ်သတ်တဲ့ သတင်းတွေ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်တာတွေ တွေ့ရှိမယ်ဆိုရင် တာဝန်ရှိသူတွေ ထံ အမြန်ဆုံး ဆက်သွယ်ပေးဖို့ မေတ္တာ ရပ်ခံ ထားပါတယ်။

ဒါ​ပေမယ့်​ ဦးကိုနီလုပ်​ကြံခံရပြီး နှစ်​ပတ်​ခန့်​ကြာမြင့်​တဲ့အချိန်​အထိ တိကျတဲ့ရှင်းလင်း​ပြောဆိုတာ​တွေမရှိ​သေးပါဘူး။

Author ချမ်းသာ

From : ဒီဗွီဘီ By အိမမမွန်

Originally published at - http://www.kumudranews.com


No comments:

smy909@gmail.com