နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, February 15, 2017

ရဲအား မော်တော်ယာဉ်ဖြင့် တိုက်ပြီး ထွက်ပြေး သွားသူအား ဖမ်းဆီး




၁၃.၂.၂၀၁၇ ရက်နေ့ နံနက် ၂ နာရီအချိန် ခန့်တွင် မြောက် ဥက္ကလာပ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် နယ်မြေ အ တွင်း ဆိုင်ကယ် လှည့်ကင်း တာဝန်
ဆောင်ရွက်စဉ် လမ်းဘေး အုတ်ခုံပေါ်၌ အရက်သေစာ သောက်စား နေသူ လူငယ်(၄) ဦးအား ညဥ့်နက် နေပြီဖြစ်၍ နေအိမ်သို့ပြန်ကြရန် တာဝန် အရ ပြောဆိုခဲ့ရာ ကျေနပ်မှု မရှိသဖြင့် ၎င်းတို့ (၄) ဦးအ နက် ဇော်သန့်မှ 8I-7434 စူပါကာစတန် မော်တော်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊ မေဓါဝီလမ်း မကြီးနှင့် ၀ဇီရာ လမ်းဆုံ အနီး၌ ဆိုင်ကယ် လှည့်ကင်း တာဝန်ဆောင်ရွက်နေသူ ရဲတပ်ကြပ် ညီညီထွေး စီးနင်းနေေ သာ မော်တော်ဆိုင်ကယ် အား နောက်မှ တိုက်ပြီး မောင်းနှင် ထွက်ပြေးသွား ခဲ့သဖြင့် ယာဉ်တိုက်ခံ ရသူ ရဲတပ်ကြပ် ညီညီထွေးမှာ ယာချိုစောင်း ဖူးရောင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာ များရရှိခဲ့ပြီး မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ တင်ပို့ ကုသနေ စဉ် ၀၃၂၀ အချိန်တွင် သေဆုံး သွားခဲ့ကြောင်း သိရှိရပါသည် ။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲတပ်ကြပ် ညီညီထွေးပါ ရဲတပ်ဖွဲ့ဝင်(၄) ဦးတို့သည် လှည့်ကင်းလမ်းကြောင်း (၂) တွင် တာဝန် ထမ်းဆောင်နေစဉ် မြောက် ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊ သန္တာ(၆)လမ်းထိပ် အရောက်၌ လမ်းေ ဘးအုတ်ခုံပေါ်တွင် လူငယ် ၄ ဦး အရက်သေစာ သောက်စားနေသည်ကိုတွေ့ရှိသဖြင့် မေးမြန်း ရာ မြောက် ဥက္က လာ ပမြို့နယ်နေသူ များဖြစ်ကြသည့် ဇော်သန့်၊ ဖြူတုတ်(ခ)ထက်ကျော်ကို၊ အငယ်လေး(ခ)သန့်ဇင်အောင်နှင့် ဥာဏ်လင်း တို့ဖြစ်ကြောင်း သိရှိရ သည် ။



လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက တာဝန် အရ အိမ်ပြန်ကြရန်ပြောဆိုခဲ့ကာ လှည့်ကင်းတာ ၀န်ကို ဆက်လက်ဆောင်ရွက်နေခဲ့ကြောင်း၊ ထိုသို့ပြောဆို ခဲ့သည်ကို
aဇ်ာသန့်ပါ (၄) ဦးတို့မှ ကျေနပ်မှု မရှိသော်လည်း သန့်ဇင်အောင်မှ နေအိမ်သို့ပြန်သွား ခဲ့ကြောင်းနှင့် ဇော်သန့်ပါ(၃)ဦးတို့မှ ၎င်း၏ 8I-7434 စူပါကာစတန်ယာဉ်ဖြင့် သု နန္ဒာလမ်းထိပ်ရှိ ဆီဆိုင်သို့သွားရောက်၍ဆီဖြည့်စဉ် ဥာဏ်လင်းမှာ ၎င်းနေရာ၌ကျန်နေခဲ့ကြောင်း ၊ ဇော်သန့်မှ ဖြူတုတ် (ခ) ထက်ကျော်ကို နေထိုင်သော သန္တာလမ်း ထိပ်ရှိနေအိမ်သို့ လိုက်လံ ပို့ဆောင်ပေး ခဲ့ပြီး ရွှေပေါက္ကံနေအိမ် သို့ပြန်ရန်အ တွက် မေဓာဝီလမ်းအတိုင်းမောင်းနှင်ခဲ့ရာ ၀ဇီရာလမ်းထိပ်အရောက် ဆိုင်ကယ် လှည့်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရှိရပြီး နောက်ဆုံးမှ ဆိုင်ကယ်မောင်းနှင်နေသော ရဲတပ်ဖွဲ့ဝင်အား ၎င်းမောင်းနှင်ေ သာမော်ေ တာ် ယာဉ်ဖြင့် တိုက်ခဲ့ပြီး မောင်းနှင် ထွက်ပြေးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည် ။



လှည့်ကင်းဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင်အား မော်တော်ယာဉ် ဖြင့်ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွား သူ ဇော်သန့်အား ဖမ်းဆီးရမိရေး အတွက် မြောက် ဥက္ကလာပမြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းခက်ပါတပ်ဖွဲ့ဝင်များ က လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်မှာ ရွှေပေါကံ္ကမြို့သစ်၊ (၁၂) ရပ်ကွက်၊ အောင်ရွှေစင်လမ်း အတွင်း ရပ်ထား သည်ကိုတွေ့ရှိရပြီး ၎င်းလမ်း နေ ဦးမျိုးခိုင်၏ယာဉ်ဖြစ်ကြောင်းသိရှိရသဖြင့် မေးမြန်းရာ ၎င်း၏သားဖြစ်သူ ဇော်သန့်မှာ ၀၂၅၀ အချိန်တွင် နေအိမ် သို့ပြန်လာပြီး ယာဉ်အားထားကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်ရှိနေအိမ်သို့ ထွက်သွား ကြောင်းသိရှိရ၍ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ၀၅၀၀ အချိန်တွင် ဇော်သန့်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေအိမ်မှ လက်ရဖမ်းဆီးရမိခဲ့ပါသည် ။



လှည့်ကင်း တာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်အား ယာဉ်ဖြင့် ၀င်တိုက် ပြီး သေစေအောင်ပြုလုပ်သူ ဇော်သန့် အား မြောက်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇/၃၀၄-က/၂၇၉/၂၀၂ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည် ။

Yangon Police

From : Sunthit.com

Originally published at - http://www.sunthit.com/news



No comments:

smy909@gmail.com