နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, March 17, 2017

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီးအား လက်ခံ တွေ့ဆုံ




နေပြည်တော် မတ် ၁၆

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် စင်ကာပူ သမ္မတ နိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့် ၀န်ကြီး မစ္စတာ ဂိုချောက်တောင်အား ယနေ့နံနက် ၁၁နာရီခွဲ တွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ လက်ခံ တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊
နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်တင် နှင့်မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာတို့သည် စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူး ဆောင်ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်တို့သည် သင်္ဂဟဟိုတယ် Private Dining Room ၌ တွေ့ဆုံဆွေးနွေးကြသည်။

Ref; Myanmar State Counsellor Office

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com/2017/03/blog-post_785.html

No comments:

smy909@gmail.com