နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, March 23, 2017

သား ကောင်း မေမေ


သားငယ် ကောင်းကောင်းနှင့် အတူ ပျော်ရွှင်စွာ တွေ့ရသည့် မသွယ်သွယ်မိုး


မြေလတ်ပိုင်း ဒေသ တစ်ခု ဖြစ်သော မကွေးတိုင်း ဒေသကြီး ရှိ သရက် ပြည်သူ့ ဆေးရုံ၏ အ မျိုးသမီး လူနာဆောင် တစ်ခုတွင် မွေးဖွားပြီး ခါစ မီးနေသည် အမျိုးသ မီး တစ်ဦး ခုတင်ပေါ်တွင် အားအင် ချည့်နဲ့စွာ လဲလျောင်းနေသည်။

သူ့အနားတွင်တော့ အမျိုးသမီးကြီးတစ်ဦးက ကလေးငယ်တစ် ဦးကိုချီထားရင် ခုတင်ပေါ်ရှိ သမီးဖြစ်သူ၏ ဖြစ်အင်ကို ညှိုးငယ်သောမျက်နှာဖြင့် ကြည့်နေသည်။

အမျိုးသမီးကြီး၏ လက်ထဲတွင်ပွေ့ချီ ထားသော မွေးခါစ သားငယ်လေးကတော့ ထိုအဖြစ်အပျက်တွေကို ဘာမျှသိယောင်မပြ။ အေးချမ်း စွာအိပ်ပျော်နေသည်။

ကလေးချီထားသည့် အမျိုး သမီးကြီး စိတ်မသက်မသာဖြစ် မည်ဆိုလျှင်လည်း ဖြစ်လောက် သည်။ ခုတင်ပေါ်ရှိ မွေးဖွားပြီးစ သူ့သမီးမှာ သာမန်မီးနေသည်တွေ လို သက်သက်သာသာ လဲလျောင်းနေရခြင်းမျိုး မဟုတ်။ သူ့ဘယ်ဘက်လက်ကို ခေါင်းရင်းရှိ ခုတင်တိုင်ဖြင့်တွဲကာ လက်ထိတ်ခတ်ထားသည်။

လက်ထိတ်တင်မဟုတ်။သူ့ဘယ်ဘက်ခြေထောက်ကိုလည်း ခုတင်ခြေရင်းတန်းဖြင့် သံကြိုးကြီးတစ်ချောင်း၊ သော့ခလောက်ကြီး တစ်ခုနှင့် တွဲကာ ခတ် ထားသည်။

လေတိုးလျှင်ပင် နာတတ်သော မီးနေသည်အဖို့ လက်ရောခြေပါ လက်ထိတ်တွေ၊သံကြိုးတွေဖြင့် အခတ်ခံထားရတော့ အနည်းငယ်လှုပ်လိုက်သည်နှင့်ပင် သူ့ခမျာနာလွန်းလှသည်။

ခုတင်ပေါ်ရှိ မီးဖွားပြီးစ အ မျိုးသမီးမှာ အသက် (၂၉)နှစ်အ ရွယ် မသွယ်သွယ်မိုးဖြစ်သည်။ သာမန်အချိန်မျိုးဆိုလျှင်တော့ သားလေးတစ်ဦးထပ်မွေးရချိန် မသွယ်သွယ်မိုး အင်မတန်ပျော်မိ မှာ အသေအချာပင်။

သမီးတစ်ဦး ရပြီးကတည်းက အမျိုးသားရောမသွယ်သွယ်မိုးပါ သားလေးတစ်ဦး ထပ်ရချင်ခဲ့ကြသည်။ နောက်ထပ် ကိုယ်ဝန်ဆောင်ခဲ့နိုင်သော် လည်း ကံဆိုးစွာ ထိုကိုယ်ဝန်မှာ တစ်လခွဲလောက်နှင့် သားလျှောခဲ့ရသည်။

သမီးကြီးအသက် (၁၁) နှစ်ခန့် ရောက်လာချိန် မှာတော့ သူတို့ဘ၀လေးထဲကို နောက်ထပ် ရတနာလေးတစ်ပါး ထပ်ရောက်လာဖို့ အကြောင်းဖန် လာခဲ့သည်။ သို့သော် ထိုရတနာလေးရောက်လာမှန်းမသိရသေး ခင် လပိုင်းအလိုမှာတော့ မသွယ်သွယ်မိုးတို့ ဘ၀တစ်ဆစ်ချိုး ပြောင်းလဲဖို့အကြောင်းတစ်ခု ဖန် လာခဲ့သည်။

မသွယ်သွယ်မိုးအမျိုးသား က ယာဉ်မောင်းဝန်ထမ်းတစ်ဦး ဖြစ်ပြီး အလုပ်အကိုင် မကောင်းခြင်း ကြောင့် မသွယ်သွယ်မိုးအပို ၀င် ငွေကလေးရအောင် သူတို့နေ သည့် မင်းဘူးမြို့နယ် ကျွဲသိုးမြှောင် ကျေးရွာ၊ မင်းဘူး-မင်းလှ-မကွေးလမ်းဆုံးအနီးတွင် ကွမ်းယာဆိုင် ကလေးဖွင့်ခဲ့သည်။

ကွမ်းဆိုင်က လေးနှင့်အတူ ရေသန့်ဘူးလေး တွေ၊ ဓာတ်ဆီပုလင်းလေးတွေပါ ရောင်းကြည့်သည်။ ဓာတ်ဆီက တစ်ဘူးငါးဆယ်မြတ်တာမို့ ဆယ်ဘူးကုန်လျှင်
ငွေငါးရာမြတ်သည်။ ကွမ်းယာက နည်းနည်း၊ ရေသန့် ကနည်းနည်း၊ ဓာတ်ဆီက နည်း နည်းစသဖြင့် အမြတ်ကလေး လေး၊ငါးရာစီပေါင်းတော့ တစ်နေ့ တစ်နေ့ သုံး၊လေးထောင်ရလည်း မဆိုးဟုဆိုကာ ရောင်းသည်။ သူ စရောင်းတာမှ မကြာသေး၊ သုံးလ တောင်မပြည့်သေးခင် မသွယ်သွယ်မိုးတစ်ယောက် ငါးပါးမှောက်လေတော့သည်။

၂၀၁၆ ဖေဖော်ဝါရီ ၂၇ ရက်နေ့ခင်း ၁၁ နာရီကျော်ကျော် လောက်တွင် အရပ်ဝတ်ရဲဝန်ထမ်း တချို့နှင့် မီးသတ်ဝန်ထမ်းများ မသွယ်သွယ်မိုးတို့ ဆိုင်နားရောက် လာသည်။

မသွယ်သွယ်မိုးဆိုင် တင်မက သူတို့လမ်းတစ်လျှောက် ရှိ လမ်းဘေးဆီဆိုင်ငယ်လေးတွေ ဆီ ထိုဝန်ထမ်းတွေဝင်လာခဲ့ သည်။ မသွယ်သွယ်မိုးတို့ဆိုင် တွေကတော့ လူကြီးလမ်းကြောင်း တစ်ခုရှိသည်ကြား၍ လွန်ခဲ့သည့် သုံးလေးရက်လောက်ကတည်းက ဓာတ်ဆီဘူးလေးတွေကို လမ်းပေါ်ခင်းမရောင်းတော့ဘဲ ကွမ်းဆိုင် နောက်ရှိ မြောင်းထဲတွင်သာ အုပ်ထားသည်။

မကြာမီထိုဝန်ထမ်း တွေက ဆိုင်ဝန်းကျင်ဝင်စစ်ဆေးပြီး ဆီဘူးတွေကိုသိမ်းသည်။ ထို့ အပြင် ရဲကားတစ်စီးရောက်လာ ပြီး ရဲဝန်ထမ်းတွေပါ ကားပေါ်က ဆင်းလာတော့ မသွယ်သွယ်မိုးတို့ ဆီဆိုင်ငယ်လေးတွေ ထိတ်လန့် ကုန်သည်။ မကြာပါ။ မသွယ်သွယ်မိုး အပါအ၀င် ထိုလမ်းတစ် လျှောက်ရှိ ဆီရောင်းသူအမျိုးသ မီး ခြောက်ဦးနှင့် အမျိုးသား နှစ်ဦးတို့ကို မင်းဘူးမြို့နယ် ရဲစခန်း သို့ ခေါ်ဆောင်သွားတော့သည်။

မသွယ်သွယ်မိုးတို့အနေဖြင့် ယခုလိုအဖြစ်မျိုး မကြုံဖူး၍ အ နည်းငယ်ထိတ်လန့်မိသော်လည်း ဒဏ်ငွေလောက်နှင့်သာ ပြီးမှာပါ လေဟု အပြန်အလှန်အားပေး ကာ ရဲစခန်းကိုလိုက်ခဲ့ရသည်။ ရဲစခန်းရောက်တော့ သူတို့ရှစ်ဦးကို သူတို့နာမည်တွေတန်းစီရေး ထားသော စာရွက်တစ်ရွက်ပေါ် ၌ လက်မှတ်တွေထိုးခိုင်းသည်။

ဆက်သွယ်ရမည့် ဖုန်းနံပါတ်တွေရေးပေးရသည်။ ရဲအရာရှိက လည်း ပြောသည်။ ဒဏ်ငွေလောက်နှင့် ပြီးမှာပါဟု။ မသွယ်သွယ်မိုး စိတ်ထဲတွင်လည်း တစ်ဘူးငါးဆယ်လောက်သာ မြတ်သည့်ဓာတ်ဆီ ဘူးရောင်းခြင်းသည် တရားမ၀င်လုပ်ငန်းဟုလည်း နားမလည်၊ အပြစ်ကြီးတစ်ခုလို့လည်း မယူဆ။ ဒဏ်ငွေလောက်နှင့် ပြီးမှာပါလေဟု သဘောထားကာ အိမ်ပြန်ခဲ့ကြသည်။

တစ်လလောက်အကြာတွင် တော့ မသွယ်သွယ်မိုးတို့ဆီ ရဲစ ခန်းက ဖုန်းတွေဆက်ကာ အ ကြောင်းကြားလာသည်။ ‘‘မနက် ဖြန် မင်းဘူးမြို့နယ်တရားရုံးမှာ ရုံးချိန်း လာခဲ့ပါ’’တဲ့။ မသွယ်သွယ်မိုး တို့တစ်တွေ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာခဲ့သည်။

ဒဏ်ငွေဆောင်လိုက် ရုံနှင့်ပင် မပြီးနိုင်တော့ဘူးတဲ့။ ကြောက်ရ၊ လန့်ရသည့် ရုံးတွေ၊ကနားတွေ ရောက်ကြရတော့မည် မို့ အားလုံးကိုယ်စီ စိတ်တွေညစ် ကုန်ကြသည်။

ထိုသို့ဖြင့် မသွယ်သွယ်မိုးတို့ တစ်တွေ မင်းဘူးမြို့နယ် တရားရုံး ကို ရောက်ခဲ့ကြရသည်။ မသွယ် သွယ်မိုးတို့ ရှစ်ဦးစလုံး အရေးကြီး ကုန်စည်ရောင်းချမှုဖြင့် တရားစွဲ ဆိုခံရသည်။

စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေ ရသည့်ကြား တစ်ပူပေါ်နှစ်ပူဆင့်ကာ မသွယ်သွယ်မိုးတို့ တရားရုံးဆီ မကြာခဏပြေးကာ အမှုရင်ဆိုင် ရသည်။

ထိုသို့အမှုရင်ဆိုင်နေရင်း ဖြင့် မသွယ်သွယ်မိုးထံသို့ ရတနာလေးတစ်ပါး ရောက်လာဖို့ အ ကြောင်းဖန် လာခဲ့လေသည်။

ရုံးချိန်းသွားလိုက်၊ ဈေးပြေး ရောင်းလိုက်ဖြင့် လေးလလောက် အကြာတွင် မသွယ်သွယ်မိုးတစ် ယောက် မကြာခဏ မူးလာတတ် သည်ကို ကိုယ့်ကိုယ်ကိုယ် သတိ ထားမိသည်။ စစ်ဆေးကြည့်လိုက် တော့ မသွယ်သွယ်မိုးရော အမျိုး သားပါ နှစ်ရှည်လများ မျှော်လင့်ခဲ့ရသည့် နောက်ထပ်သားသမီးရတနာတစ်ဦး ရောက်လာတော့ မည်ကို သိလိုက်ရတော့သည်။ မသွယ်သွယ်မိုး ကလေးတစ်ဦးထပ်ရတော့မည်မို့ ပျော်လည်း ပျော်မိသည်။

သို့သော်

ပျော်ရင်းငေးငိုင်သွားပြန်သည်။ လက်ရှိသူကအမှုရင်ဆိုင်နေရတော့ ဒီကိုယ်ဝန်ကြီးဖြင့် ဘယ်လိုများရှေ့ဆက် ရပါ့မလဲ တွေးကာပူမိသည်။ အမျိုးသားကတော့ အားပေးသည်။ ဆီတွေ ပီပါလိုက်မိလျှင်တောင် ဒဏ် ငွေငါးသိန်း လောက်သာ ကြားဖူးထားသည် ဆိုတော့ ဆီလေး လေး ငါးပုလင်းလောက် ဖမ်းမိတာ အဲ သလောက် မဆိုးနိုင်၊ ငါးသိန်းဆို စေဦး၊ သူပိုက်ဆံစု ထားသည်၊ ဘာမျှပူရန်မလိုဟု ကိုယ်ဝန်ဆောင်ဇနီးသည်အား အားပေးခဲ့သည်။

ကလေးကို အာထရာ ဆောင်းသွားရိုက်တော့ သားက လေးဖြစ်သည်ဟု သိရသည်။ မသွယ်သွယ်မိုးကျေနပ်ရပါသည်။ သမီးတစ်ဦးရပြီးပြီမို့ သားလေးတစ်ဦးလိုချင်ခဲ့တာ ဆန္ဒပြည့်ဝရတော့မည် ဖြစ်သည်။ သို့သော်သည်ကလေး ကိုယ်ဝန်ရှိတော့ ညညအစာစားလျှင် ရင်ဘတ်ထဲကျပ်သိပ်နေကာ နေလို့ ထိုင်လို့မကောင်း။

အာထရာဆောင်းအဖြေအရ ကလေးမှာ တင်ပါးဆုံဖွားမို့ မိခင်ရင်ခေါင်းကို ဆောင့်မိနေ၍ဖြစ် ကြောင်း၊ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိနိုင်သဖြင့် ရိုးရိုးလက်သည်တွေဖြင့် အိမ်မှာမွေးခြင်းမျိုး လုံးဝမလုပ်ရန်နှင့် အိုဂျီ(သားဖွားမီးယပ်ဆရာဝန်) အပ်ကာ ဆေးရုံတွင်မွေးရန် သတိပေးခဲ့သည်။

ဆေးရုံကပြန်လာကတည်း က မသွယ်သွယ်မိုးစိတ်တွေ ယောက်ယက်ခတ်နေခဲ့သည်။ ကိုယ်ဝန်ကလည်းရှိနေ၊ အမှုက လည်း မကြာခင် စီရင်ချက်ချတော့ မည်။

အကယ်၍များ ထောင်တွေ တန်းတွေ ကျသွားခဲ့လျှင် သူ့သား ငယ်ကလေးကို ထောင်ထဲတွင် မွေးရတော့မည်။ ဘယ်လိုမှရှောင်လွှဲ ၍ မရနိုင်တော့။ အပြင်မှာ လွတ်လွတ်လပ်လပ်နေရလျှင်တောင် ကိုယ်ဝန်ဆောင်မိခင်ဘ၀ သင်္ချိုင်းကို တစ်နေ့မျက်စောင်း သုံးခါထိုးရလောက်အောင် အသက် အန္တရာယ်များလွန်းလှသည်။

ယခုလို ထောင်ထဲကျဉ်းထဲ ကျပ်ထဲမှာ များ သူ့သားလေးကို မွေးဖွားခဲ့ရ လျှင် ....

မသွယ်သွယ်မိုး ညတွေအိပ် မပျော်တော့။ အရူးတစ်ယောက် လို စိတ္တဇဖြစ်ကာ ကယောင် ချောက်ချားတွေ ဖြစ်နေခဲ့သည်။

နောက်ဆုံးသူ့လိုပင် တရား ရင်ဆိုင်သည့်ထဲပါသည့် ကလေး နှစ်ဦးမိခင်နှင့်အတူ တရားသူကြီး ဆီ ကြောက်ကြောက်လန့်လန့်ဖြင့် သွားတွေ့ကြသည်။ သူတို့မှာရှိ နေသည့် ဒုက္ခတွေကို သွားပြော ကြသည်။ တရားသူကြီး ကတော့ ဒဏ်ငွေလောက်နှင့်ပင် ပြီးလောက် မှာပါဟု အားပေးခဲ့သည်။

၂၀၁၆ စက်တင်ဘာ ၂၃ ရက်မှာတော့ မသွယ်သွယ်မိုးတို့ ထုံးစံအတိုင်း တရားရုံးကို ရောက် လာခဲ့ကြသည်။ တစ်စတစ်စ ပေါ် လာပြီဖြစ်သည့် မသွယ်သွယ်မိုး ဗိုက်ကလေးကြောင့် ဗိုက်ဖုံးအင်္ကျီ တ၀ဲဝဲဖြင့် တရားရုံးရောက်လာခဲ့ သည်။ တရားရုံးဝန်ထမ်းတစ်ဦးက တော့ မသွယ်သွယ်မိုးတို့ကို ထမင်းစားထားကြဟု လှမ်းပြော သည်။ ဘာကြောင့်လဲဟု တွေးမိ ကြသည်။

တရားခွင်စတင်ချိန်မှာ တော့ မသွယ်သွယ်မိုးတို့နောက်တွင် ရဲမေများနှင့် ရဲတပ်သားများ ၀ိုင်းလာကြသည်။ သူတို့ကြားဖူး သည်က အမိန့်ချတော့မည်ဆို လျှင်၊ ထောင်ဒဏ်အချခံရမည်ဆို လျှင် နောက်မှာရဲတွေဝိုင်းထား လေ့ရှိသည်ဆိုတော့ အခြေအနေ တော့ မကောင်းတော့ဘူးဟု ရိပ် စားမိသည်။

ထင်သည့်အတိုင်း ပင်။ မသွယ်သွယ်မိုးတို့ကို ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ်ငါးထောင်ကျပ်စီပေးဆောင်ရန် အ မိန့်ချလိုက်လေတော့သည်။

တရားခွင်တစ်ခုလုံး ဆူညံ သွားသည်။ အားလုံးငိုကြ၊ ယိုကြ သည်။ မသွယ်သွယ်မိုးကတော့ ဘာစကားမှလည်း မပြောနိုင်၊မျက် ရည်လည်းမကျဘဲ တရားသူကြီး ကိုသာ အံ့သြတကြီးစေ့စေ့ကြည့် နေမိသည်။

သူဥပဒေတွေ တစ်ခု မှ နားမလည်ပေ။ ပြဋ္ဌာန်းထား သည့် ဥပဒေပုဒ်မတွေ၏ ပြစ်မှုပြစ်ဒဏ် စီရင်ပိုင်ခွင့်တွေကိုလည်း သူသ ဘောမပေါက်ခဲ့ပေ။ သူသိသည်က သူရင်ဆိုင်ရမည့် အခက်အခဲတွေ၊ သူ့လက်ရှိ အနေအထားတွေကို တရားသူကြီးအား သွားပြောပြ ထား၍ ယခုလိုအမိန့်မျိုးချလိမ့်မည် ဟု မသွယ်သွယ်မိုး လုံးဝမမျှော် လင့်ခဲ့ခြင်းသာ ဖြစ်သည်။

သူတို့တစ်တွေကို တရားရုံး မှတစ်ဆင့် ရဲစခန်းခေါ်ခဲ့သည်။ တခြားသူတွေက ကိုယ့်မိသားစု တွေပါလာခဲ့ကြသော်လည်း မသွယ်သွယ်မိုးကတော့ အမိန့်မချသေးဘူး ထင်၍ မိဘတွေလည်းပါမလာ။ လင်သားကလည်း ခရီးထွက် နေရသည်ဆိုတော့ တစ်ယောက်တည်းသာ။ ရဲစခန်းရောက်မှ ဖခင်နှင့် လင်သားထံလှမ်းအသိ ပေးသည်။

ဖုန်းဆက်တော့လည်း ဖခင်က ဟယ်လို လုပ်နေတာတောင် မသွယ်သွယ်မိုး ကောင်းကောင်းမပြောနိုင်။

‘‘အဖေ သမီး သွယ်သွယ်မိုး’’

‘‘အေး .. ငါ့သမီးပြောလေ ဘာဖြစ်လို့တုံး’’ ‘‘အဖေ .. သမီး လေ .....’’ မသွယ်သွယ်မိုး ရှေ့ ဆက်မပြောနိုင်တော့ဘဲ မျက်ရည် တွေကျလာခဲ့သည်။ ဖခင်က ဇွတ် မေးတော့မှ ‘‘သမီးကိုထောင် ခြောက်လချလိုက်ပြီ’’ ဟု ပြောလိုက်ရသည်။

ဖခင်ကတော့ အသံခေတ္တတိတ်သွားခဲ့ပြီး ချက်ချင်းပင် ဘာမှအားမငယ်ဖို့ အခုချက်ချင်း လာခဲ့မယ်ဟု ပြောခဲ့သည်။ လင် သားဆီဆက်တော့လည်း ထိုအ တိုင်း။ တရားရုံးမှာတင်းနေခဲ့သမျှ ရဲစခန်းရောက်မှ အတိုးချငိုလေ တော့သည်။

အချုပ်လာတွေ့တော့လည်း အပြင်ကလူတွေလည်းငို၊ အထဲကလူတွေလည်း ငိုသည်။ မိဘဆွေမျိုးနှင့် လင်သားကတော့ အားမငယ်ဖို့ နေ့စဉ်လာအားပေးသည်။

မသွယ်သွယ်မိုးကတော့ သူ့ကလေးကို ထောင်ထဲတွင် မွေးရတော့ မည်ဟုတွေးကာ နေ့ရှိသရွေ့ ငိုလေတော့သည်။ ၁၃ ရက်လောက်အချုပ်ထဲတွင်နေပြီးနောက် မသွယ်သွယ်မိုးတို့ကို သရက်ထောင်သို့ ပို့လိုက်သည်။

သရက်ထောင်ပို့ချိန် မသွယ်သွယ်မိုးတို့ ဆီရောင်းခဲ့သည့်နေရာနား အချုပ်ကားဖြတ်တော့ အပေါက်ကလေးထဲကနေ ချောင်းကြည့်လိုက် သည်။ မိသားစုနှင့် ဆွေမျိုးတွေက လမ်းဘေးကနေရပ်ကာ နှုတ်ဆက်နေကြသည်ကို တွေ့ရသည်။ သို့သော် မသွယ်သွယ်မိုးတို့ကတော့ လှမ်းမမြင်နိုင် ခဲ့ပေ။

မသွယ်သွယ်မိုးမိသားစုတွေ က သရက်က ဘုန်းကြီးကျောင်း တစ်ခုမှာတည်းရင်း နေ့စဉ်လာ တွေ့ကာ အားပေးကြသည်။ ကိုယ်ဝန်ဆောင်အတွက် လိုအပ်တဲ့အား ဆေးတွေ၊ အသုံးအဆောင်တွေ ၀ယ်ပို့ကြသည်။ ထောင်ထဲတွင် လည်း မသွယ်သွယ်မိုးကို ကိုယ် ၀န်ဆောင်တစ်ယောက်မို့ အလုပ် တွေမခိုင်းဘဲ သက်သာသလို နေခွင့်ရခဲ့သည်။

နေရသည်ကတော့ ကလေးမိခင်တွေနှင့် ကျန်းမာရေး မကောင်းသူတွေအတွက် သီးသန့်ထားသည့် အဆောင် မှာ နေရ သည်။ ထောင်ဆရာဝန် ကလည်း တစ်ပတ် တစ်ခါ သရက်ဆေးရုံ ကိုလိုက်ပို့ကာ ကိုယ်ဝန် အတွက် ကျန်းမာရေးဆောင်ရွက်ပေး သည်။

မသွယ်သွယ်မိုးကိုယ်တိုင် လည်း ကလေးကို ဘေးမသီရန် မခမွေးဖွားနိုင်ဖို့ နေ့စဉ်ဘုရားရှိခိုး ဆုတောင်းသည်။ အဂုင်္လိမာလ သုတ်တွေ တတွတ်တွတ်ရွတ် သည်။

သူတစ်ခုခုဖြစ်သွားခဲ့လျှင် မွေးလာမည့်သားကလေး ပို၍ ဒုက္ခ ရောက်တော့မည်ကို တွေးမိသဖြင့် ယခင်လို ငိုမနေတော့ဘဲ ကိုယ့် ကိုယ်ကိုယ် အားတင်းသည်။

ထို သို့နေလာရင်း အောက်တိုဘာ ၃၁ ရက် သန်းခေါင်ကျော် နံနက် ၁ နာရီခန့်မှာတော့ ခါးတွေကိုက်လာခဲ့ သည်။ သမီးကြီးမွေးတုန်းကလည်း ခါးတွေကိုက်ပြီး မွေးဖွားခဲ့တာမို့ ထောင်ထဲက ဆရာမတစ်ဦးကို အသိပေးခဲ့သည်။ နံနက် ၈ နာရီခွဲလောက်မှာတော့ မသွယ်သွယ်မိုးကို သရက်ဆေးရုံသို့ ခေါ်ခဲ့ကြသည်။

သရက် ပြည်သူ့ဆေးရုံကြီး၌ လက်ထိတ်ခြေထိတ်များဖြင့် နေခဲ့ရသည့် မသွယ်သွယ်မိုး


သရက်ဆေးရုံရောက်ပြီး မွန်းလွဲ ၂ နာရီ ၅မိနစ်မှာတော့ မသွယ်သွယ်မိုး သားငယ်လေး ကို ခွဲမွေးပေးခဲ့ကြသည်။ မသွယ်သွယ်မိုးမှာ သွေးတွေလည်းသွန် နေတာမို့ သွေးတစ်ပုလင်းပင် သွင်းခဲ့ရသည်။ကလေးမွေးပြီး ခွဲစိတ်ထား၍ မလှုပ်နိုင်၊ မရှားနိုင် ခုတင်ပေါ်တွင် ပက်လက်ဖြစ်နေသည့် မသွယ်သွယ်မိုးကို တာဝန်ကျရဲဝန်ထမ်းက လက်ထိတ်လာခတ်ခဲ့သည်။

မသွယ်သွယ်မိုး ငိုပါလေတော့ သည်။ မိသားစုဝင်တွေက တောင်းပန်ကြသည်။ ထွက်မပြေးပါဘူး။ မွေးပြီးတာနဲ့ ထောင်ထဲပြန်ဝင်မှာပါဟု ပြောသော်လည်း ရဲဝန်ထမ်း များက တာဝန်အရမို့ လိုက်လျော မပေးခဲ့။

မိခင်ကြီးက မသွယ်သွယ်မိုး အား ကလေးနို့တိုက်ရန်ပြောတော့ မသွယ်သွယ်မိုး ငြင်းဆန်ခဲ့သည်။ ဘယ်လိုမိခင်မျိုးမဆို ကိုယ့်ဝမ်း နှင့် ကိုးလလွယ်၊ ဆယ်လဖွားခဲ့ သည့် သားသမီးကလေးများကို တစိမ့်စိမ့်ကြည့်ကာ ကြည်နူးရင်း နို့ချိုတိုက်ကျွေးချင်ကြမည် ဖြစ် သည်။ မသွယ်သွယ်မိုးလည်း သူ့ သားငယ်ကလေးအား အားအင်အာဟာရ
ဖြည့်စွမ်းဖို့အရေး နို့ချို တိုက်ကျွေးချင်လှသည်။ သို့သော်မသွယ်သွယ်မိုး စဉ်းစားမိသည် က ....

အညွန့်တလူလူ သားလေးကို ထောင်ဆိုသည့် အရိပ်မည်းကြီး မမိုးစေချင်။ ထောင်ဆိုသည့် နေရာက အပြစ်ရှိသူတွေသာ ရောက်ရသည့်နေရာ။ လူ့ဘ၀ထဲ အခုမှ ရောက်လာသည့် မြူတစ်မှုန်မျှပင် အပြစ်မရှိ ဖြူစင်လွန်း လှသည့် သားငယ်ကလေးကို ထောင်ထဲ ဘယ်လိုမှမခေါ်ခဲ့ချင်။ အပြစ်ရှိသည်ဆိုလျှင် သူသာ ထိုအပြစ်ကို ခံယူပါမည်။ သားငယ်ကလေးနှင့် ထိုအပြစ်တွေ ဘာဆိုဘာမျှမဆိုင်။

ထို့ကြောင့် သားငယ်ကလေးကို မိဘတွေနှင့်အတူသာ ထည့်ပေးလိုက်ဖို့ သားကလေး အား နို့ဘူးတိုက်ကာ မွေးပေးဖို့ ထည့်ပေးလိုက်မည်ဟု သူ ဆုံးဖြတ်ချက်ချသည်။

၂၀၁၆ အောက်တိုဘာ ၃၁ ရက် သရက်ပြည်သူ့ဆေးရုံ


ထို့အတွက် ရင်နာနာဖြင့် သားငယ်ကလေးကို မိခင်နို့ မတိုက်ဘဲ ထားလိုက်ရသည်။ အကယ်၍သားငယ်ကလေးကို နို့တိုက်လိုက် မည်ဆိုလျှင် မိခင်နို့ချိုစွဲသွားပါ က မိခင်နှင့်ဝေးသည့်နေရာတစ် ခုတွင် သားကလေးအနေခက်နေ မည်ကို မသွယ်သွယ်မိုး မလိုလား ပါ။

မသွယ်သွယ်မိုးမိဘတွေက တော့ တစ်မျိုးစဉ်းစားသည်။သွယ် သွယ်မိုးလေးမှာ အပြင်မှာကျန်ခဲ့ သည့် အရွယ်ကြီးနေပြီဖြစ်သော သမီးကြီးလေးကိုတောင် စိတ်မချ နိုင် တငိုငိုတရယ်ရယ် ဖြစ်နေခဲ့သည်။ မွေးခါစ ရက်ပိုင်း သာရှိ သေးသည့် သားငယ်လေးကိုသာ သူနှင့်ဝေးရာ ထည့်ပေးလိုက်ရ မည်ဆိုလျှင် သူ့စိတ်တွေ ပို၍ပင် ပန်းရှာ
ရော့မည်။ သွေးနုသားနုဖြင့် စိတ်တွေပို၍ ကယောင်ချောက်ချား ဖြစ်လာနိုင်သည်ဟု တွေးမိကြသည်။

ကိုယ့်မြေးကလေး စောင့်ရှောက်ဖို့ ဘာမျှ ပင်ပန်းဖွယ်မရှိသော်လည်း ကိုယ့်သမီးတစ်ယောက် ထောင်ထဲတွင် စိတ်ဒုက္ခရောက်နေမည်ကို မလို လား။

မသွယ်သွယ်မိုးမှာလည်း တကယ်တမ်း သားငယ်ကလေးကို စိတ်မချနိုင်ပေ။

နောက်ဆုံးတော့ မသွယ်သွယ်မိုး သရက်ထောင်ထဲ သားကလေးပိုက်ကာ ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်သည။်

အထဲခေါ်ခဲ့မည် ဆုံးဖြတ်ပြီးမှ နို့စတိုက်သည်။ မသွယ်သွယ်မိုး မှာ ခွဲစိတ်ထား၍ တစ်ကိုယ်လုံး လှုပ်မရသည်က တစ်ကြောင်း၊ လက်ထိတ်အပြင် ညဘက်တွင် ခြေထောက်ပါ သံကြိုးလာခတ်ခဲ့ ခြင်းကြောင့် ကလေးနို့တိုက်ရ သည်မှာ ခက်ခက်ခဲခဲဖြစ်နေခဲ့ရ သည်။

ဘွားအေက ကလေးအား တစ်စောင်းချီကာ မိခင်နို့နားကပ် ပေးရသည်။ မသွယ်သွယ်မိုးအား လာတွေ့ကြသည့် သမီးကြီးလေး နှင့် ဆွေမျိုးတချို့အား လက်ထိတ် ခြေထိတ် ခတ်ထားတာ မသိရ အောင် စောင်ပိုင်းကလေးဖြင့် မ သွယ်သွယ်မိုးအုပ်ကာ ၀ှက်ထား သည်။

မသွယ်သွယ်မိုးကို လက် ထိတ်ခြေထိတ် ခတ်ထားသည့်ပုံ များ လူမှုကွန်ရက်စာမျက်နှာပေါ် ရောက်သွားချိန် မီဒီယာသမားတွေလည်း ရောက်လာမှ ရဲအရာရှိ အချို့က လာဖြုတ်ပေး ခဲ့ကြသည်။

သို့သော် ခေတ္တခဏသာဖြစ်သည်။ မကြာခဏ ပြန်တပ်ပြန်သည်။ ဆေးရုံဆင်းခါနီး ရက်ပိုင်းအလို ကျမှ လက်ထိတ်ခြေထိတ်များ ဖြုတ်ပေးကြသည်။

ဆေးရုံတွင် ရှစ်ရက်တက်ခဲ့ ပြီးနောက် သားအမိနှစ်ယောက် စလုံး သရက်ထောင်ထဲ ပြန်ရောက်ခဲ့သည်။ သားကလေးအ တွက် မိဘနှင့် အမျိုးသားက လိုအပ်တာတွေ အကုန်ဝယ်ပေးခဲ့ကြသည်။ မိုင်ပေါင်းများစွာ ဝေးသော်လည်း သရက်ထောင်ဆီ မကြာမကြာ လာတွေ့ကြသည်။ ထောင် ထဲမှာလည်း သားကလေးအား မိခင်နို့ တစ်မျိုး တည်းသာ တိုက်ခဲ့ သည်။

သားကလေးအတွက် သောက်ရေကိုလည်း ပြင်ပမှ ရေသန့်ရအောင် ၀ယ်တိုက်ခဲ့ပြီး ကိုယ်တိုင် ကမူ ထောင်ထဲက ရေ ကိုသာ သောက်ခဲ့သည်။ သူတို့ နေသည့် လူ ၃၀ ကျော်ထဲ ရောဂါ သည် တချို့လည်းပါသည်မို့ သား ကလေးဆီ ရောဂါကူးမှာ မသွယ် သွယ်မိုး အင်မတန်စိုးသည်။ သား လေးကို သန့်သန့်ပြန့်ပြန်
ဖြစ် အောင် ထားသည်။ ရေဖတ်တွေ တိုက်ပေးသည်။ ခြင်တို့၊ ပုရွက်ဆိတ်တို့ မကိုက်အောင် အထူးဂရုစိုက်သည်။ သားကလေး ကျန်းမာအောင် သူကိုယ်တိုင်အစ အစားအသောက် ဆင်ခြင်သည်။

ကံကောင်းသည်မှာ သား ကလေးမှာလည်း တစ်ရက်မှ ဖျား တာနာတာမျိုးမရှိခဲ့ပေ။ ထို့အပြင် သားကလေးမှာ ရုပ်ရည်သန့်ပြီး မျက်နှာရွှင်လှတာကြောင့် ထောင် ၀န်ထမ်းများရော အကျဉ်းသူများ ကပါ သားကလေးကို ၀ိုင်းချစ်ကြ သည်။ ချစ်မွေးပါသည့် သား ကလေးကို ကူထိန်းပေးမည့်သူ၊ ရေချိုးပေးမည့်သူ၊ အနှီးလျှော်ပေး မည့်သူတွေအပြည့်။

မသွယ်သွယ် မိုးက သူ့သားကလေးဘ၀ ကောင်း ကောင်းမွန်မွန်ဖြစ်စေရန် ကောင်း ကောင်းဟု ခေါ်ဆိုခဲ့သဖြင့် ထောင်ထဲတွင် ကောင်းကောင်း...ကောင်းကောင်းဖြင့် ရေပန်းစားလှသည်။ ထောင်အရာရှိတွေက လည်း အားပေးကြသည်။ ကလေးမှာ ထောင်အတွင်း မွေးရခြင်း မဟုတ်ဘဲ သရက်ပြည်သူ့ဆေးရုံတွင်သာ ခွဲမွေးခြင်း ဖြစ်သည်။ ကလေးတွင် ဘာအပြစ်မှမရှိ။ တခြားလျှောက်မစဉ်းစားဖို့ အား ပေးသည်။

သားလေးတစ်လပြည့်တော့ ထောင်ထဲမှာပင် တစ်လပြည့် အ ထိမ်းအမှတ်လေးလုပ်နိုင်ခဲ့သည်။ အကျဉ်းသူ ၁၅၀ လောက်ရှိတာမို့ လက်ဖက်ရည်တစ်ခွက်စီနှင့် စမူ ဆာတစ်ခုစီကျွေးနိုင်ခဲ့သည်။

သား ကလေး၏ သာမန်လူ မရနိုင်သည့် အလှူဒါနတစ်ခုမို့ မသွယ်သွယ်မိုး ကြည်နူးရသည်။ ထောင်ခြောက် လ ချခံခဲ့ရသော်လည်း ချုပ်ရက် နှင့် တခြားလျှော့ရက်
တွေကြောင့် သားကလေးရက် ၁၀၀ ပြည့်လျှင် အပြင်ရောက်လောက်မည်ဟု မသွယ်သွယ်မိုးက တွက်ဆခဲ့သည်။ သားလေးရက်တစ်ရာပြည့်ကို ရွာ တွင်ဆွေမျိုးတွေဖြင့် ပျော်ပျော်ကြီး လုပ်လိုက်မည်ဟု ကြိုတွေးထား သည်။ သို့သော် သူ့တွက်ကိန်းအတိုင်း မဖြစ်ခဲ့ပါ။

သားငယ် ကောင်းကောင်းနှင့် အတူ ပျော်ရွှင်နေသည့် မသွယ်သွယ်မိုး


၂၀၁၇ ဖေဖော်ဝါရီ ၂၄ ရက် တွင်မှ မသွယ်သွယ်မိုးတို့ သား အမိတစ်တွေ ပြင်ပလောကကြီး ထဲကို ပြန်ရောက်လာခဲ့သည်။ အပြင်လောကသို့ ရောက်လာခဲ့ချိန်တွင်လည်း သားကောင်း ကောင်းမှာ ရက်တစ်ရာပြည့်ပြီး ၁၆ ရက်တောင် ကျော်လွန် ခဲ့ပြီဖြစ်သဖြင့် မသွယ်သွယ်မိုး မျှော် လင့်ခဲ့သည့် ရက်တစ်ရာပြည့် မလုပ်နိုင်ခဲ့တော့ပေ။

ထောင်ထဲတွင် လူသံမှအပ တခြားအသံတွေ တိတ်ဆိတ်ခဲ့တာ ကြောင့် ကားသံတွေ၊ ဆိုင်ကယ်သံ တွေကြောင့် သားကလေးမှာ သုံး လေးရက်လောက် လန့်လန့်နေခဲ့ သည်။ နောက်ပိုင်းတော့ သားက လေး အထာကျ သွားခဲ့ ရသည်။

ထောင်ကထွက်ပြီးမှ သားကလေး ကို မသွယ်သွယ်မိုးကိုယ်တိုင် နာ မည်အပြည့်အစုံ ပြန်ပေးဖြစ် သည်။ သားလေးတစ်ယောက် ကောင်းမွန်ပြည့်စုံသော ဘ၀ကို ရရှိစေရန် အတိတ်နိမိတ်ဖြင့် ကောင်းပြည့်စုံဟု နာမည်ပေးခဲ့ပါ လေသည်။

လေးတန်းသာအောင်ခဲ့သည့် မသွယ်သွယ်မိုးအနေဖြင့် သမီး ကြီးနှင့် သားငယ်လေးတို့ကို မိမိ တို့ကဲ့သို့ နေပူစပ်ခါးလုပ်ကိုင်မစား ရစေဖို့၊ မိမိတို့လို ဒုက္ခသုက္ခမျိုး တွေ မခံစားရစေဖို့ ပညာတွေ တတ်အောင် လင်ရောမယားပါ ကြိုးစားကြမည်ဟု မသွယ်သွယ်မိုး ကဆိုသည်။ မသွယ်သွယ်မိုး၏ စကားအပေါ် သားငယ်ကလေး ကောင်းပြည့်စုံမှာ အပြည့်အ၀ နားမလည်နိုင်သေးသော်လည်းမိခင်မေတ္တာကို ခံစားမိပုံရသည်။

ပြုံးရွှင်စွာ ရယ်မော
လေသည်။ ကောင်းကောင်းခေါ် ကောင်းပြည့် စုံလေးမှာ တကယ်တမ်းတော့ မိခင်ကို ဒုက္ခပေးခဲ့သူမဟုတ်။ ‘‘သားလေးက ကျွန်မရဲ့ဒုက္ခကို မျှဝေခံစားပေးတဲ့သူ၊ ဘာကိုမှ ဒုက္ခမပေးခဲ့ဘူး။ သားကို တအား ချစ်တယ်’’ဟုပြောရင်း မသွယ် သွယ်မိုးတစ်ယောက် သားငယ်၏ ပါးလေးကို ယုယစွာ နမ်းရှုပ်လိုက် ပါလေတော့သည်။

ဓာတ်ပုံ - ညီညီဇော်

From : 7 day daily - By: ညီညီဇော်

Originally published at - http://www.7daydaily.com/story/92269

No comments:

smy909@gmail.com