နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, March 17, 2017

အမြန်လမ်းတွင် ရှေ့ယာဉ်ကို နောက်ယာဉ်တိုက် နှစ်စီးစလုံး တိမ်းမှောက်




နေပြည်တော် မတ် ၁၆

ရန်ကုန် - မန္တလေး လမ်းမကြီး၏ မိုင်တိုင် အမှတ် ၂၃၀/၀ အနီး နေပြည်တော် ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း အောင်ကြည်မင်း မောင်းနှင်လာသော ADVAN (ခဲရောင်) မော်တော်ယာဉ်သည် ယမန်နေ့နံနက် ၁၀ နာရီခွဲ၌ ရှေ့မှ ယာဉ်မောင်း ဟိန်းထက်အောင် မောင်းနှင်နေသည့် LIGHT TRUCK ယာဉ် နောက်ပိုင်းအား ၀င်ရောက် တိုက်မိ ပြီးနောက် ယာဉ် (၂) စီးလုံးမှာ လမ်းယာဘက် မြေသား လမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်ကြောင့် ADVAN ယာဉ်ပေါ်မှ တစ်ဦးနှင့် LIGHT TRUCK ယာဉ်ပေါ်မှ (၂) ဦးပေါင်း (၃) ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား ဘုရားတောင် အမြန်လမ်းရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

ထို့ပြင် ယမန်နေ့ညနေ ၅ နာရီခွဲကလည်း အမြန်လမ်း၏ မိုင်တိုင်အမှတ် ၂၈၁/၇ နှင့် ၂၈၂/၀ အကြား မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ဦးစိန်ဝင်း မိတ္ထီလာမြို့နယ် အိုင်စောက်ကျေးရွာ မူလတန်းကျောင်းအုပ် တစ်ဦးတည်းသော မောင်းနှင်လာသော နယူးဇင်းနစ် ၁၁၀ ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်၌ တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်ကြောင့် ဦးစိန်ဝင်းမှာ နဖူးယာဘက်ပေါက်ပြဲ၊ ညာမျက်ခွန်ပွန်းပဲ့၊ နှာခေါင်း ပွန်းပဲ့၊ ခြေသလုံးပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။

သို့ပါ၍ ၎င်းတို့အား သက်ဆိုင်ရာ အမြန်လမ်းရဲတပ်ဖွဲ့စခန်းများမှ အမှုဖွင့်အရေး ယူထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

သန်းဦး(လေးမျက်နှာ)

ဓာတ်ပုံ- (အမြန်လမ်းရဲတပ်ဖွဲ့)

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com/2017/03/blog-post_795.html

No comments:

smy909@gmail.com