နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Tuesday, March 21, 2017

ရေကူးတတ်ကြောင်း သက်သေပြဖို့ ကွာကာ တိရစ္ဆာန်ငယ်ကို ရေထဲပစ်ချသူ ဒေါ်လာ ၂ ထောင် ဒဏ်ရိုက်ခံရ




အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးကြတဲ့ ကွာကာခေါ် တိရစ္ဆာန်ငယ်လေး တစ်ကောင်ကို ရေထဲ ပစ်ချသူ နယူးဇီလန် သတ္တဗေဒ ပညာရှင် တစ်ဦးဟာ တိရစ္ဆာန် ညှဉ်းဆဲမှုနဲ့ ဒေါ်လာ ၂ ထောင် ဒဏ်ရိုက် ခံလိုက် ရပါတယ်။

နယူးဇီလန်နိုင်ငံ၊ ခရစ်ချာ့ခ်ျမြို့မှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် သတ္တဗေဒ ပညာရှင် ဘီဗန် ဒင်းနစ် ဟမ်းမက်စ် ဆိုသူဟာ ကွာကာ ရေကူးတတ်ခြင်း ရှိ၊ မရှိ စမ်းသပ်ဖို့ ဆိပ်ကမ်းကနေ ပြစ်ချခဲ့တာဖြစ်ပါတယ်။

ကွာကာရဲ့ မူလဒေသက သြစဆြေးလျ အနောက်ဘက် ကမ်းခြေ တလျှောက် ဖြစ်ပါတယ်။ ကွာကာတွေရဲ့ မျက်နှာဟာ အမြဲပြုံးနေသလို ရှိတာကြောင့် လူချစ်လူခင် များပါတယ်။

မင်္ဂလာဆောင် တစ်ခုကို သွားရောက်ရင်း ကွာကာတွေဟာ ရေကောင်းကောင်း ကူးတတ်တယ်လို့ သက်သေပြဖို့အတွက် ဆိပ်ကမ်းကနေ ပြစ်ချခဲ့တာပါ။



ဟမ်းမက်စ်ရဲ့ ရှေ့နေကတော့ ဟမ်းမက်စ်ဟာ ကန်တာဘာရီ တက္ကသိုလ်ကနေ သတ္တဗေဒနဲ့ ကျောင်းပြီးထားသူ ဖြစ်တဲ့အတွက် တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ကောင်းကောင်းရှိပါတယ်လို့ ကာကွယ် ပြောဆိုပါတယ်။

လူချစ်များပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် လူကြိုက်များတဲ့ ကွာကာ တစ်ကောင်ကို ရေထဲပစ်ချမှုကြောင့် ဟမ်းမက်စ်သာမက သူ့မိသားစုပါ တိရစ္ဆာန် ချစ်သူတွေရဲ့ ခြိမ်းခြောက်မှုတွေ ခံနေရပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/international-news/32345/

No comments:

smy909@gmail.com