နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, March 08, 2017

ကုမုဒြာ ဗေဒင် ၇-၃-၂၀၁၇ မှ ၁၃-၃-၂၀၇




တနင်္ဂနွေနေ့ မွေးသူများ

အနှောင့်အယှက် အတိုက်အခံအားလုံးကိုကျော်လွှား၍ အလုပ်စီးပွားများကို အကောင်အထည်ဖော်နိုင်မည်။ အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများ တာဝန်ယူဆောင်ရွက် ရလိမ့်မည်။ ငွေကြေးဥစ္စာစီးပွား တိုးပွားမည်။ အမည် အတွင်း တနင်္လာနံ၊ စနေနံအတွဲများပါသော ထွန်းကျော်၊ ခိုင်ခိုင်နွယ် အစရှိသူများနှင့် ပတ်သက်၍ ကောင်းသော အကျိုးဆက်များ ဖြစ်မည်။ အပျက်အစီး အပျောက်အရှ များမည်။ သံယောဇဉ်မထားသင့်သူအားထားခြင်း ၊ အချစ်မှားခြင်းများ ဖြစ်မည်။

ယတြာ ။ ။ ခရမ်းရောင်သစ်ခွပန်းများ မိမိနံဘေးတွင် စိုက်ပျိုးထားရှိပါ။

တနင်္လာနေ့ မွေးသူများ

ငွေကုန်ကြေးကျများမည်။ ကာလအတန်ကြာ စုဆောင်းထားသောငွေများကို တစ်ပြိုင်နက် အသုံးချရခြင်း ကြုံမည်။ ကိုယ့်အတွက် ကုန်ကျခြင်း မဟုတ်။ အလေအလွင့် အပျောက်အရှ များမည်။ တစ်ပါးသူကတိပျက်၍ ဆောင်ရွက်ရသောကိစ္စများ ပျက်ယွင်းမည်။ ဘီးနှစ်ဘီးပါသော ယာဉ် ပစ္စည်း လာရောက် ပေါင်နှံအပ်နှံခြင်းများပြုက လက်မခံရ။ ရွှေလိမ်ခံရတတ်သည်။ လူလိမ်လူ ညာများနှင့် ဆက်တိုက်တွေ့ရတတ်သည်။

ယတြာ ။ ။ စတီးပန်းအိုး အတွင်း အရောင်မတူ ကျောက်စရစ်ခဲ နှစ် ခဲထည့်ပြီး ကာနေးရှင်းရောင်စုံထိုးပါ။

အင်္ဂါနေ့ မွေးသူများ

သီးသန့်တစ်ဦးတည်း မည်မျှနေလိုသည်ဖြစ်စေ နေလို့မရဖြစ်မည်။ ဧည့်ခံပွဲများသို့ တက်ရောက်သွားလာရခြင်းများရှိမည်။ ဘာသာရေးပွဲများ သွားရောက်ရမည်။ အိမ်မွေး သတ္တဝါတို့အတွက် စိတ်သောက ဖြစ်ရတတ်သည်။ ထူးခြားသောလုပ်ငန်းတာဝန်များ လက်ခံဆောင်ရွက်ရမည်။ မမျှော်လင့်ဘဲ နာမည်ကောင်း ရခြင်းများ ဖြစ်ပေါ်မည်။ ပညာရေးကိစ္စတွင်လည်း ထင်ရှားသော အောင်မြင်မှုများ ဖြစ်ပေါ်မည်။ စနေနံ (ထီး၊ ဖိနပ်၊ အ ဝတ်၊ ဦးထုပ်) များ ကျန်ရှိက ချက်ချင်းပြန်ယူပါ။

ယတြာ ။ ။ ငါးရုပ်ပုံ မျက်နှာသုတ်ပဝါတစ်ထည် ဝယ်ယူသုံးစွဲပါ။

ဗုဒ္ဓဟူးနေ့ မွေးသူများ

အတိုက်အခံများ၊ အနှောင့်အယှက်များကြားမှ ရည်ရွယ်ချက် အလုံးစုံတို့ကို ဖန်တီးနိုင်စွမ်းရှိမည်။ အခက်အခဲများကြားမှ အောင်မြင်မှုအဆင့်ဆင့် ဖြစ်ပေါ်မည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ တစ်ပါးသူကိစ္စများ လိုက်လံဆောင်ရွက်ရင်း မိမိအတွက် စိတ်အနှောင့်အယှက်များ၊ ရန်အတိုက်အခံ များနှင့် ကြုံတွေ့မည်။ စနေနေ့မွေးသောသူများ ကောင်းလျှင် အလွန် ကောင်းသလိုဆိုးလျှင် အလွန်ဆိုးသည်။ အလုပ်အကိုင်များ အထင်အရှား အဆင်ပြေမည်။ ဗုဒ္ဓဟူးနေ့မွေးသူများမှ ထူးခြားသော အထောက်အကူ များ ဖြစ်လိမ့်မည်။

ယတြာ ။ ။ လေတိုက်လျှင် လည်ပတ်နေသောစကြာပုံဝယ်ယူပြီး အိမ်ရှေ့ ဝန်းကျင်တွင်ထားရှိပါ။

ရာဟု (ဗုဒ္ဓဟူးမွန်းလွဲ) မွေးသူများ

မိသားစုအလုပ်စီးပွားများ ထူးခြားစွာတိုးတက်မည်။ အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စများကို ဆောင်ရွက်အောင်မြင်ခြင်းနှင့် အလိုဆန္ဒ ရည်မှန်းချက်တို့ ပြည့်ဝအောင် ဖန်တီးနိုင်မည်။ မြောက်အရပ်၊ အရှေ့မြောက် အရပ်တို့နှင့် ဆက်နွှယ်၍ ဆောင်ရွက်သော ကိစ္စရေးရာအဖြာဖြာတွင် ကောင်းသောအကျိုးဖြစ်ထွန်းခြင်းနှင့် အလိုပြည့်စုံခြင်းရှိမည်။ အသက်အရွယ် ကြီးရင့်အိုမင်းသော သံဃာတစ်ပါးကြွရောက် အလှူခံလိမ့်မည်။ အလွန်ကောင်းသောနိမိတ်ဖြစ်ပေရာ တတ်အား သမျှ အလှူဒါနပြုပါ။

ယတြာ ။ ။ ကျောက်စရစ်ခဲ ခြောက်ခဲကို ရွှေရောင်သုတ်၍ ယွန်းဘူး တစ်ခုအတွင်း ထည့်ထားခြင်းပြုပါ။

ကြာသပတေးနေ့ မွေးသူများ

အမှုအခင်းပြဿနာအခက်အခဲများ ကြုံတွေ့နိုင်သည်။ ဒုက္ခရောက်နေသော ကြာသပတေးနေ့မွေးသူများနှင့် ကြုံရမည်။ လိမ်ညာလှည့်စားသော ဗုဒ္ဓဟူးနေ့မွေးသူ၏ ဒုက္ခပေးခြင်းကို ကြုံရပေမည်။ ကြားဝင်တာဝန်ယူ အာမခံထားသည့် ကိစ္စများတွင် မျက်နှာပျက်စရာအကြောင်းများနှင့် စိတ်ပျက်ရခြင်းမျိုး ရှိသည်။ အိုးအိမ်အသစ်၊ နေရာထိုင်ခင်းအသစ် ပြုပြင် တိုးချဲ့ ပိုင်ဆိုင်ရရှိပေအံ့။ ခြံ၊ ကား၊ အခန်းနှင့်ပတ်သက်၍ စကားများ ဖြေ ရှင်းရမည်။ စက်ပစ္စည်းများကို သတိနှင့် ဆောင်ရွက်ပါ။

ယတြာ ။ ။ မြေပန်းအိုးအတွင်း ထိကရုန်းပင်အလှ စိုက်ပျိုးထားပါ။

သောကြာနေ့ မွေးသူများ

မိတ်ကောင်းဆွေကောင်း အထောက်အကူရမည်။ စုပေါင်းလုပ်ငန်း အကျိုးပေးမည်။ အလုပ်မရှိသူ အလုပ်ရခြင်း၊ စီးပွားဖြစ်ထွန်းခြင်းများ ဖြစ်ပေါ်မည်။ အခက်အခဲ များကို ကျော်လွှားနိုင်မည်။ စိတ်ဓာတ် တက်ကြွနေမည်။ ငွေဗကြး အကုန်အကျ များမည်။ ငွေကြေးအတွက် စကားများရတတ်သည်။ ရွှေထွက်ကိန်းရှိသည်။ လူဝင်လူထွက် ရှုပ်ထွေးမည်။ ခြေလေးချောင်း သတ္တဝါဝင်က လူထွက်ကိန်းရှိသည်။ အကြီးအကဲ ဆရာသမားများ၏ အထင်လွဲခံရမည်။ အချစ်ရေး၊ မေတ္တာရေးတွင် အရှုပ်အထွေးများ ကြုံ နိုင်သည်။

ယတြာ ။ ။ အုန်းပင်တစ်ပင်ကို ကျောမှီပြီး ကိုယ်တိုင်ဓာတ်ပုံရိုက်၍ ဆောင်ပါ။

စနေနေ့ မွေးသူများ

ဦးတည်ချက်ပြောင်း၍ ဆောင်ရွက်သောကိစ္စများမှ ထူးခြားသော အောင်မြင်မှုများ ရလာမည်။ ရန်အနှောင့်အယှက်အားလုံးကို ကျော်လွှား၍ အလိုဆန္ဒမှန်သမျှ ပြည့် ဝအောင် ဆောင်ရွက်နိုင်မည်။ ယာဉ်၊ ကားမောင်း နှင်မှုများ သတိရှိရမည်။ ရွှေအဝင်မတော်၊ မြေပေါင်ခံခြင်း၊ ရွှေပေါင်ခြင်းများ လက်မခံရ။ အလိမ်အညာခံရတတ်သည်။ အရှေ့မြောက်အရပ်မှ ကောင်းသောသတင်းစကား ရရှိမည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ခြံ၊ မြေ အဝင်မတော်။

ယတြာ ။ ။ သစ်သီးကိုးလုံးကို နေအိမ်အရှေ့အရပ်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းသို့သွားရောက်လှူဒါန်းပါ။



ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်။

စံ- ဇာဏီဘို (ဖုန်း-၆၄၁၆၃၉)

From : ကုမုဒြာဂျာနယ် by စံ- ဇာဏီဘို

Originally published at - http://www.kumudranews.com

No comments:

smy909@gmail.com