နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Monday, March 06, 2017

လောက်ကိုင် ပစ်ခတ်မှုများ အတွင်း မူလတန်းပြ ဆရာမတဦး သေဆုံး




ကိုးကန့် ဒေသ လောက်ကိုင် မြို့နယ်တွင်း ဖြစ်ပွားနေတဲ့ ပစ်ခတ် မှုတွေကြောင့် မူလတန်းပြ ကျောင်း ဆရာမ တဦး သေဆုံး သွားတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ် လူမှု ကွန်ရက်မှာ သတင်း ထုတ်ပြန် ပါတယ်။

သေဆုံးသွားသူဟာ လောင်အဲချီ အမကကျောင်းက မူလတန်းပြဆရာမ ဒေါ်ပြာမှီဖြစ်ပြီး ဒီကနေ့မနက် ၂ နာရီလောက်က ထိခိုက်သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ဆရာမ ဒေါ်ပြာမှီရဲ့ လသားကလေးငယ်နဲ့ ကျန်ရစ်သူမိသားစုအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ထောက်ပံ့ကူညီသွားမယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/193099

No comments:

smy909@gmail.com