နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Saturday, March 18, 2017

မိုးလေဝသ ခန့်မှန်းချက် ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့ အထိ




ဘင်္ဂလား ပင်လယ်အော် အခြေ အနေ

ကပ္ဗလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာတိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကျန်ဒေသတွေမှာတိမ်အနည်းငယ် ဖြစ်ထွန်း နိုင်ပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအသင့်အတင့်ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့်နှစ်ပေမှ လေးပေခန့်အထိ ရှိနိုင်ပါတယ်။

နေ့အပူချိန်များအခြေအနေ

နေ့အပူချိန်တွေဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ရှမ်းပြည်နယ် (တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ၂၂ ဒီဂရီစင်တီ ဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း အနောက်မြောက်ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်းနဲ့ ဧရာဝတီတိုင်း မြောက်ပိုင်းတို့မှာ ၃၉ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရီစင်တီဂရိတ် ကျန်ဒေသတွေမှာ ၃၁ ဒီဂရီ စင်တီဂရိတ်မှ ၃၈ ဒီဂရီ စင်တီဂရိတ် အထိရှိနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ တစ်ပြည်လုံးမှာ ခရမ်းလွန်ရောင်ခြည်အညွန်းကိန်းလွန်ကဲ အဆင့်တွင်ရှိနေနိုင်ပါတယ်။

မိုးရွာသွန်းမှု အခြေအနေခန့်မှန်းချက် ကချင်ပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)နဲ့ တနင်္သာရီတိုင်းဒေသ ကြီးမှာနေရာကွက်ကျား မိုးရွာနိုင်ပြီး၊ ကျန်ဒေသတွေမှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။

From : ကုမုဒြာဂျာနယ် by ဒေါက်တာထွန်းလွင်

Originally published at - http://www.kumudranews.com

No comments:

smy909@gmail.com