နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Sunday, March 05, 2017

YBS ယာဉ်စီးခ ပေးချေတဲ့ ကတ်စနစ်ကို ဧပြီလမှာ စတင်နိုင်ဖွယ်ရှိ




ရန်ကုန်၊ မတ်၅

ငွေပေးချေတဲ့ ကတ်စနစ်ကို ဧပြီလမှာ စတင်နိုင်ဖို့ စီစဉ်နေပြီး ငွေပေးချေတဲ့ ကတ် ထုတ်လုပ် ချင်သူ အားလုံးကို ထုတ်လုပ်ခွင့် ပေးမှာ ဖြစ်တယ်လို့ YRTA က သိရတယ်။

ကတ်အားလုံးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရဆီမှာ မှတ်ပုံတင် ရပါမယ်။ အဲသည် ကတ်ကို အသုံးပြုတဲ့ နေရာမှာ ဘတ်စ်ကား အတက်မှာ တစ်ကြိမ်ဖြတ် ရမှာ ဖြစ်သလို ဆင်းတဲ့ မှတ်တိုင် အရောက်မှာ တစ်ကြိမ်ဖြတ် ရပါမယ်။

အဲဒါကြောင့် ခရီးစဉ် အကွာ အဝေး အလိုက် ကျသင့်တဲ့ ယာဉ်စီးခနှုန်းထား အတိုင်းဖြတ် သွားမှာ ဖြစ်တယ်။ အဆင်းမှာ မဖြတ်မိရင်တော့ ပုဒ်ပြတ်ဈေး အတိုင်း ယူလိုက်မှာ ဖြစ်တယ်။

ပုဒ်ပြတ်ဈေးနှုန်းနှစ်ရာကျပ် သတ်မှတ်ရင်နှစ်ရာဖြတ်မှာပါ။ ငွေပေးချေတဲ့ ကတ်ဟာ သင်္ဘောစီးခ၊ ရထားစီးခ၊ ဈေးဝယ်တာနဲ့ အခြားငွေပေးချေတဲ့ လုပ်ငန်းတွေမှာပါ အသုံးပြုနိုင်မှာပါ။

လက်ရှိဘတ်စ်ကားခနှုန်းထားတွေကို မြို့တွင်း ပတ်လမ်းတွေမှာ တစ်ရာကျပ်နဲ့ အခြားယာဉ်လမ်း ဘတ်စ်တွေမှာနှစ်ရာကျပ် ပုဒ်ပြတ် သတ်မှတ် ထားတာဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by အောင်ထွန်းဦး

Originally published at - http://www.kumudranews.com

No comments:

smy909@gmail.com