နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, April 19, 2017

ကချင်နှင့် စစ်ကိုင်းအထက် မိုးကြီးပြီး မြေပြိုနိုင်ဟု ဦးထွန်းလွင် သတိပေး




ကချင် ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက် ပိုင်းမှာ မိုးကြီးပြီး ရုတ်တရက် ရေကြီးမယ်။ မြေပြို နိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က သတိပေး လိုက်ပါတယ်။

အခုက စပြီး နောက် ၃၆ နာရီ အတွင်း အဲဒီ ဖြစ်စဉ်တွေ ဖြစ်ပွား နိုင်တာ ဖြစ်တယ်။ မြန်မာပြည် မြောက်ပိုင်းမှာ လေဖိအားနည်း ချိုင့်ဝှမ်း ဖြတ်သန်းတဲ့ အတွက် မိုးကြီး မယ်လည်း ဦးထွန်းလွင်က သူ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြ ပါတယ်။

“မိုး အရှိန်ကြောင့် မြေပြိုခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ တောင်ကျ ချောင်းရေ ကျဆင်းခြင်းတို့ ဖြစ်ပေါ်နိုင် ပါတယ်။ မိုးနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုး ပစ်ခြင်း၊ မိုးသီးကြွေခြင်း တို့ပါ ဖြစ်ပေါ်နိုင် သဖြင့် ဒေသခံများ အနေဖြင့် သတိပြု နေထိုင်ကြရန် နှိုးဆော် အပ်ပါတယ်။

ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ များလည်း မြင့်တက် လာနိုင်သဖြင့် မြစ်ကြီးများ သာမက မြစ်အငယ်နှင့် ချောင်းများ အနီး ပတ်ဝန်းကျင်တွင် နေထိုင်သူများ အနေဖြင့် ရုတ်တရက် ရေများမြင့်တက် လာမှုကို သတိပြုနေထိုင် ကြပါရန် နှိုးဆော် အပ်ပါတယ်။”

မိုးလေ၀သဌာနရဲ့ ဧပြီ တတိယ ၁၀ ရက်ပတ် ထုတ်ပြန်ချက်မှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် မိုးပိုရွာနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/201942

No comments:

smy909@gmail.com