နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, April 21, 2017

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တွင် မိုင်းရှာဖွေရေး တာဝန်ထမ်းဆောင်မည့် ရမ်ဘို


ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တွင် မိုင်းရှာဖွေရေး တာဝန် ထမ်းဆောင်မည့် ရဲခွေး လိမ္မာ ရမ်ဘို


ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ မိုင်းရှင်း တပ်စုမှာ မိုင်းရှာဖွေရေး တာဝန်တွေကို ထမ်းဆောင်ရင် သင်္ကြန်တွင်းမှာ သေဆုံးသွားတဲ့ တပ်ကြပ်ကြီး အဆင့်ရှိ ခွေးကလေး မိုက်ကယ် အစား တပ်သား ရမ်ဘိုက တာဝန် ထမ်းဆောင် မယ်လို့ ရန်ကုန် ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန် ပါတယ်။

အသက် ၁ နှစ်ခွဲအရွယ်ရှိ လက်ဘရော အမျိုးအစား တပ်သား ရမ်ဘိုဟာ အမှတ်(၁) စစ်ဘက်ရေးရာ လုံခြုံရေး အတတ်သင်ကျောင်းမှာ မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေရေး သင်တန်း တက်ရောက် ခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က သင်တန်းဆင်းကာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုမှာ တာဝန် ထမ်းဆောင်နေ တာလို့ ဆိုပါတယ်။

တပ်သား ရမ်ဘိုဟာ ရန်ကုန်အခြေစိုက် အမေရိကန်နဲ့ ပြင်သစ်သံရုံးတွေမှာ ကျင်းပတဲ့ အခမ်းအနားတွေမှာ မိုင်းရှင်းလင်းရေးတာဝန်တွေယူခဲ့သလို ဘောလုံးအကယ်ဒမီကျောင်း ဖွင့်ပွဲအခမ်းအနား၊ ၂၀၁၇ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးပေးပွဲအခမ်းအနားနဲ့ ၂၀၁၇ မဟာသင်္ကြန်ပွဲတော်မှာ မိုင်းရှင်းလင်းရေး တာဝန်တွေ ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/202364

No comments:

smy909@gmail.com