နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, April 21, 2017

မိုးသည်းထန် လေပြင်း တိုက်ခတ်နိုင်ဟု ဒေါက်တာ ထွန်းလွင် သတိပေး




ချင်း ပြည်နယ်ကို အနောက် ဘက်မှ လေပွေလှိုင်း တစ်ခု စတင် ဖြတ်သန်း နေတဲ့ အတွက် မိုးသည်း ထန်ပြီး လေပြင်း တိုက်နိုင် တယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဒီကနေ့ မနက်က သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။

လေပွေလှိုင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေအထိ ဆက်လက်ရွေ့သွားနိုင်တယ်လို့လည်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

မိုးဇလဌာနကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်၊ မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသတွေ တိမ်အနည်းငယ် ဖြစ် ထွန်းနေတယ်လို့ ဒီမနက် ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာခဲ့တယ်လို့လည်း ဆိုပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/202369

No comments:

smy909@gmail.com