နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, April 21, 2017

မိုးညှင်းတွင် ၁၅ နှစ်အရွယ် ကလေးမအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး




ကချင် ပြည်နယ်၊ မိုးညှင်း မြို့နယ်၊ မိုင်းနောင် ကျေးရွာမှာ ဧပြီ ၁၉ ရက်မနက် ၆း၃၀ အချိန်က အသက် ၁၅ နှစ် အရွယ် ကလေးမအား အလို မတူဘဲ အဓမ္မပြုကျင့် ခဲ့သူကို မိုးညှင်း ရဲစခန်းက ဖမ်းဆီး လိုက်ပါတယ်။

အခင်းဖြစ်ပွားတဲ့ နေ့က ပြုကျင့် ခံရတဲ့ မ—- အသက် ၁၅ နှစ်ဟာ သူ့ အဒေါ်ဖြစ်သူ ဒေါ်ခေါန်နူးက အိမ်ဆောက် ပစ္စည်း ၀ယ်ဖို့ ခိုင်းစေ တာကြောင့် လက်သမား ဖြစ်သူ ဖိုးတုတ်နဲ့ အတူ ဆိုင်ကယ်နဲ့ မိုင်းနောင်ဈေးကို ထွက်လာ ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖိုးတုတ်က ဆိုင်ကယ်ကို မိုင်းနောင်ဈေးမှာ မရပ်ပဲ မမုန်ကိုင်ရွာနဲ့ မိုင်းနောင် ရွာကြားရှိ တောထဲ ခေါ်သွားပြီး ခြုံပုတ် တခုအတွင်းမှာ အလိုမတူဘဲ သားမယား အဖြစ် တစ်ကြိမ်ပြုကျင့် ခဲ့ကြောင်း ကျူးလွန် ခံရတဲ့ ကလေးမက လုံးတုံ ရဲစခန်းမှာ တိုင်ကြား ခဲ့တယ်လို့ သိရပါတယ်။

ကလေးမရဲ့ တိုင်ကြားချက်အရ ဖိုးတုတ် (ခေါ်) သက်နိုင်ဦး ၂၁ နှစ်ကို လုံးတုံရဲစခန်းက အမှုစစ် ရဲအုပ် ဗျက်ဆန်း က(ပ)၁၇/၁၀၁၄ ပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်ကာ ဖမ်းဆီး အရေးယူဆောင်ရွက်နေ ကြောင်း သိရပါတယ်။

သတင်း၊ဓာတ်ပုံ – မုန်းမုန်းမင်း

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/202269

No comments:

smy909@gmail.com